၂၅ အောက်တိုဘာ၊၂၀၂၅
▪️ ထိုင်းနိုင်ငံ မိဖုရားကြီး သီရိကစ် (Queen Mother Sirikit) နတ်ရွာစံ ကံတော်ကုန်သွားခြင်းကြောင့် ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ် (Anutin Charnvirakul) သည် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး၊ လာမည့်သီတင်းပတ် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပ မည့် APEC ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်နိုင်မည် မဟုတ်ဟုဆိုသည်။
▪️ သို့သော် ဝန်ကြီးချုပ် အနုတင် သည် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) ကို အသိသက်သေထားမည့် ကမ္ဘောဒီးယားနိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးရန်အတွက်သာ မလေးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။
▪️ ဤသဘောတူညီချက်သည် ပြီးခဲ့သည့် ဇူလိုင်လက ဖြစ်ပွားခဲ့သော နယ်စပ်တိုက်ပွဲများအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ အဆိုပါတိုက်ပွဲများကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးကာ လူပေါင်း ၃၀၀,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်။ ယင်းသည် နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာအတွင်း အပြင်းထန် ဆုံး တိုက်ခိုက်မှုဖြစ်သည်။

▪️ ကွာလာလမ်ပူမြို့၌ အာဆီယံခေါင်းဆောင်များ ဆွေးနွေးနေသည့် အကြောင်းအရာများမှာ-
-ကုန်သွယ်မှုဆိုင်ရာ ဘက်ပေါင်းစုံပါဝင်မှု (Trade Multilateralism) ကို ပံ့ပိုးရေး။
-အရှေ့တီမောနိုင်ငံကို အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် လက်ခံရေး။
-အကောက်ခွန်ဆိုင်ရာ တင်းမာမှုများကြားမှ အမေရိကန်-တရုတ် ကုန်သွယ်မှု ဆွေးနွေးပွဲများ။
▪️ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဖြစ်သော ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆင့် (Scott Bessent) နှင့် ကုန်သွယ်ရေး ကိုယ်စားလှယ် ဂျေမီဆန် ဂရီးယား (Jamieson Greer) တို့သည် တရုတ် ဒုတိယ ဝန်ကြီးချုပ် ဟီ လီဖန် (He Lifeng) နှင့် တွေ့ဆုံကာ ကုန်သွယ်စစ် တိုးမြင့်လာမှု ဖြစ်နိုင်ခြေကို လျှော့ချရန် ဆွေးနွေးလျက်ရှိသည်။
▪️ သမ္မတ ထရမ့်၏ အာရှခရီးစဉ်-
🔷မလေးရှားနိုင်ငံမှ စတင်ပြီး အခြားအာရှနိုင်ငံများသို့ ဆက်လက်သွားရောက်မည်။
🔷တရုတ်နိုင်ငံမှ လီ ချင် (Li Qiang)၊ ဘရာဇီးလ်နိုင်ငံမှ လူးလာ ဒါ ဆေးလ်ဗား (Lula da Silva)၊ ဂျပန်နိုင်ငံမှ ဆာနာအဲ တာကာအိချိ (Sanae Takaichi) တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
🔷ကနေဒါနိုင်ငံမှ မာ့ခ် ကာနေး (Mark Carney) နှင့် တွေ့ဆုံရန် အစီအစဉ်မရှိပါ။
▪️ လူးလာ ဒါ ဆေးလ်ဗားက ဘရာဇီးလ်ကုန်ပစ္စည်းများအပေါ် အမေရိကန်၏ အကောက်ခွန် စည်းကြပ်မှုများကို ပြန်လည်စဉ်းစားပေးရန် သမ္မတ ထရမ့်အား တောင်းဆိုရန် ရည်ရွယ်ထားသည်။
Source Reuters