#World_News
Published 31 July 2025
▪️ စက်တင်ဘာလမှာ ပြုလုပ်မယ့် ကုလသမဂ္ဂအစည်းအဝေးတစ်ခုမှာ ကနေဒါက ပါလက်စ်တိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသွားဖို့ စီစဉ်နေကြောင်း ဝန်ကြီးချုပ် မာ့ခ်ကာနေးက ကြေညာသွားပါတယ်။
▪️ ဂါဇာမှာ ငတ်မွတ်ခေါင်းပါးမှု ဆိုးရွားလာချိန်မှာ အစ္စရေးလ်အပေါ် ဖိအားပေးလာတာ ဖြစ်ပါတယ်။
▪️ ဂါဇာမှာ တိုက်ခိုက်မှုတွေ ရပ်တန့်ခြင်းမရှိပါက ပြင်သစ်နဲ့ ဗြိတိန်တို့က စက်တင်ဘာလ ကုလအထွေထွေ ညီလာခံအစည်းအဝေးမှာ ပါလက်စ်တိုင်းနိုင်ငံကို အသိအမှတ်ပြုသွားမယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကြေညာထားပါတယ်။
▪️ ဂါဇာမြေပြင်က အခြေအနေတွေကို ကြည့်တာနဲ့တင် ပါလက်စ်တိုင်းနိုင်ငံရဲ့အနေအထားက ဆုတ်ယုတ်လာတာ တွေ့ရတယ်လို့ ကာနေးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
▪️ ပါလက်စ်တိုင်းနိုင်ငံအဖြစ် ကိုယ်စားပြုတဲ့ အာဏာပိုင်တွေက အစိုးရပြန်လည်ဖွဲ့စည်းပြီး ၂၀၂၆ မှာ ဟားမတ်စ်တွေ မပါဝင်တဲ့ အထွေထွေရွေးကောက်ပွဲ ပြုလုပ်သွားဖို့ ဆန္ဒရှိကြောင်း အခိုင်အမာပြောခဲ့တဲ့အပေါ်အခြေခံကာ ကနေဒါက အသိအမှတ်ပြုသွားမှာဖြစ်ကြောင်း ဆိုပါတယ်။
▪️ ဂါဇာသို့ဝင်ရောက်မယ့် အကူအညီတွေကို အစ္စရေးလ်ကန့်သတ်ပိတ်ပင်တဲ့အပေါ် နိုင်ငံတကာက အမျက်ထွက်နေကြရာမှာ အစ္စရေးလ်ရဲ့ မဟာမိတ်တွေကပါ အခုလိုကြေညာလာကြတာ ဖြစ်ပါတယ်။
▪️ အမေရိကန်နဲ့ အစ္စရေးလ်တို့ကတော့ ကာနေးရဲ့ ထုတ်ပြန်ချက်တွေကို ငြင်းဆန်လိုက်ကာ ကနေဒါအစိုးရအပြောင်းအလဲဖြစ်ချိန်မှာ ဟားမတ်စ်တို့အတွက် အခွင့်အရေးရစေနိုင်ပြီး ဂါဇာအပစ်အခတ်ရပ်စဲရေး အားထုတ်မှုတွေကို ထိခိုက်စေနိုင်တယ်လို့ ပြောနေကြပါတယ်။
▪️ ပါလက်စ်တိုင်းက ၂၀၁၂ နောက်ပိုင်း ကုလအထွေထွေညီလာခံရဲ့ စောင့်ကြည့်နိုင်ငံအဖြစ် ရှိနေခဲ့ပြီး အဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ ၄ ပုံ ၃ ပုံကျော်က အသိအမှတ်ပြုထားပါတယ်။
▪️ ပါလက်စ်တိုင်းအသိအမှတ်ပြုခြင်းက အစ္စရေးလ်ကို ဖိအားပေးဖို့ဆိုပေမယ့် ကနေဒါရဲ့ ကြေညာချက်က အစ္စရေးလ်နဲ့ ဆက်ဆံရေးကို ပျက်ပြားစေနိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေးအရာရှိဟောင်း ဂျိုနသန်ပါနီကော့ဖ်က ပြောသွားပါတယ်။
#Source: Reuters