#World_Science
Published 19 October 2025
■ လွန်ခဲ့တဲ့နှစ်ပေါင်း ၂.၃ ဘီလီယံလောက်က ကမ္ဘာပေါ်မှာ ရှေးခေတ် အဏုဇီဝပိုးကောင်များ ရှင်သန်ခဲ့ပြီး တိရိစ္ဆာန်တွေ၊ အပင်တွေ၊ လူသားတွေရယ်လို့ မရှိခဲ့ပါဘူး။
■ အောက်ဆီဂျင်ထုတ်လုပ်တဲ့ ဆိုင်ယာနိုဘက်တီးရီးယားတွေက အကြီးအကျယ်ဓာတ်တိုးခြင်းဖြစ်ရပ် (GOE)ဖြစ်စေခဲ့ပြီး လေထုအောက်ဆီဂျင် ထုတ်ပေးခဲ့ကာ ယခုကမ္ဘာကြီး ဖြစ်လာစေပါတယ်။
■ ရှေးခေတ်အဏုဇီဝသက်ရှိတွေအတွက်တော့ အောက်ဆီဂျင်က အဆိပ်အတောက်ဖြစ်စေခဲ့သလို အလိုက်သင့်ပြောင်းလဲပြီး အသက်ရှင်ကျန်ခဲ့ပါတယ်။
■ သံဓာတ်ကြွယ်ဝတဲ့ ဂေဟစနစ်တွေက အဓိကပါဝင်ခဲ့ပြီး ဂျပန်မှ ရေပူစမ်းတွေထဲ ရှိနေတယ်လို့ တိုကျိုသိပ္ပံတက္ကသိုလ်မှ သုတေသနပြုလုပ်ခဲ့ပါတယ်။
■ သုတေသီပရော်ဖက်ဆာနှစ်ဦးက ဂျပန်မှာ ဖဲရပ်စ်သံဓာတ်ကြွယ်ဝပြီး အောက်ဆီဂျင်နည်းတဲ့ ရေပူစမ်း ၅ ခုကို အဓိကလေ့လာခဲ့ပါတယ်။
■ ဒီရေပူစမ်းတွေက ရှေးခေတ်ကမ္ဘာက အဏုဇီဝဖြစ်စဉ်တွေကို လေ့လာလို့ရမယ့် သဘာဝဓာတ်ခွဲခန်းကြီး ဖြစ်ကြောင်း၊ အပင်တွေ သတ္တဝါတွေ မပေါ်လာခင်က ရှေးခေတ်အဏုဇီဝဂေဟစနစ်တွေ ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကို နားလည်စေကြောင်း ပြောထားပါတယ်။
■ သံဓာတ်တိုးဘက်တီးရီးယားတွေက ဆိုင်ယာနိုဘက်တီးရီးယားတွေနဲ့အတူ ရေပူစမ်းတွေထဲမှာ ရှင်သန်ကြီးစိုးကြပါတယ်။
■ သူတို့က ကာဗွန်၊ နိုက်ထရိုဂျင်၊ ဆာလ်ဖာလည်ပတ်မှုများ ဖြစ်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
■ ဒီတွေ့ရှိချက်ကနေ ကမ္ဘာဦးအစောပိုင်း အဏုဇီဝသတ္တဝါများ အလိုက်သင့်ပြောင်းလဲလာခြင်းနဲ့ ဂေဟစနစ်ဖွဲ့စည်းပုံတို့အကြောင်း ပိုမိုသိရှိလာစေပါတယ်။
Source: Space