#World_Health
Published 18 November 2025
■ ခိုငှက်တွေကို အစာကျွေးခြင်းက ကြင်နာခြင်းနဲ့ အလေးထားခြင်းအဖြစ် မှတ်ယူကြသလို ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာပြယုဂ်လည်း ဖြစ်ပါတယ်။
■ ဒါပေမဲ့ ဒီလိုမျိုး လူသားဆန်တဲ့လုပ်ရပ်က ကျန်းမာရေးကို တိတ်တဆိတ် အန္တရာယ်ပေးနေပါတယ်။
■ အိန္ဒိယ Yatharth Super Specialty ဆေးရုံမှ အဆုတ်ဌာနညွှန်ကြားရေးမှူး ဒေါက်တာ ဂါမိဆင်းချက်ဘရာက ခိုတွေကို အစာကျွေးခြင်းဖြင့် ပြင်းထန်တဲ့ အဆုတ်ရောဂါတွေ ဖြစ်နိုင်ပြီး ခိုတွေဆီက ထွက်လာတဲ့အရာတွေဟာ ခြောက်သွေ့သွားတဲ့အခါ လေထဲသို့ ပျံ့နှံ့သွားတယ်လို့ ပြောပါတယ်။
■ ထိုအမှုန်တွေထဲမှာ မှို၊ ဘက်တီးရီးယား၊ ပရိုတိန်းများ ပါဝင်ပြီး မသိလိုက်ဘဲ ရှူရှိုက်မိကာ အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ခြေရှိတယ်လို့ ရှင်းပြပါတယ်။
■ ခိုတွေဆီက မှိုတွေ၊ ဘက်တီးရီးယားတွေကြောင့် အဆုတ်တစ်ရှူးထိခိုက်ခြင်း၊ ILD အဆုတ်ရောဂါ၊ အဆုတ်ပြွန်ကျဉ်းခြင်း စတာတွေ ဖြစ်လာနိုင်ပြီး အဆုတ်မှာ အမာရွတ်တွေ ဖြစ်လာနိုင်ပါတယ်။
■ အဆုတ်မှာ ကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့ရဲလာတဲ့အခါ အသက်ရှူရ ခက်ခဲလာပြီး အောက်ဆီဂျင်အထောက်အကူ လိုအပ်တဲ့အထိ ဖြစ်လာနိုင်ကာ အဆုတ်အစားထိုးရနိုင်တယ်လို့ ဒေါက်တာက သတိပေးပါတယ်။
■ အဖြစ်အများဆုံးသူတွေထဲမှာ ငှက်မွေးသူများနဲ့ ကိုင်တွယ်သူများ၊ အိမ်၌ငှက်မွေးသူများ၊ ကြက်ဘဲခြံအလုပ်သမားများ၊ တိရိစ္ဆာန်စောင့်ရှောက်သူများ၊ ငှက်မွေးထည့်ထားတဲ့ အိပ်ခန်းဝင်ပစ္စည်းများ ကူရှင်များအသုံးပြုသူများ ပါဝင်ပါတယ်။
■ Bird Fancier's Lung လို့ခေါ်တဲ့ရောဂါ တိတ်တဆိတ်ဆိုးရွားလာနိုင်ပါတယ်။
■ ပိုးမွှားတွေနဲ့ ထိတွေ့မိတဲ့အခါ ဖျားနာချမ်းတုန်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အသက်ရှူကြပ်ခြင်း၊ ကြာရှည်ထိတွေ့လာတဲ့အခါ အားစိုက်အသက်ရှူရခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အဆုတ်အမာရွတ်ဖြစ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ ဒါတွေကို လျှော့ချနိုင်ဖို့ ခိုငှက်တွေကို အစာမကျွေးခြင်း၊ ပြတင်းပေါက်တွေမှာ ငှက်အသိုက်မလုပ်စေခြင်း၊ ငှက်တွေကို ကိုင်တွယ်တဲ့အခါ N95 နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ကိုင်တွယ်ပြီးနောက် အဝတ်များချက်ချင်းလျှော်ခြင်းတို့ ပြုမူသင့်ပါတယ်။
Source: India Today