#World_Health
Published 19 July, 2025
▪️ နှစ်ခြိုက်စွာ အိပ်စက်ရခြင်းက အသားအရေကျန်းမာရေးကို သိသိသာသာ တိုးတက်စေပြီး အရေပြားပြုပြင်ထိန်းသိမ်းမှုကို အထောက်အကူ ဖြစ်စေပါတယ်။
▪️ ကောင်းစွာမအိပ်စက်ရရင်တော့ အရေပြားခမ်းခြောက်ခြင်း၊ ပျက်စီးခြင်းများ ဖြစ်လာနိုင်တာကြောင့် အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) နှစ်ခြိုက်စွာအိပ်စက်တဲ့အခါ အသားအရေကို တင်းရင်းချောမွေ့စေတဲ့ ကော်လာဂျင်ဓာတ်တွေ ထွက်ရှိစေပါတယ်။
▪️ (၂) ညစ်ညမ်းခြောက်သွေ့လာတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးကာ ဆဲလ်အသစ်များ ပြန်လည်ဖြစ်ပေါ်စေပါတယ်။
▪️ (၃) လုံလောက်စွာအိပ်စက်တဲ့အခါ အရည်တွေနဲ့ သွေးလှည့်ပတ်မှုကို ကောင်းစေသဖြင့် မျက်ကွင်းညိုခြင်း၊ ဖောင်းအစ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။
▪️ (၄) အိပ်ပျော်စဉ်မှာ အရေပြားသို့ သွေးစီးဆင်းစေသဖြင့် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များ ရောက်ရှိစေပြီး ဝင်းလက်တောက်ပစေပါတယ်။
▪️ (၅) ဖိစီးမှုဟော်မုန်းနဲ့ အခြားဟော်မုန်းများ ထိန်းညှိပေးကာ အရေပြားရောင်ရမ်းခြင်းများ လျှော့ချပေးပါတယ်။
▪️ (၆) အိပ်ရေးပျက်လို့ ရောင်ရမ်းမှုတွေဖြစ်ရင် ဝက်ခြံ၊ နှင်းခူတို့လို အရေပြားပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် အိပ်စက်ခြင်းဖြင့် အဆိုပါပြဿနာများ သက်သာစေပါတယ်။
▪️ (၇) နှစ်ခြိုက်စွာအိပ်ပျော်စဉ်မှာ အရေပြားကို ကာကွယ်စောင့်ရှောက်ပေးကာ ဘက်တီးရီးယားများ ညစ်ညမ်းမှုန်များမှ ကာကွယ်ပေးပါတယ်။
▪️ (၈) ဆီရမ်၊ စိုစွတ်မှုပစ္စည်းများ၊ အလှကုန်ပစ္စည်းများ အသုံးပြုခြင်းကို ထိရောက်စေပြီး ညမအိပ်ခင် လိမ်းရတဲ့ ပစ္စည်းတွေ အသားထဲစိမ့်ဝင်စေပါတယ်။
▪️ (၉) အိပ်ချိန်မှန်မှန်အိပ်ပေးပါက အရေပြားပြန်လည်ကုစားချိန်ပိုရပြီး အရေးကြောင်းများ အိုမင်းရင့်ရော်ခြင်းလက္ခဏာတို့မှ နှောင့်နှေးစေပါတယ်။
▪️ (၁၀) ကောင်းစွာအိပ်စက်ရင် အရေပြားစိုစွတ်မှုကို ထိန်းသိမ်းပေးပြီး ချောမွေ့ညီညွတ်စေပါတယ်။