#World_Science
Published 19 July, 2025
▪️ မျိုးပွားနိုင်စွမ်းရှိတဲ့ ဘယ်သတ္တဝါမဆို သက်ရှိစာရင်းထဲ ထည့်သွင်းသတ်မှတ်ကြပါတယ်။
▪️ ဗိုင်းရပ်စ်တွေကတော့ သူတို့ကိုယ်တိုင် မကြီးထွားနိုင်၊ မျိုးမပွားနိုင်၊ စွမ်းအင်မထုတ်ကြဘဲ သက်ရှိစာရင်းကနေ ဖယ်ထုတ်နိုင်ပါတယ်။
▪️ ဒါပေမဲ့ ဗိုင်းရပ်စ်က လက်ခံကောင်ထဲ ဝင်သွားပြီဆိုရင်တော့ အလွန်အသက်ဝင်လာပြီး ကိုဗစ်၊ အီဘိုလာတို့လို ရောဂါကပ်ဘေးတွေ ဖြစ်လာပါတယ်။
▪️ အခုဟာကတော့ သက်ရှိနဲ့ သက်ရှိမဟုတ်တဲ့ကြား နှစ်မျိုးစလုံးနဲ့ ပတ်သက်နေပါတယ်။
▪️ ကနေဒါနဲ့ ဂျပန်သုတေသီများက ဆဲလ်သက်ရှိရော ဗိုင်းရပ်စ်လက္ခဏာပါ ဆက်စပ်နေတဲ့ ဆဲလ်အသစ်တစ်မျိုး တွေ့ရှိထားပါတယ်။
▪️ လက်ရှိမှာ ဂျပန်လို Sukunaarchaeum mirabile လို့ အမည်ပေးထားပြီး သက်ရှိတွေလိုမျိုး ရိုင်ဘိုဆုန်းတွေနဲ့ မက်ဆင်ဂျာRNA တို့ ဖန်တီးဖို့ လိုအပ်တဲ့ မျိုးဗီဇပစ္စည်းများ ပါဝင်ပါတယ်။
▪️ ဒါပေမဲ့ ဗိုင်းရပ်စ်လိုမျိုးလည်း လက်ခံကောင်ဆီမှာ လုပ်ဆောင်ပြီး ပွားများတဲ့ပုံစံလည်း ရှိပါတယ်။
▪️ လက်ခံကောင်ပေါ်မှာ ဇီဝဖြစ်စဉ်မျ မထင်မှတ်လောက်အောင် တွေ့ရသလို အနည်းဆုံးသော ဆဲလ်သက်ရှိအခြေအနေနဲ့ ဗိုင်းရပ်စ်ဘဝကြား လုပ်ဆောင်ချက်ကွဲပြားမှုလည်း တွေ့ရပါတယ်။
▪️ ဒယ်ဟူဆီတက္ကသိုလ်မှ မော်လီကျူးပညာရှင် ရိုဟာရာဒါဦးဆောင်တဲ့ သုတေသီအဖွဲ့က နှိုင်းယှဉ်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
▪️ Sukunaarchaeum ကိုတွေ့ရှိတာက ဆဲလ်သက်ရှိတွေရဲ့ သတ်မှတ်ချက်တွေကို ထပ်ချဲ့သလိုဖြစ်နိုင်ပြီး အဏုဇီဝသက်ရှိ လှုပ်ရှားနေထိုင်မှုများကြား မသိရှိသေးတဲ့အကြောင်းတွေ သိလာရနိုင်ပါတယ်။
▪️ နောက်ထပ်လေ့လာမှုများ ပြုလုပ်ပါက ဆဲလ်ဗီဇပြောင်းလဲခြင်းအကြောင်းတွေ၊ သာမန်ထက်ထူးဆန်းသော သက်ရှိများအကြောင်း တွေ့လာနိုင်ပါတယ်။
#Source: PM