#World_Science
Published 19 October 2025

▪️ WISPIT 2b လို့ခေါ်တဲ့ ဂြိုဟ်ဖြစ်လာနိုင်တဲ့ အရာဝတ္ထု အစိုင်အခဲကြီးဟာ ကြယ်လေးတစ်ခုကို လှည့်ပတ်နေတဲ့ လက်စွပ်ပုံစံအပေါက်ကြီးထဲမှာ နစ်မြုပ်နေတာကို သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။

▪️ ယခင်က ဒီလိုမျိုးကို ယူဆချက်သာရှိခဲ့ပေမယ့် တကယ်တမ်းတွေ့ရှိတာက ယခုပထမဆုံး ဖြစ်ပါတယ်။

▪️ WISPIT 2b ဟာ အရာဝတ္ထုတွေ စုပြုံလာလျက်ရှိပြီး ဂြိုဟ်တစ်ခုအဖြစ် ကြီးထွားနေတာကြောင့် ရှေ့ပြေးဂြိုဟ်လို့ သတ်မှတ်ကြပါတယ်။

▪️ အဆိုပါ ဧရာမရှေ့ပြေးဂြိုဟ်ကြီးက ဂျူပီတာဂြိုဟ်ထက် ၅ ဆလောက်ပိုကြီးကာ သက်တမ်းနှစ်သန်းခန့်ရှိပြီး ကမ္ဘာဂြိုဟ်ကနေ အလင်းနှစ် ၄၃၇ နှစ်ခန့် ကွာဝေးပါတယ်။ 

▪️ WISPIT 2b က သူ့ကိုရှာတွေ့တဲ့ နေရာမှာပဲဖြစ်ပေါ်ခဲ့ဟန်ရှိပြီး အခြားနေရာမှာဖြစ်ပေါ်ကာ ကြားပေါက်ထဲရွေ့သွားတာမျိုး မဟုတ်ပါဘူး။

▪️ WISPIT 2b ကို ချီလီနိုင်ငံမြောက်ပိုင်းမှ VLT-SPHERE တယ်လီစကုပ်ဖြင့် ပထမဆုံး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

▪️ ဒီနောက် MagAO-X ကိရိယာဖြင့် နောက်ထပ်တိုက်ရိုက်ပုံရိပ်များ ဖမ်းယူရရှိခဲ့ပါတယ်။

▪️ WISPIT 2b အပြင် ကြားပေါက်ကြီးထဲမှာ နောက်ထပ်ပုံရိပ်တစ်ခုလည်း တွေ့ရှိခဲ့ရာ အနာဂတ်ရဲ့ နောက်ထပ်ဂြိုဟ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

▪️ WISPIT 2b ကို အရီဇိုးနားတက္ကသိုလ်မှ အာကာသပညာရှင် လတ်ဒ်ကလို့စ်နဲ့ ရစ်ချယ်ဗန်ကာပယ်ဗင်း ဦးဆောင်တဲ့အဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Source: NASA