#Local_News
Published_12 Dec 2024
▪️ မန္တလေးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ခန့် ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရသည်။
▪️ ဒီဇင်ဘာလ ၃ ရက်ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ အနီးတွင် သိန်းထိုက်အောင် မောင်းနှင်သည့် ISUZU ၁၂ ဘီး မော်တော်ယာဉ်နှင့် ကျော်ဝင်း မောင်းနှင်သည့် FUSO ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီး ပေါ်တွင် နွားချေးမြေဩဇာများဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် ယင်းထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂ တန်ခန့်ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ စစ်ဆေးဖော်ထုတ်ချက်အရ ကဖင်းများတရားမဝင် သယ်ဆောင် ရောင်းဝယ်ရာတွင်ပါဝင်သူ နေအောင် အား ဒီဇင်ဘာလ ၄ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပြီး ကဖင်းများကို မန္တလေးမှရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်ခိုင်းသူ အိုက်စိုးပေါက်(ခ)စိုင်းထွန်းထွန်း နှင့် ရင်အောင်သူ တို့အား ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် FORD RANGER မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ ချမ်းမြသာ စည် မြို့နယ်ရှိ ရင်အောင်သူ ၏နေအိမ်မှ TOYOTA LANDCRUISER မော်တော်ယာဉ်တစ်စီးကို လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် အောင်စိုးလင်း(ခ) အောင်အောင် အား အမရပူရမြို့နယ်တွင်လည်းကောင်း၊ စိုင်းသီဟငယ်(ခ)သီဟ(ခ)မောက်ဆိုင် အား ပုသိမ်ကြီးမြို့နယ်တွင်လည်းကောင်း၊ ဒီဇင်ဘာလ ၆ ရက်တွင် မန္တလေးမှ ကဖင်းအိတ်များ သယ်ဆောင်ခဲ့သူ စိုင်းနေမင်းထွန်း အား အောင်မြေသာစံမြို့နယ်တွင် ကဖင်းများ သယ်ဆောင်ပေးခဲ့သည့် PRADO မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ မန္တလေးမြို့၌ ကဖင်းအိတ်များသို လှောင်ပေးခဲ့သည့် ဂိုဒေါင်ပိုင်ရှင် ချစ်စိန်အား မဟာအောင်မြေမြို့နယ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း များကို မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ယုံကော ၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီးမှ တစ်ဆင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)သို့ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီများ၏ သုတေသနပြုသတင်းဖလှယ်ချက်များအရ ကဖင်း တစ်တန်အား အခြားဓာတုပစ္စည်းများနှင့်ရောစပ်၍ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မည်ဆိုပါက ဆေးပြား ၁၄ သန်းခန့် ထုတ်လုပ်နိုင်ကြောင်းသိရှိရပြီး မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နယ်စပ် ဒေသများမှတစ်ဆင့် တရားမဝင်တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂၄ တန်ကျော် ဖမ်းဆီးအရေးယူထားရှိသဖြင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆ သန်းကျော် ထုတ်လုပ်ခြင်းကို တားဆီးကာကွယ် နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့က သိရသည်။
#Yangon_Times/PP
#World_Science
Published 12 December 2024
▪️ သုတေသီတွေက လူ့ခန္ဓာကိုယ်ထဲမှ ခန့်မှန်းခြေ ဆဲလ်ပေါင်း ၃၇.၂ ထရီလီယံရဲ့ အစောပိုင်း လုပ်ဆောင်ပုံလမ်းကြောင်းများကို ဖန်တီးနိုင်ခဲ့ပါတယ်။
▪️ ဆဲလ်တစ်ခုချင်းစီမှာ မတူခြားနားတဲ့ တာဝန်ရှိပြီး ဆဲလ်တွေဘာလုပ်လဲဆိုတာ သိရှိနားလည်ခြင်းဖြင့် ကျန်းမာရေးနဲ့ ရောဂါများအကြောင်း ပိုမိုသဘောပေါက်စေမှာ ဖြစ်ပါတယ်။
▪️ သိပ္ပံပညာရှင်တွေက ပါးစပ်၊ အစာအိမ်၊ အူတို့မှ ဆဲလ်တွေရဲ့ တာဝန်တွေအပြင် အရိုးနဲ့ အဆစ်တွေ ဖြစ်ပေါ်လာစေတဲ့ ဆဲလ်တွေအကြောင်းကိုပါ အာရုံစိုက်လေ့လာခဲ့သလို ဘယ်လိုဆဲလ်တွေက တစ်ရှူးတွေ ဖြစ်သွားလဲ၊ ခန္ဓာကိုယ် ဘယ်နေရာမှာ တည်ရှိသလဲ၊ ဘယ်လိုပြောင်းလဲလာလဲ ဆိုတာတွေလည်း လေ့လာခဲ့ကြပါတယ်။
▪️ အလွန်ပြတ်သားပြီး လူအများသိရှိခွင့်ရှိတဲ့ ပထမဆုံးခန္ဓာကိုယ် မြေပုံကြမ်းဖြင့် ရောဂါများကို တိုက်ခိုက်ဖျက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
▪️ ခန္ဓာကိုယ်မှာ တစ်ခုခုဖြစ်တဲ့အခါ ဆဲလ်တွေက အရင်ဆုံးဖြစ်ပွားတယ်လို့ Human Cell Atlas အဖွဲ့အစည်းမှ ပူးတွဲဥက္ကဌ အေဗစ်ရီဂက်ဗ်က ပြောပါတယ်။
▪️ ပိုမိုပြည့်စုံတဲ့ မြေပုံကြမ်းကို ၂၀၂၆ မှာ ပြသရန်စီစဉ်ထားပြီး ခန္ဓာကိုယ်စနစ်နဲ့ အင်္ဂါပေါင်း ၁၈ မျိုးမှ ဆဲလ်များအကြောင်း ပါဝင်မှာဖြစ်ပါတယ်။
▪️ လက်ရှိဆဲလ်လမ်းကြောင်းမြေပုံမှာ ဆဲလ်အမျိုးအစားများသာမက ဆဲလ်အချင်းချင်း ပတ်သက်မှုတွေလည်း ပြသထားတယ်လို့ ကလိဗ်လန်းဆေးရုံမှ ကင်ဆာပညာရှင် ဒေါက်တာ တင်မိုသီချန်က ပြောပါတယ်။
▪️ ခန္ဓာကိုယ်အချို့နေရာတွေက ကျန်းမာရေးနဲ့ ရောဂါအကြောင်းတွေကို သိရှိနိုင်အောင် အခြားလမ်းကြောင်းတွေလည်း ဖန်တီးနေကြပါတယ်။
▪️ ဦးနှောက်လမ်းကြောင်းတွေ ဖန်တီးခြင်းဖြင့် ဦးနှောက်ဆဲလ်အမျိုးမျိုးရဲ့ တည်နေရာနဲ့ လုပ်ဆောင်ချက်တွေကို သိရှိနိုင်ပါတယ်။
▪️ အူလမ်းကြောင်း အဏုဇီဝပိုးမွှား လမ်းကြောင်းမြေပုံသစ်မှာဆိုရင် အစာခြေခြင်းနဲ့ ကိုယ်ခံအားစနစ်တို့မှာ ပါဝင်နေတဲ့ အူလမ်းကြောင်းထဲက အဏုဇီဝပိုးမွှားတွေအကြောင်း ပါဝင်ပါတယ်။
#Source: AP News
၁၁ ဒီဇင်ဘာ ၂၀၂၄
တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေနှင့်မူဝါဒချမှတ်သူတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်အကောက်ခွန် တွေ တိုးမြှင့်မယ့်အစီအစဉ်ကြောင့် လာမယ့် ၂၀၂၅ခုနှစ်မှာ တရုတ်ယွမ်ငွေကို တန်ဖိုးချဖို့ စဉ်းစားနေကြပါ တယ်။
ထရမ့်က သွင်းကုန်ခွန်ကို ပုံမှန်အားဖြင့် ၁၀ရာခိုင်နှုန်းကောက်မှာဖြစ်ပြီး တရုတ်နိုင်ငံသွင်းကုန်ကိုတော့ ၆၀ ရာခိုင်နှုန်းကောက်မယ်လို့ ပြောထားပါတယ်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး တရုတ်ဗဟိုဘဏ်ကတော့ ရိုက်တာသတင်းဌာနကို ချက်ခြင်းမတုန့်ပြန် သေးပါဘူး။
၂၀၁၈ခုနှစ် တရုတ်-အမေရိကန်တင်းမာမှုတွေဖြစ်ခဲ့စဉ်က တရုတ်ယွမ်ငွေ ဇောက်ထိုးဆင်းခဲ့ဖူးပါတယ်။
တန်ဖိုးချထားတဲ့ယွမ်ငွေကြောင့် တရုတ်ရဲ့ပို့ကုန်တွေ တိုးမြင့်လာစေပြီး ငွေကြေးဖောင်းပွမှုကို ရင်ဆိုင် ဖြေရှင်းရနိုင်ပါတယ်။
တရုတ်ဗဟိုဘဏ်ကတော့ ယွမ်ငွေဟာ တည်ငြိမ်လိမ့်မယ်လို့ပြောထးပါတယ်။
Source Reuters
ကမ္ဘာလုံးဆိုင်ရာ အပူချိန်မှတ်တမ်းများ ၁၈၅၀ ခုနှစ်မှာ စတင်သတ်မှတ်လာကတည်းက ယခုနှစ်ဟာ အပူဆုံးနှစ် ဖြစ်တယ်လို့ ဥရောပသမဂ္ဂ ရာသီဥတုစောင့်ကြည့်လေ့လာရေးအဖွဲ့က တနင်္လာနေ့မှာ ပြောပါတယ်။
#World_Climate
Published 11 December 2024
#ကမ္ဘာ့အပူနွေးဆုံးကာလ #အပူချိန်မှတ်တမ်း
#YMG #Yangon_Times #Yangon_Media_Group
၁၁ ဒီဇင်ဘာ ၂၀၂၄
ရန်ကုန်မြို့၏ ပွဲတော်ညဈေးများတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ကျွန်းတောပွဲတော်ဈေးကို စမ်းချောင်း မြို့နယ် ကျွန်းတောလမ်းမကြီးပေါ်တွင် ကျင်းပလျက်ရှိနေပါတယ်။
ယမန်နေ့ ဒီဇင်ဘာ ၁၀ရက်ကစခဲ့တဲ့ ပွဲတော်ဈေးမှာ ဒေသခံများရဲ့လက်လုပ် မြန်မာမုန့်၊ မြန်မာ့ရိုးရာ အစားအစာ များ၊အသုတ်စုံ၊အကြော်၊ရေမုန့်စသည်တို့ဖြင့် သွားရေယိုစရာအစားအစာစုံကို ခင်းကျင်း ရောင်းချနေပါတယ်။
အဲဒီအပြင် ပျော်ရွှင်ဆော့ကစားစရာ ချား၊ရဟတ်များကိုလည်း ထည့်သွင်းထားလို့ အစားအသောက်မြတ် နိုးသူတွေ၊ ဆော့ကစားသန်တဲ့ကလေးသူငယ် လူငယ်လူရွယ်တွေအများစုနှင့် ပွဲတော်ဟာ စည်ကားနေပါ တယ်။
ကျွန်းတောပွဲတော်ဈေးကို ဒီဇင်ဘာ ၁၆ ရက်နေ့အထိကျင်းပသွားမယ်လို့သိရပါတယ်။
#Daily_News
Published 11 December 2024
၁။ ပြည်တွင်းစားဆန် ဈေးကျပ်၈၅,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်အကြား သတ်မှတ်ထားပြီး ၈ ရာခိုင်နှုန်းထက်ပို၍ ရောင်းချခြင်းမပြုရ
၂။ တစ်နိုင်ငံလုံးနှင့် တိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲနိုင်သောကြောင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ယူနက်စကိုဝင်ခဲ့ဟုဆို
၃။ တရုတ်ယွမ် ၉ သိန်းနီးပါး ဗဟိုဘဏ်ထပ်မံထုတ်ရောင်း
၄။ ၂၀၂၄ ၏ ပထမ(၁၁)လသည် ကမ္ဘာ့အပူနွေးဆုံးကာလအဖြစ်စံချိန်တင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 11 December 2024
▪️ ယနေ့ဒီဇင်ဘာလ၁၁ရက်၌ တစ်ရက်အတွင်း ငလျင်နှစ်ကြိမ်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ပထမအကြိမ် ငလျင်လှုပ်ခတ်မှုမှာ ယနေ့ နံနက် မြန်မာစံတော်ချိန် (၇)နာရီ (၅၅) မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ငလျင်လှုပ်ခတ်မှုမှာ ယနေ့ နံမြန်မာစံတော်ချိန်နံနက်(၁၀)နာရီ (၂၆)မိနစ်အချိန်တွင် မိုင်းဆတ်မြို့အနီး ၃ ဒသမ ၃ အဆင့်ရှိ မြေငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယနေ့ တစ်ရက်အတွင်း မြေငလျင်လှုပ်ခတ်မှု နှစ်ခုအပါအဝင် ယခုလအတွင်းငလျင် ငါးကြိမ်ခန့်လှုပ်ခတ်ခဲ့ပြီး ဒီဇင်ဘာလ၁ရက်က ကြံခင်းမြို့အနီးလှုပ်ခတ်ခဲ့သည့် မြေငလျင်မှာ အင်အားရစ်(ခ်) တာစကေး ၄.၉အဆင့်ရှိခဲ့ပြီး ဒီဇင်ဘာလ ၂ရက်တွင် ရှမ်းပြည်နယ်၊ မိုင်းပြင်းမြို့အနီး အင်အားရစ်(ခ်) တာစကေး (၃.၈)အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၉ရက်က သိန္နီမြို့အနီးလှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိမြေငလျင်တွင် နေအိမ်တချို့အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 December 2024
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် ( FX Trading Platform)တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေများ ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ (၁၀) ရက်တွင် အသိပေးကြေညာထားသည်။
▪️ ထိုသို့ ရောင်းချပေးရာတွင် သွင်းကုန်လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၃၅) သန်းနှင့် ထိုင်းဘတ် သန်း (၄၀) ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးလျက်ရှိကြောင်း သိရသည်။
▪️ ဗဟိုဘဏ်မှ ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၆) ရက်အထိ ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁. ၂၅၈) သန်းကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီး ယခုဘဏ္ဍာနှစ်၏ (၇)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
သုခဒဂုံအငှားအိမ်ရာမှာ အိမ်ခန်းရမယ်လို့ပြောဆိုပြီး ငွေကြေး လိမ်လည်သူတွေရှိနေတာကြောင့် ပြည်သူတွေ သတိပြုကြဖို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကအသိပေးထားပါတယ်။
#Local_News
Published 11 December 2024
#သုခဒဂုံအငှားအိမ်ရာ #ငွေကြေးလိမ်လည်သူများရှိနေ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ တရုတ်ယွမ် ၉ သိန်းနီးပါးကို ယမန်နေ့က ထပ်မံထုတ်ရောင်း လိုက်ပါတယ်။
#Local_News
Published 11 December 2024
#တရုတ်ယွမ် #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/NN #Yangon_Times
တစ်နိုင်ငံလုံးရှိ လူကြီး၊ လူငယ်မရွေး တိုင်းရင်းသားအားလုံးပါဝင်ဆင်နွှဲနိုင်တဲ့ ပွဲ တော်ဖြစ်တာကြောင့် မြန်မာ့သင်္ကြန်ပွဲတော်အနေနဲ့ ကမ္ဘာ့ရှေးဟောင်းဒြပ်မဲ့အမွေအနှစ်အဖြစ် ယူနက်စကိုဝင်ခဲ့တယ်လို့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 11 December 2024
#မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် #ယူနက်စကိုဝင်
#YMG/NN #Yangon_Times
ယခုဒီဇင်ဘာလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ထုတ်ပြန်ချက်အရ ပြည်တွင်းစားဆန်ဈေးကို ကျပ်၈၅,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်အကြား သတ်မှတ်ထားပြီး သတ်မှတ်စျေးအပေါ် ၈ ရာခိုင်နှုန်းထက်ပိုရောင်းချခြင်းမပြုရဘူးလို့ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 11 December 2024
#ဈေးကွက်ဈေးနှုန်း #ပိုရောင်းချခြင်းမပြုရ
#YMG/SW #Yangon_Times
Page 379 of 1862