#World_Health
Published 31 July 2025

▪️ လူသားတွေ အိုမင်းရင့်ရော်ခြင်းဖြစ်စဉ် စတင်မြန်ဆန်လာတဲ့ အချိန်ကာလက ထင်ထားတာထက် ပိုစောနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

▪️ အရေးကြီး ကိုယ်တွင်းအင်္ဂါတစ်ခု ထိခိုက်ရာကနေ အခြားနေရာတွေမှာပါ လျင်မြန်စွာ ပျက်စီးလာပါတယ်။

▪️ တရုတ်သိပ္ပံပညာရှင်များက အသက် ၁၄ နှစ်မှ ၆၈ နှစ်ကြား ဦးနှောက်မတော်တဆထိခိုက်မှုကနေ အသက်ဆုံးပါးထားတဲ့ အင်္ဂါလှူဒါန်းသူ ၇၆ ဦးထံမှ တစ်ရှူးနမူနာ ၅၁၆ ခုကို ဆန်းစစ်ခဲ့ကြပါတယ်။

▪️ ရောဂါဖြစ်ခြင်းနဲ့ ဆက်စပ်တဲ့ ပရိုတိန်း ၄၈ ခုက အသက်ကြီးလာတာနဲ့အမျှ သိသာထင်ရှားလာပါတယ်။

▪️ အင်္ဂါအားလုံးက တူညီစွာ အိုမင်းလာတာမဟုတ်ဘဲ ဟော်မုန်းတွေထုတ်ပေးတဲ့ အက်ဒရီနယ်ဂလင်းမှ ပရိုတိန်းပြောင်းလဲမှုက အသက် ၃၀ လောက်တည်းက စတင်လာပါတယ်။

▪️ တကယ်တမ်းပြောင်းလဲမှုကတော့ ၄၅ နှစ်မှ ၅၅ နှစ်ကြားဖြစ်ပြီး အဓိကအင်္ဂါစနစ်တွေမှာ အလျင်အမြန် ဖြစ်ပျက်လာပါတယ်။

▪️ အောက်ဆီဂျင်ပါတဲ့သွေးတွေကို တစ်ကိုယ်လုံးထံ ပေးပို့တဲ့ သွေးကြောမကြီးမှာ အသိသာဆုံးပြောင်းလဲပါတယ်။

▪️ အသက်ကြီးလာတာနဲ့အမျှ သွေးကြောမကြီးထဲက GAS6 လို့ခေါ်တဲ့ ပရိုတိန်းတစ်မျိုး မြင့်တက်လာကာ အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်တွေ ဖြစ်ပေါ်စေတယ်လို့ သုတေသီတွေ ယူဆနေပါတယ်။

▪️ အိုမင်းရင့်ရော်ခြင်းဆိုတာက တသမတ်တည်းအရှိန်ဖြင့် သွားနေတာမဟုတ်ဘူးလို့ ယုံကြည်စရာ ဖြစ်လာပါတယ်။

▪️ အသက် ၅၀ အရွယ်ကို ဇီဝဖြစ်စဉ် အကူးအပြောင်းအရွယ်အဖြစ် သတ်မှတ်ဖို့က နောက်ထပ်သုတေသနတွေ ပြုလုပ်သွားရဦးမှာ ဖြစ်ပါတယ်။

#Source: New York Post