#World_Health
Published 22 September 2025

▪️ ဆီးထဲမှာ ပါဝင်မှုပစ္စည်းတွေ များလာတဲ့အခါ ပူးကပ်ခဲသွားရာကနေ ကျောက်ကပ်ထဲမှာ သတ္တုနဲ့ ဆားတွေ အနည်ထိုင်လာပါတယ်။

▪️ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပြီး ဆီးလမ်းကြောင်းထဲ ဖြတ်သန်းတဲ့အခါ အလွန်နာကျင်ရပါတယ်။

▪️ အချို့သော အစားအစာတွေက ကျောက်ဖြစ်နိုင်ခြေ များစေတာကြောင့် ကျောက်ကပ်ကျောက်တည်သူများ ရှောင်ရှားသင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။

▪️ (၁) ဟင်းနုနွယ် - အောက်ဆဲလိတ်ဓာတ် ပါဝင်မှုများကာ ကျောက်ကပ်ထဲမှာ ကယ်စီယံနဲ့ပေါင်းပြီး အောက်ဆဲလိတ်ကျောက်တွေ ဖြစ်နိုင်ပါတယ်။

▪️ (၂) သကြားမုန်လာ - သူ့မှာလည်း အောက်ဆဲလိတ်ပါဝင်မှု မြင့်မားကာ ကယ်စီယံအောက်ဆဲလိတ်ကျောက် ဖြစ်နိုင်သူတွေအနေနဲ့ ရှောင်ရှားသင့်ပါတယ်။

▪️ (၃) အခွံမာသီးနဲ့ အစေ့များ - ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အောက်ဆဲလိတ်မြင့်မားပြီး အစားများသွားရင် ကျောက်ပြန်ဖြစ်နိုင်ခြေ ရှိပါတယ်။

▪️ (၄) ချောကလက် - သူ့မှာလည်း အောက်ဆဲလိတ်များကာ အလွန်အကျွံစားမိရင် ကျောက်တည်နိုင်သူတွေအတွက် အန္တရာယ်ရှိပါတယ်။

▪️ (၅) အကြမ်းခြောက် - လက်ဖက်အကြမ်းရည်မှာ အောက်ဆဲလိတ် အလွန်များပြားတာကြောင့် များများသောက်ရင် ကျောက်ဖြစ်နိုင်ပါတယ်။

▪️ (၆) အသားကြီး - ပျူရင်းဓာတ်မြင့်မားစွာ ပါဝင်ပြီး ခန္ဓာကိုယ်ထဲက ယူရစ်အက်ဆစ်များစေကာ ယူရစ်အက်ဆစ်ကျောက်တွေ ဖြစ်စေနိုင်ပါတယ်။

▪️ (၇) ဆိုဒီယံများသောထုပ်ပိုးစားစရာများ - ဒီလိုစားစရာတွေမှာ ဆိုဒီယံပါဝင်မှုမြင့်မားကာ ဆီးထဲမှာ ကယ်စီယံပိုမိုစွန့်ထုတ်စေသဖြင့် ကယ်စီယံကျောက် ဖြစ်စေနိုင်ပါတယ်။

▪️ (၈) အချိုရည်များ - ဖော့စ်ဖရစ်အက်ဆစ်ပါဝင်တဲ့အတွက် ယူရစ်အက်ဆစ်များစေသလို ဆီးပမာဏနည်းပါးကာ ကျောက်ဖြစ်နိုင်ခြေရှိပါတယ်။

▪️ (၉) ရူဘတ် - အောက်ဆဲလိတ်ကြွယ်ဝကာ စူးရှတဲ့အချဉ်ဓာတ်က ကျောက်ကပ်မှာ ကျောက်ဖြစ်စေနိုင်ပါတယ်။

▪️ (၁၀) ဗိုက်တာမင်-စီဖြည့်စွက်စာ - ဗိုက်တာမင်စီများရင် ခန္ဓာကိုယ်ထဲမှာ အောက်ဆဲလိတ်အဖြစ် ပြောင်းလဲသွားကာ အောက်ဆဲလိတ်ကျောက်များ ဖြစ်နိုင်ခြေများစေပါတယ်။

Source: DoctorNDTV.