#World_Science
Published 31 July 2025

▪️ မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)အကြောင်း လေ့လာဖို့ကြိုးစားရာမှာ သူ့ရဲ့တောင်ပိုင်းကုန်းပြင်မြင့်တွေရှိ ရှေးဟောင်းမြစ်ကမ်းပြင် ၁၅,၀၀၀ ကီလိုမီတာကျော်ကို တွေ့ရှိခဲ့တာကြောင့် တစ်ချိန်က ရေတွေတည်ရှိခဲ့နိုင်တယ်လို့ ယူဆရပါတယ်။

▪️ အခုမှတွေ့ရှိတဲ့ မားစ်ဂြိုဟ်မြစ်ဟာ ကီလိုမီတာ ၁၅,၀၀၀ ကျော်အထိ ရှိနေကာ ကမ္ဘာပေါ်က ဂင်္ဂါမြစ်ထက် ပိုရှည်လျားနေပါတယ်။

▪️ မြစ်လမ်းကြောင်းတွေက မားစ်ဂြိုဟ်ပေါ်က မရှာဖွေရသေးတဲ့ နိုအာခစ်တယ်ရာကွင်းပြင်ကြီးမှာ တွေ့ရှိတာ ဖြစ်ပါတယ်။

▪️ မြစ်စီးဆင်းရာကနေ အနည်တွေထိုင်ပြီး အချိန်ကြာလာတဲ့အချိန်မှာ ကြောရိုးကြီးတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရပြီး နောက်ပိုင်းမှာ တိုက်စားသွားခံရပါတယ်။

▪️ သုတေသီအဖွဲ့က CTX , MOLA , HiRISE ကိရိယာများအသုံးပြုရာကနေ ရရှိတဲ့ အချက်အလက်များဖြင့် မြစ်ကြမ်းပြင်တွေရဲ့ တည်နေရာ၊ အရှည်၊ ပုံသဏ္ဍာန်တို့ကို ပုံဖော်ခဲ့ကြပါတယ်။

▪️ မြစ်ကြောရိုးတွေကို နေရာကျယ်ကျယ်ပြန့်ပြန့် တွေ့ရပြီး အချို့နေရာတွေမှာ ကီလိုမီတာရာနဲ့ချီ ရှိနေပါတယ်။

▪️ မားစ်ဂြိုဟ်ဟာ အေးမြခြောက်သွေ့တယ်လို့ ယူဆထားပြီး အချိန်ခဏတာလောက် ရေခဲအရည်ပျော်ရာကနေ မြစ်တွေပေါ်ပေါက်ခဲ့တယ်လို့ ထင်နေကြပါတယ်။

▪️ အထောက်အထားအသစ်အရ မားစ်မှာ မြစ်တွေဆက်သွယ်နေတဲ့စနစ်ရှိနိုင်တဲ့ ရာသီဥတုရှိခဲ့နိုင်တဲ့သဘော ဖြစ်နေပါတယ်။

▪️ ဒီတွေ့ရှိချက်က မားစ်ဂြိုဟ်ရဲ့အတိတ်ကို ပြန်လည်ပုံဖော်နိုင်စေရုံမက ယနေ့ခေတ် ကမ္ဘာပေါ်က ပြောင်းလဲမှုကြီးတွေကိုပါ လေ့လာစရာဖြစ်လာစေပါတယ်။

#Source: India Today