#World_News
Published 19 July, 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရူပတ်မာဒေါ့ အပါအဝင် Wall Street ဂျာနယ်နဲ့ ပိုင်ရှင်များကို သောကြာနေ့က အနည်းဆုံး ဒေါ်လာ ၁၀ ဘီလီယံလျော်ကြေးရရှိဖို့ တရားစွဲဆိုခဲ့ပါတယ်။
▪️ အကြောင်းအရင်းကတော့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီအက်ပ်စတိန်းအတွက် ၂၀၀၃ မွေးနေ့နှုတ်ခွန်းဆက်သသူစာရင်းထဲမှာ ထရမ့်အမည်ကို ထည့်သွင်းဖော်ပြခဲ့တာကြောင့် ဖြစ်ပါတယ်။
▪️ မိုင်ယာမီဖက်ဒရယ်တရားရုံးမှာ တင်ထားတဲ့ အမှုတွဲထဲမှာ မာဒေါ့၊ ဒေါက်ဂျုံးစ်၊ News Corp နဲ့ အမှုဆောင်ချုပ် ရောဘတ်သွမ်ဆန်၊ Wall Street ဂျာနယ် သတင်းထောက်နှစ်ဦးတို့ ပါဝင်ပြီး တရားခံတွေက ထရမ့်ကို နာမည်ဖျက်ပြီး ဂုဏ်သိက္ခာပိုင်း ထိခိုက်စေလိုတာကြောင့်လို့ ပြောခဲ့ကြပါတယ်။
▪️ အက်ပ်စတိန်းဟာ နာမည်ပျက် ငွေကြေးထောက်ပံ့သူ၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူဖြစ်ပြီး ၂၀၁၉ ခုနှစ်က နယူးယော့ခ်အကျဉ်းထောင်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတယ်။
▪️ အစိုးရက အက်ပ်စတိန်းနဲ့ ချမ်းသာကြွယ်ဝသူများရဲ့ ပတ်သက်မှုတွေကို ဖုံးကွယ်ထားတယ်လို့ ထရမ့်ထောက်ခံသူများ ယုံကြည်လာစေပါတယ်။
▪️ ထရမ့်ကတော့ အက်ပ်စတိန်း ၂၀၀၆ မှာ တရားရေးပြဿနာများ မဖြစ်လာခင်တည်းက အဆက်အသွယ်ဖြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။
▪️ သမ္မတက ဂျာနယ်ရဲ့ဖော်ပြချက်ကို ငြင်းဆိုခဲ့ပြီး တရားစွဲဖို့စဉ်းစားထားကြောင်း မာဒေါ့ကို သတိပေးခဲ့ပါတယ်။
▪️ "အခြေအမြစ်မရှိ ဂုဏ်သိက္ခာကျဆင်းအောင် သတင်းမှားတွေဖော်ပြတဲ့ Wall Street ဂျာနယ်မှ ပါဝင်ပတ်သက်သူအားလုံးကို တရားစွဲချက်တင်ထားပါတယ်" လို့ ထရမ့်က Truth Social မှာ ရေးထားပါတယ်။
▪️ ဒေါက်ဂျုံးစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သတင်းဖော်ပြချက်တွေရဲ့ တိကျသေချာမှုကို ယုံကြည်ထားသဖြင့် တရားစွဲဆိုချက်မှန်သမျှကို ခုခံကာကွယ်သွားမယ်လို့ ပြောထားပါတယ်။
▪️ ယခုအမှုအတွက် ဒေါ်လာ ၁၀ ဘီလီယံတောင်းခံတာက အသရေဖျက်မှုသမိုင်းမှာ အများဆုံးပမာဏဖြစ်နေပါတယ်။
#Source: Reuters