Published 8 March 2022
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်နှင့် ယူကရိန်းရဲ့ပိုင်နက်အတွင်းမှာ ဇီဝဂဓာတ်ခွဲခန်း(၃၀)ကျော်ပါတဲ့ ကွန်ယက်တစ်ခု တည်ဆောက်ထားတယ်လို့ ရုရှားဗိုလ်ချူပ်ကြီးတစ်ဦးက မတ်(၇)ရက်နေ့ကအခိုင်အမာ ပြောကြားလိုက်ပါတယ်။
ရုရှားစစ်တပ်ရဲ့ ဇီဝနှင့်ဓာတုကာကွယ်ရေးတပ်များ တပ်မှူး ဒုတိယဗိုလ်ချူပ်ကြီး အီဂေါကီရီလော့ဗ်က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ဒီဓာတ်ခွဲခန်းတွေဟာ ဆီလျော်မှုရှိတဲ့ ဇီဝလက်နက်သုတေသနလုပ်ငန်းတွေကို နယ်ပယ်(၃)ခုနှင့်လုပ်ဆောင်နေကြတာလို့ သူကဆက်ပြောပါတယ်။
ယူကရိန်းမှာ အနောက်နိုင်ငံတွေဟာ ဇီဝနှင့်ကူးစက်ရောဂါဆိုင်ရာ စမ်းသပ်မှုစီမံကိန်းမျိုးစုံကို လုပ်ဆောင်ခဲ့ကြပြီး ဒေါ်လာသန်း၂၀၀ကျော်ရင်းနှီးမြှဲပ်နှံထားခဲ့ကြတယ်လို့ သူကပြောပါတယ်။
ယူကရိန်းကျန်းမာရေးဝန်ကြီးဌာနက ဓာတ်ခွဲခန်းတွေထဲက ဇီဝဓာတ်စမ်းပစ္စည်းတွေကို အပြီးဖျက်စီးပစ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုတာကို ရုရှားတပ်တွေ သိမ်းဆည်းမိခဲ့တဲ့ ဖိုင်တွေမှာ ပြသနေတယ်လို့ သူကပြောပါတယ်။ ကွန်တိန်နာ ၃၂၀ကျော် ဖျက်ဆီးပစ်ခဲ့ကြပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။
Source CMG/MOD Russia
#WorldTransportation
Published 08 March 2022
ကိုဗစ်ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးရဲ့စီးပွားရေးအခြေအနေ အတက်အကျဖြစ်နေပေမယ့် ဂျာမနီနိုင်ငံ ဒု(စ်)ဘာ့ဂ်မြို့ရှိ တရုတ်-ဥရောပကုန်စည်ပို့ဆောင်ရေးရထားလမ်းကြောင်းလုပ်ငန်းကတော့ အခက်အခဲတွေကိုကျော်လွှားကာ အရှိန်ရနေပြီဖြစ်ပြီး တရုတ်-ဥရောပရပ်ဝန်းလမ်းကြောင်းစီမံကိန်းအတွက် အဓိကမောင်းနှင်အားဖြစ်လာခဲ့ပါပြီ။
#Yangon_Media_Group
#Local_News
Published_ 8 March 2022
ဒီကနေ့ မတ်လ ၈ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)က (၉၉) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဆိုးလ်မြို့မှ ရန်ကုန်မြို့သို့ ပျံသန်းပြေးဆွဲ ပေးခဲ့ကြောင်း သိရပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာ/သွားရောက်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိကြောင်း သိရပါတယ်။
အဆိုပါလေယာဉ်ဟာ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ထွက်ခွာခဲ့ပြီး၊ ဘရာဇီးမှ (၃) ဦး၊ ကနေဒါမှ (၁) ဦး၊ အမေရိကန်ပြည်ထောင်မှ (၁၂) ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာ နိုင်ငံသား (၃၆) ဦး၊ စုစုပေါင်း (၅၂) ဦးတို့ လိုက်ပါသွားကြောင်း သိရပါတယ်။
လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရပါတယ်။
ymg_mnn
#Yangon_Media_Group
Published 8 March 2022
သီရိလင်္ကာရဲ့ အထွတ်အမြတ် အထားဆုံး ဆင်ကြီးဟာ မတ်လ(၇)ရက်နေ့ အသက်၆၈နှစ်အရွယ်မှာ သေဆုံးသွားရှာပါတယ်။ အဲဒီဆင်ကြီးကွယ်လွန်သွားတဲ့အတွက် နိုင်ငံမှာ ပူဆွေးသောကတွေဖြစ်ကြပြီး သမ္မတက ဆင်ကြီးရဲ့ ရုပ်အလောင်းကို ရုပ်လုံးသွင်းပြီး နောက်လာနောက်သားတွေအတွက် ပြသရန်ထားရှိဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
နဒွန်ဂါမူဝါ ရာဂျာလို့ အမည်ပေးထားတဲ့ အဲဒီဆင်ကြီးဟာ ဗုဒ္ဓရဲ့ မြတ်စွယ်တော်ပူဇော်ထားရှိတဲ့ရွှေကြုတ်ကို သူ့တို့ရဲ့ကျောကုန်းပေါ် တင်ပြီး တစ်နှစ်တစ်ကြိမ် ပင့်ဆောင်လှည့်လည်အပူဇော်ခံရမှာ အသုံးပြုတဲ့ ဆင်၁၀၀ထဲမှာ အရေးအပါဆုံး ဆင်ကြီးဖြစ်ပါတယ်။
တနင်္လာနေ့မှာ ကျောင်းသူကျောင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊အဖွားအိုတွေဟာ ဆင်ကြီးရာဂျာကို လာရောက်ပြီး အလေးအမြတ်ပြုကြပါတယ်။ ဆင်ကြီးရဲ့ ကြီးမားတဲ့ အစွယ်တွေကို ထိတွေ့ပြီး ဆုတောင်းပေးကြပါတယ်။
Source AFP
#LocalNews
Published - 8 March 2022
အိုမီခရွန်ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးမြို့မှာ အိုမီခရွန်ရောဂါပိုးရှိသူ ကင်းစင်သွားပြီဖြစ်တဲ့ အတွက် တမူးမြို့ရှိ ကိုဗစ်ကုသရေးစင်တာများကို ပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ သိပါတယ်။
#Yangon_Media_Group
#LocalPolitics
Published - 2 Mar 2022
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့သစ်နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ - NSPNC တို့ ယခုလ ၆ ရက်နေ့မှာ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published -8Mar 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်တာကြောင့် YBS ယာဥ်တွေအနေနဲ့ CNG ရရှိရေး အချိန်ကြာမြင့်စွာတန်းစီနေရကာ သဘာဝဓါတ်ငွေ့အလုံအလောက်မရသလို ရန်ကုန်မြို့တွင်းခရီးသွားလာရေးအတွက် ယာဥ်လိုင်းများက ယာဥ်တွေ အင်အားပြည့်ထွက်ခွာနိင်ခြင်းမရှိဘူးလို့ သိရပါတယ်။
YBS ယာဥ်လိုင်းများအနေနဲ့ သဘာဝဓါတ်ငွေ့ရရှိနိုင်မှုအခြေအနေပေါ်မူတည်ကာ ပြေးဆွဲနေရပြီး ခရီးစဥ်အခေါက်ရေပြည့်မီအောင် မပြေးဆွဲနိုင်ဘူးလို့ အမြင့်မြတ်ဆုံးအင်အားယာဥ်လိုင်း၏ ဥက္ကဌဦးမျိုးဝင်းက ပြောပါတယ်။
"မီးကမမှန်တော့ CNG ဆိုင်တွေမှာလည်း ကားတွေတန်းစီနေရတယ် ဒီတော့ ကားတွေကအကုန်မထွက်နိုင်ဘူး။ဒီတော့ခရီးသည်တွေကလည်း ကားစောင့်ရတာကြာပြီ စုပြုံတက်နေကြတယ် ။CNG မရတော့ တစ်ခေါက်ပဲဆွဲနိုင်တဲ့ကားကဆွဲတယ်။တစ်ခြမ်းပဲဆွဲနိုင်တဲ့ကားကဆွဲတယ် ဒီလိုအခြေအနေတွေဖြစ်နေပါတယ်"လို့ ဦးမျိုးဝင်းကပြောပါတယ်။
အဆိုပါ YBS ယာဥ်များ သဘာဝဓါတ်ငွေ့ရရှိမှု အခြေအနေကြောင်းထွက်ခွာယာဥ်တွေနည်းပါးလာကာ ရုံးတက်ရုံးဆင်းချိန်များတွင် ခရီးသွားလာရေးခက်ခဲနေတယ်လို့ ခရီးသည်တစ်ဦးကပြောပါတယ်။
"ရုံးတက်ရုံးဆင်းချိန်တွေမှာ ကားတွေပြည့်ကြပ်နေတာပဲ။ကားတစ်စီးနဲ့တစ်စီးက လာဖို့အချိန်အကြာကြီးစောင့်ရတယ် လာရင်အလုအယက်တက်ကြတယ်။တစ်ခါတစ်လေဆိုရင် အောက်ဆိုက်ကားတွေကိုပဲ အားထားသွားလာနေရတော့ အပိုကုန်ကျစရိတ်တွေရှိလာတယ်"လို့ ခရီးသည်တစ်ဦးကပြောပါတယ်။
ထို့အပြင် သဘာဝဓါတ်ငွေ့သုံး အငှားယာဥ်များအနေနဲ့လည်း သာဘာဝဓါတ်ငွေ့ဖြည့်တင်းရန် အချိန်ကြာမြင့်တာကြောင့်
ဝင်ငွေရှာဖွေချိန်နည်းပါလာတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 8 March 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံစနစ်ဖြင့် အမေရိကန်ဒေါ်လာ (၁၅,၀၀၀၀,၀၀၀) သန်းကို ဒီကနေ့ မတ်လ ၈ ရက်မှာ ရောင်းချကြောင်းကြေညာခဲ့ပါတယ်။
ဒါဟာ ယခု ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းမှာ ပထမအကြိမ်အဖြစ် အမေရိကန် ဒေါ်လာ ၁၅ သန်းကို ထုတ်ရောင်းလိုက်ခြင်းဖြစ်ပါတယ်။
ယနေ့လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၇၇၈ ကျပ်ဖြစ်တယ်လို့လည်း ဗဟိုဘဏ်၏ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ပြင်ပနိုင်ငံခြား ငွေလဲလှယ်မှုစျေးကွက်မှာတော့ အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်စျေး ၁,၇၈၁ ကျပ်နှင့် ရောင်းစျေး ၁,၇၈၆ ကျပ်အထိ ပေါက်စျေးရှိနေတာဖြစ်ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published_8 March 2022
အခေါက်ရွှေတစ်ကျပ်သားကို မြန်မာကျပ်ငွေ သိန်း ၂၀ ကျော် ဖြစ်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။
ပြီးခဲ့သည့် လကပင် ရွှေဈေး တရိတ်ရိတ်တက်လာခဲ့ပြီးနောက် ယူကရိန်းနှင့် ရုရှား စစ်မက်အရေးကိစ္စကြောင့် ကမ္ဘာ့ရွှေဈေး တက်လာ၍ ပြည်တွင်းရွှေဈေးလည်း တက်လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
"ကျွန်တော်တို့ ရန်ကုန်မှာ ရွှေက အဝယ်မလိုက်ဘူး။ရောင်းတဲ့သူပဲ များနေတာ။ဈေးကွက်မှာ ရွှေပေါတယ်။ဒါပေမယ့် ဈေးကမကျ။မကျတာက ကမ္ဘာ့ဈေးကြောင့်ပါ။ကမ္ဘာ့ဈေးကလည်း ယူကရိန်းနဲ့ ရုရှားကိစ္စပေါ့။သူတို့နှစ်နိုင်ငံ ဆွေးနွေးတာအဆင်ပြေတယ်ဆိုရင် ရွှေဈေးက အပြောင်းအလဲ ရှိတယ်။ မနေ့ကတောင် နည်းနည်းကျတယ်။ဒီနေ့ကတော့ မနေ့ကထက် တက်လာတာကိုတွေ့ရတယ်"ဟု ယင်းကပြောသည်။
ယနေ့ မတ်လ (၈) ရက်ညနေတွင် အကယ်ဒမီ မီးလင်းရွှေတစ်အပိတ်ဈေးမှာ တစ်ကျပ်သားလျှင် 2,016,000(သိန်းနှစ်ဆယ်တစ်သောင်းခြောက်ထောင်)ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး (World Gold Price)တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂,၀၁၈ ဖြစ်သွားခဲ့သည်။
မတ်လ ၇ ရက် ယမန်နေ့ ညနေတွင် အကယ်ဒမီ မီးလင်းရွှေတစ်အပိတ်ဈေးမှာ တစ်ကျပ်သားလျှင် 1,990,000(တစ်ဆယ့် ကိုးသိန်း ကိုးသောင်း)ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး (World Gold Price)တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၉၉၅ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ စာရင်းများအရ သိရသည်။
ရန်ကုန်ရွှေဈေးကွက်တွင် နေ့စဉ် ပုံမှန်ရွှေပိဿာချိန် ၅၀ ခန့် အရောင်းအဝယ်လုပ်နေကြသော်လည်း ယခုရက်ပိုင်းတွင် ပြန်လည်လာရောက်ရောင်းချနေသူများနေကြောင်းလည်း သိရသည်။
ymg/mt
Yangon_Media_Group
#LocalNews
Published_8 March 2022
မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးမှာ အဓိကကျတဲ့ ကျင်စန်းကျော့ဂိတ်က ဖွင့်ခွင့်ပြန်မရသေးတာကြောင့် လက်ရှိ မူဆယ်နယ်စပ်ဂိတ်မှာ ကုန်စိမ်းကားတွေ ရှေ့တိုးမရ ၊ နောက်ဆုတ်ဖို့လည်း ခက်နေတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
#Yangon_Media_Group
#LocalNews
Published_8 March 2022
မြန်မာ့ရွှေဈေးအတက်အကျကိစ္စနဲ့ပတ်သက်ပြီးတော့ ရုရှား - ယူကရိန်း စစ်ရေးအပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 8 Mar 2022
၁။ မူဆယ်နယ်စပ်ဂိတ်တွင် ကုန်စိမ်းကားများ ရှေ့တိုးမရ ၊ နောက်ဆုတ်ရန်လည်းခက်သည့်အခြေအနေဖြစ်နေ။
၂။ ရွှေဈေးအတက်အကျကိစ္စ ရုရှား - ယူကရိန်း စစ်ရေးအပေါ်မူတည်နေ ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကိုဗစ်ကပ်ရောဂါကာလအတွင်း အဓိကစီးပွားရေးအသက်သွေးကြောဖြစ်လာသည့် တရုတ်-ဥရောပကုန်စည်ပို့ဆောင်ရေးရထားလုပ်ငန်း.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Page 1888 of 1946