#World_Health
Published 18 November 2025
■ ခန္ဓာကိုယ်တွင်းစည်းချက် ထိခိုက်နှောင့်ယှက်ခံရရင် ကျန်းမာရေးဘယ်လောက်အထိ ဘေးဖြစ်စေလဲဆိုတာကို နှလုံးကျန်းမာရေးပညာရှင်များ သတိပေးလာပါတယ်။
■ ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီလုံး နေ့ညစည်းချက်မှန်လည်ပတ်မှုပုံစံက လူတွေရဲ့ အိပ်စက်မှုစက်ဝန်း၊ ဟော်မုန်းများ၊ အစာခြေခြင်း၊ ခန္ဓာကိုယ်အပူချိန်တို့ကို ထိန်းညှိရာမှာ ကူညီပေးပါတယ်။
■ ထိုစည်းချက်လည်ပတ်မှုပုံစံ ယိုယွင်းလာရင် ခန္ဓာကိုယ်ထဲက ဖြစ်စဉ်တွေ မမှန်တော့ဘဲ ကျန်းမာရေးထိခိုက်လာနိုင်တာကြောင့် ကိုယ်တွင်းအချိန်မှန်စည်းချက်နဲ့အညီ ဆောင်ရွက်နိုင်မယ့် နည်းလမ်း ၅ မျိုးကို ဖော်ပြထားပါတယ်။
■ (၁) နံနက်ခင်းမှာ အလင်းရောင်ကို အပြည့်အဝထိတွေ့ခြင်းဖြင့် စိတ်အခြေအနေနဲ့ ခွန်အားကို တိုးမြှင့်ပေးကာ ညဘက်မှာတော့ အလင်းရောင်ကို အနည်းဆုံးသာ ထိတွေ့စေမှ အိပ်စက်မှုကို အားပေးမှာ ဖြစ်ပါတယ်။
■ (၂) ညအိပ်ရာဝင်ချိန်နဲ့ မနက်အိပ်ရာထချိန်ကို တသမတ်တည်းဖြစ်အောင် နေ့စဉ်ပြုလုပ်ပေးရင် ကောင်းစွာအိပ်ရေးဝစေပြီး နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။
■ (၃) ညဘက်တွေမှာ အချိန်မှန်မှန် မစားပါက အတွင်းအင်္ဂါတွေရဲ့ စည်းချက်လည်ပတ်မှုပုံစံကို ပျက်ယွင်းစေပြီး သွေးတွင်းသကြားဓာတ်တက်စေတာကြောင့် အစားအစာတွေကို စောစောစားပေးဖို့ ပညာရှင်များ အကြံပြုထားပါတယ်။
■ (၄) လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ဘယ်အချိန်မှာ ပြုလုပ်ဖို့ အကောင်းဆုံးလဲဆိုတာက တစ်ဦးချင်းစီရဲ့ လိုအပ်ချက်အပေါ် မူတည်နေပြီး ကိုယ်တွင်းစည်းချက်လည်ပတ်မှုကို သက်ရောက်စေပါတယ်။
■ (၅) ကျန်းမာရေးမှာ အရေးပါတဲ့ ကိုယ်တွင်းလည်ပတ်မှုစည်းချက်ကို အတိအကျ တွက်ချက်ဖို့ ခက်ခဲပေမယ့် စမတ်လက်ပတ်နာရီလို ကိရိယာအကူအညီဖြင့် နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်တို့ စောင့်ကြည့်နိုင်ပါတယ်။
Source: Euronews