#WorldHealth
Published - 14 March 2022
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာမျိုးဗီဇကွဲနဲ့ အိုမီခရွန်မျိုးဗီဇကွဲတို့မှ မျိုးရိုးဗီဇများပေါင်းစပ်သွားကာ ပေါ်ပေါက်လာသည့်မျိုးဗီဇကွဲအသစ်ကို 'ဒယ်လ်တာခရွန်'လို့အမည်ပေးခဲ့ကြပါတယ်။
အဆိုပါဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်မှုကို အမေရိကန်နဲ့ဥရောပမှလူနာ အနည်းဆုံး ၁၇ ဦးမှာတွေ့ရှိခဲ့ကြကြောင်း သုတေသီများထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒယ်လ်တာခရွန်ကူးစက်ခံရသူ အလွန်နည်းပါးလွန်းသေးတာကြောင့် ဒီမျိုးဗီဇကွဲအသစ်က အလွန်ကူးစက်မြန်နိုင်လား ဒါမှမဟုတ် ရောဂါဆိုးရွားပြင်းထန်စေလားဆိုတာကို မသိရသေးကြောင်း ပြင်သစ်နိုင်ငံမာဆေးလ်မြို့ရှိ IHU Mediterranee Infection ကုမ္ပဏီမှ 'ဖီးလစ်ကော်ဆန်'က medRxiv ဝက်ဘ်ဆိုက်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။
အဆိုပါ SARS-CoV-2 ဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်ဟာ ဒယ်လ်တာမျိုးဗီဇကွဲရဲ့ကိုယ်ထည်နဲ့ အိုမီခရွန်မျိုးဗီဇကွဲရဲ့စပိုက်ခ်ပရိုတိန်းတို့ကို ပေါင်းစပ်ထားတာဖြစ်ပြီး ပြင်သစ်နိုင်ငံအတွင်းကူးစက်သူ အနည်းဆုံး ၃ ယောက်တွေ့ရှိထားကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်မှာလည်း ဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်သူ ၂ ဦးတွေ့ရှိထားကြောင်းကို မျိုးရိုးဗီဇလေ့လာရေးကုမ္ပဏီ Helix က medRxiv မှာ ဖော်ပြထားပါတယ်။
ဗိုင်းရပ်စ်ရှာဖွေလေ့လာရေးသတင်းများအရ ဇန်နဝါရီလကစပြီး ဥရောပမှာ ဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်သူ ၁၂ ယောက်တိုးလာခဲ့ပါတယ်။
လူသားဆဲလ်တစ်ခုတည်းအတွင်း မျိုးဗီဇကွဲနှစ်မျိုးကူးစက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်အချင်းချင်း မျိုးရိုးဗီဇပေါင်းစပ်ခြင်းတွေထွက်ပေါ်လာနိုင်ပါတယ်။
"SARS-CoV-2 ဗိုင်းရပ်စ်ကပ်ရောဂါကာလမှာ တူညီတဲ့အချိန်ကာလတစ်ခုနဲ့ တူညီတဲ့နေရာဒေသတစ်ခုအတွင်း မျိုးဗီဇကွဲ ၂ မျိုး ဒါမှမဟုတ် ၂ မျိုးထက်ပိုပြီးကူးစက်ပြီဆိုရင် အဆိုပါမျိုးဗီဇကွဲတွေအချင်းချင်း ပေါင်းစပ်သွားနိုင်ချေရှိနေပါတယ်။ အဆိုပါဗိုင်းရပ်စ်အသစ်ကို အချိန်တိုအတွင်းစမ်းသပ်စစ်ဆေးတွေ့ရှိနိုင်မယ့် PCR test ကို ဖန်တီးထုတ်လုပ်ထားပါတယ်" လို့ 'ကောလ်ဆန်'က ပြောပြသွားပါတယ်။
Source: Reuters
Published 14 March 2022
၁၉၈၀ကျော်ကာလများက နာမည်ကျော်လူကြိုက်များခဲ့တဲ့ “Broadcast News” “Body Heat” နှင့် “The Big Chill” ရုပ်ရှင်ဇာတ်ကားတွေမှာ အဓိကသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး ဝီလီယမ်ဟတ်ဟာ အသက် ၇၁နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဟတ်ဟာ မတ်(၁၃)ရက် တနင်္ဂနွေနေ့က မိသားစုဝင်တွေကြားမှာပဲ ငြိမ်းအေးစွာ ကွယ်လွန်သွားပြီးဖြစ်တယ်လို့ သူ့သား ဝယ်လ်က သတင်းထုတ်ပြန်ပါတယ်။ ဟောလီဝုဒ်ရီပို့တာသတင်းဌာနကတော့ သူဟာ အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းက သူ့အိမ်မှာကွယ်လွန်သွားတယ်လို့ပြောပါတယ်။သူဟာ ယခင်က ဆီးကျိတ်ကင်ဆာရောဂါကို ကုသခံခံခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်မှာ ကင်ဆာဆဲလ်တွေဟာ အရိုးအထိပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ဟတ်ဟာ ရုပ်ရှင်လောကမှာ နှစ်ကာလရှည်ကြာ ကျင်လည်ခဲ့သူဖြစ်ပါတယ်။ လေးကြိမ်တိုင်တိုင် အကယ်ဒမီဆုအတွက် ဆန်ကာတင်အရွေးခံခဲ့ရပြီး ၁၉၈၅ခုနှစ်မှာ ဂေးအကျဉ်းသားတစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ “Kiss of the Spider Woman” ဇာတ်ကားနှင့် အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့ပါတယ်။
သူဟာ ၁၉၈၁မှာပြသခဲ့တဲ့ လိင်အသားပေး ရုပ်ရှင်ဇာတ်ကား “Body Heat”မှာ ရှေ့နေတစ်ဦးအဖြစ် မင်းသမီးကြီး ကက်သလင်းတာနာနှင့်အတူ သရုပ်ဆောင်ခဲ့ပါတယ်။ ကတ်ဟာ ဝါရှင်တန်ဒီစီမှာ မွေးဖွာခဲ့ပြီး သူ့အဖေဟော နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်ခဲ့ပါတယ်။မိဘနှစ်ပါးက သူ၁၀နှစ်အရွယ်မှာ ကွဲခဲ့ပြီး မိခင်က တိုင်းမ်မဂ္ဂဇင်းတည်ထောင်သူ ရဲ့သားတစ်ဦးဖြစ်တဲ့ ဟင်နရီလုစ်-၃ နှင့် လက်ထပ်ခဲ့ပါတယ်။
ဟတ်ဟာ ၁၉၇၁ခုနှစ်ကနေ ၁၉၈၂အထိ “Big Chill” ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်မင်းသမီး မာရီဘတ်ဟတ်ကို လက်ထပ်ခဲ့ပါတယ်။ အဲဒီနောက် ဆန်ဒရာဂျင်နင်းနှင့် ဇာတ်လမ်းဖြစ်ခဲ့ပြီး သားတစ်ဦးမွေးဖွားခဲ့ပါတယ်။ အဲဒီနောက် သူမဟာ တောင်ကာရိုလိုင်းနားဥပဒေအရ ဟတ်ရဲ့ ဇနီးဖြစ်လို့ ဟတ်ဝင်ငွေတွေ မျှဝေခံစားထိုက်တယ်လို့ ဆန်ဒရာဂျင်နင်းကတရားစွဲတဲ့အတွက် လူသိအလွန်များတဲ့ တရားစွဲဆိုမှုတစ်ခုဖြစ်ခဲ့ပါတယ်။ သို့သော်တရားရုံးက ဟတ်ဘက်နေပဲ အနိုင်ပေးခဲ့ပါတယ်။
Source AP
Published 13 March 2022
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဘာဆာနာမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဟိန္ဒူတို့ရဲ့ရိုးရာ ဘာသာရေးပွဲတော် ဟိုလီရောင်စုံပွဲတော်ကို စတင်ကျင်းပနေပါတယ်။ အဲဒီပွဲဟာ ဟိန္ဒူတို့ရဲ့ ဒဏ္ဍာရီတွေကို အခြေပြုပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ပွဲတော်မှာ တစ်ဦးနှင့်တစ်ဦး ရောင်စုံအမှုန့်တွေ၊ရေတွေနှင့်ပက်ဖျန်းကြပြီး ပွဲကိုဆင်နွှဲကြပါတယ်။ အဲဒီအပြင် ဒိုင်းကာထားတဲ့ အမျိုးသားတစ်ဦးကို အမျိုးသမီးတွေက တုတ်ချောင်းတွေနှင့် ဝိုင်းရိုက်ကြတာတွေလည်းပါဝင်ပါတယ်။ တစ်နိုင်ငံလုံးအနေနှင့် မတ်၁၈ရက်နေ့မှာ ပွဲတော်ကျင်းပမှာဖြစ်ပါတယ်။
Source AFP
#TV Yangon Times Mattersအစီအစဉ်
+++++++++++++++++++
Published - 13 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်နဲ့ အတူ သစ်ခွကျွမ်းကျင်ပညာရှင် ဒေါက်တာစောလွင်က "မြန်မာ့သစ်ခွ" ဆိုတဲ့ခေါင်းစဉ်အောက်မှာ မြန်မာ့သစ်ခွမျိုးစိတ်ဆိုင်ရာ စိတ်ဝင်စားဖွယ်ရာ နှင့်ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 March 2022
မြန်မာ-ထိုင်း နယ်စပ်ဒေသများဖြစ်တဲ့ မြဝတီနှင့်တာချီလိတ်၌ ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုတွင် မြန်မာဘက်မှ A Bank နှင့် ထိုင်းဘက်မှ Kasikorn bank တို့က လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။
တိုက်ရိုက်ပေးချေမှု စမ်းသပ်ကာလအဖြစ် ၂၀၂၂ ခုနှစ် မတ် ၂၁ ရက်မှစ၍ သုံးလ စမ်းသပ်ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကာ မြေပြင်တွင် ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေးအတွက် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းရေး၊ ကုန်သည်လုပ်ငန်းရှင်များအား နယ်စပ်ကုန်သွယ်မှုတွင် ဘတ်နှင့်ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးဆိုင်ရာ လမ်းညွှန်ချက်များရှင်းလင်းခြင်းကို မတ်လတတိယပတ်မှာ ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဘတ်-ကျပ် ငွေလဲလှယ်ခြင်းကို အသုံးပြုဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှုမှရရှိသည့် ဘတ်ငွေကို မြန်မာကျပ်ငွေသို့လဲလှယ်၍ ငွေသားပြန်လည်ထုတ်ယူရာတွင် အဆင်ပြေစေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ ပေးပို့တင်ပြပေးရန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ဂိတ်များတွင် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရန် ဘတ်-ကျပ် တိုက်ရိုက်ငွေပေးချေမှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ်လအစောပိုင်းမှာ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
#ymg_mnn
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 12 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်နဲ့ အတူ သစ်ခွကျွမ်းကျင်ပညာရှင် ဒေါက်တာစောလွင်က "မြန်မာ့သစ်ခွ" ဆိုတဲ့ခေါင်းစဉ်အောက်မှာ မြန်မာ့သစ်ခွမျိုးစိတ်ဆိုင်ရာ စိတ်ဝင်စားဖွယ်ရာ နှင့်ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 13 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်နဲ့ အတူ သစ်ခွကျွမ်းကျင်ပညာရှင် ဒေါက်တာစောလွင်က "မြန်မာ့သစ်ခွ" ဆိုတဲ့ခေါင်းစဉ်အောက်မှာ မြန်မာ့သစ်ခွမျိုးစိတ်ဆိုင်ရာ စိတ်ဝင်စားဖွယ်ရာ နှင့်ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
#LocaLNews
Published_13 March 2022
ဒါရိုက်တာမိုက်တီး(ခ)ဦးသန်းထွန်းဇော် အဖမ်းခံရကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
သူနေထိုင်ရာ ရန်ကင်းမြို့နယ်၊ ၁၆ရပ်ကွက်၊ ဘောက်ထောက်နေအိမ်တွင် မတ်လ ၁၂ ရက် ညပိုင်းက တာမွေမြို့နယ်ရဲစခန်းမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းနှင့် ယခုအခါ တာမွေမြို့နယ်ရဲစခန်းမှ ပုဒ်မ ၅၀၅(က)နှင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။
အူမကြီးကင်ဆာရောဂါဝေဒနာကို ခံစားနေရသော ဒါရိုက်တာမိုက်တီးကို တာမွေမြို့မရဲစခန်းက မူးယစ်(ပ) ၂၉/၂၀၁၈ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင် ရာဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၆ရက်တွင် အမှုဖွင့်အရေးယူခဲ့ကြောင်း၊ ယင်းနောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာပြီး ကင်ဆာဆေးများသွင်းနေရကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Published 13 March 2022
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က စတော့အိတ်ချိန်းရပ်ကွက်မှာ လူတွေဟာ ရွှေတွေကို အပြေးအလွှားရောင်းဝယ်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယူကရိန်းစစ်ပွဲကြောင့် ရွှေဈေးတွေက ခေါင်ခိုက်အောင်တက်သွားခဲ့လို့ဖြစ်ပါတယ်။
တစ်ရက်တစ်ရကို ရွှေတစ်ကီလိုကို ယူရိုတစ်ထောင်လောက်တက်နေတာဖြစ်ပြီး အခုဆို စံချိန်တင်လောက်တဲ့အထိ ဈေးက မိုးကိုထောင်တက်နေပြီလို့ ပြောကြပါတယ်။
လူတွေဟာ သူတို့ စုဆောင်းထားသမျှတွေနှင့် ရွှေတွေအလုအယက်ဝယ်လာကြပါတယ်။ မသေချာမရေရာမှုတွေဖြစ်နေတဲ့ အချိန်မှာ ရွှေက စိတ်အချရဆုံးလို့ သူတို့ကပြောပါတယ်။ ရွှေဆိုင်တွေမှာလည်း လူတွေက တစ်ပြိုင်နက်လိုလို စုပြုံဝယ်လာကြလို့ မအားနိုင်ဖြစ်ကြရတယ်လို့ ဆိုင်ရှင်တစ်ဦးကပြောပါတယ်။
Source AFP
#Local_News
Published_ 13 March 2022
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မဲခေါင်-လန်ချန်း ရုပ်သေးပွဲတော်ကို မတ် ၃၀ ရက်မှ ၃၁ ရက်အထိ မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမတွင် အွန်လိုင်းစနစ်နဲ့ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
ကမ္ဘာကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတော့ သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတွေက အနုပညာရှင်တွေအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်ဖို့ လေယာဉ် အခက်အခဲ၊ ကွာရန်တင်းဝင်ရမယ့် အခက်အခဲတွေရှိတဲ့အတွက် Visual စနစ်နဲ့ အွန်လိုင်းကနေကျင်းပမှာ ဖြစ်ပါတယ်။
မန္တလေးမြို့ ရတနာပုံခန်းမမှာ လာမယ့် မတ်လ ၃၀ ရက်နဲ့ ၃၁ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ရုပ်သေးပွဲတော်ကျင်းပရတဲ့ ရည်ရွယ်ချက်က မဲခေါင်ဒေသအတွင်းရှိ နိုင်ငံတွေရဲ့ ရုပ်သေးနဲ့ပတ်သက်တဲ့ အနုပညာရပ်တွေ မပပျောက်ဖို့အတွက် အားလုံးစုပေါင်းပြီး ထိန်းသိမ်းကာကွယ်ဖို့ ဖြစ်ပါတယ်။
အဆိုပါရုပ်သေးပွဲတော်ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ ရုပ်သေးပညာရှင်များပူးပေါင်းပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။
ယင်းရုပ်သေးပွဲတော်တွင် နိုင်ငံအလိုက် ရုပ်သေးဖျော်ဖြေတင်ဆက်မှုများ၊ သက်ဆိုင်ရာနိုင်ငံအလိုက် ရုပ်သေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားမည့် စာတမ်းဖတ်ပွဲများစတဲ့ တင်ဆက်မှုများလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
မဲခေါင်-လန်ချန်း ရုပ်သေးပွဲတော်စီမံကိန်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို မတ် ၁၀ ရက်က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ရှိ ပင်မအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမတွင်း ကျင်းပခဲ့ကြောင်း သိရပါတယ်။
#ymg_mnn
#Yangon_Media_Group
#LocalNews
Published_13 March 2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီး၊ မန္တလေး-ဗန်းမော်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇/၁)တွင် Fuso အမျိုးအစား (အနီရောင်) ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားသောကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယနေ့ မတ်လ ၁၃ ရက် နံနက် က မန္တလေး-ဗန်းမော်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇/၁)တွင် အဆိုပါ Fuso အမျိုးအစား (အနီရောင်) ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားသောကြောင့် လူ(၁)ဦး ကားခေါင်းခန်းအတွင်းညပ်နေကြောင်း သတင်းရရှိသဖြင့် သပိတ်ကျင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ကူညီဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
ယင်းကြောင့် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး ၊ အမျိုးသမီး တစ်ဦးအနက် မ(၁)ဦး သေဆုံးသူမှာ ယာဉ်မောင်းအမျိုးသားဖြစ်ပြီး အခြားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ဒဏ်ရာရရှိသွားသောကြောင့် အောင်ပါရမီလူမှုကူညီရေးအသင်းမှ သပိတ်ကျင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 13 March 2022
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ အခြေစိုက်တဲ့ အေဂျင်စီအသေးကလေးတစ်ခုဖြစ်တဲ့ Eccho Rights ဟာ အခု အတော့်ကို အလုပ်များနေခဲ့ရပါတယ်။ ယခုယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီး သရုပ်ဆောင်ထားတဲ့ ဇာတ်မြူးရုပ်သံစီးရီးကို ရုပ်သံထုတ်လွှင့်ခွင့်လာတောင်းသူတွေများနေလို့ပါ။
ပထမတော့(၁)ဦး၊နောက်တော့(၂) အဲသလိုနှင့် (၂၀)လောက်အထိ ဖြစ်လာနေပါတယ်။
အဲဒီရုပ်သံဇာတ်လမ်းတွဲမှာ ဇီလင်စကီးဟာ သာမန်ကျောင်းဆရာကလေးတစ်ဦးကနေ မမျှော်လင့်ဘဲ ယူကရိန်းသမ္မတဖြစ်သွားရတဲ့ ဇာတ်လမ်းမှာ ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့တာပါ
ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်အပြီးမှာပဲ ဗြိတိန်က ချယ်နယ်လ်(၄)၊ ဂရိက အေအင်န်တီ-၁ နှင့် ရိုမေနီးယားက ပရိုတီဗွီတို့ဟာ ခပ်သွက်သွက်ရောက်လာပြီး အဲဒီ ၂၀၁၅ခုနှစ်တုန်းက ယူကရိန်းမှာပြသခဲ့တဲ့ "Servant of the People" ရုပ်သံဇာတ်မြူကို ထုတ်လွှင့်ပြသခွင့်တောင်းခဲ့ကြပါတယ်။
ထုတ်လွှင့်ပြသခွင့်တစ်ခုရဲ့ဈေးက ဘယ်လောက်လဲဆိုတာကို လျှို့ဝှက်ထားပေမယ့် ယူရိုတစ်သန်းခန့်ရှိတယ်လို့ သိရပါတယ်။
အဲဒီဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်
Source AFP/ECCHO RIGHTS
Page 1924 of 1991