#WorldHealth
Published - 22 February 2022
ဗိုက်တာမင်-စီ၊ ဗိုက်တာမင်-ဒီနဲ့ ဇင့်တို့လို ဗိုက်တာမင်အားဆေးတွေက ကိုဗစ်ရောဂါကြောင့်အသက်သေဆုံးနိုင်ချေကို မလျှော့ချပေးနိုင်ကြောင်း တိုလီဒိုတက္ကသိုလ်မှ လေ့လာချက်တစ်ခုမှာ တွေ့ရှိခဲ့ကြပါတယ်။
အဆိုပါလေ့လာချက်တွင် ပြည်တွင်းဆေးပညာဦးစီးဌာနမှ ဒေါက်တာ'အာဇီဇူလာဘာရန်'၊ အဆုတ်နဲ့အရေးပေါ်ဌာနမှ ဒေါက်တာ'ရာဂက်အဆာလီ'နဲ့ အခြားသုတေသီများစွာတို့ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး Clinical Nutrition ESPEN ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ဒီဖြည့်စွက်စာအားဆေးတွေကို ဗိုင်းရပ်စ်ရောဂါပိုးခုခံနိုင်ဖို့ အတွက် အသုံးပြုလို့ ရပေမယ့် ကိုဗစ်ရောဂါကို ထိရောက်စွာကုသနိုင်တယ်လို့ တော့ အထောက်အထားမတွေ့ရှိသေးပါဘူး။
သုတေသီတွေက ဒီဇင်ဘာ ၅ ရက်နေ့ ၂၀၂၁ အထိ ဆေးကုသမှုအချက်အလက်တွေကို လေ့လာရှာဖွေခဲ့ပြီး အသက်သေဆုံးမှုနှုန်း၊ အသက်ရှူကိရိယာလိုအပ်မှုနှုန်း၊ ဆေးရုံတက်ကုသခံယူမှုကြာချိန်တို့ကို ဆန်းစစ်ခဲ့ကြပါတယ်။
ကိုဗစ်လူနာ ၅,၆၃၃ ဦးမှာ ဇင့်၊ ဗိုက်တာမင်-စီ၊ ဗိုက်တာမင်-ဒီအသုံးပြုမှုတွေနဲ့အတူ စောင့်ရှောက်ကုသခံရမှုတို့ကို သုတေသီတို့က နှိုင်းယှဉ်ခဲ့ ကြပါတယ်။
အဆိုပါဗိုက်တာမင်အားဆေးတွေက အသက်သေဆုံးမှုကို ကာကွယ်ပေးနိုင်ခြင်းမရှိပေမယ့် ဆေးရုံတက်ကုသခံယူရချိန်နဲ့ အသက်ရှူကိရိယာလိုအပ်မှုတို့ကိုတော့ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဦးဆောင်သုတေသနပြုသူ'ဘာရန်'က "ဇင့်၊ ဗိုက်တာမင်-စီ၊ ဗိုက်တာမင်-ဒီ အားဆေးများအသုံးပြုခြင်းက ကိုဗစ်ရောဂါကိုသက်သာစေတယ်လို့ အထင်အမြင်လွဲနေကြပါတယ်။ တကယ်က အဲဒီလိုမဟုတ်ပါဘူး" လို့ သတိပေးလိုက်ပါတယ်။
ဗိုက်တာမင်တွေနဲ့သတ္တုဓာတ်တွေက အန္တရာယ်ဖြစ်စေတယ်လို့ ဆိုလိုတာမဟုတ်ကြောင်း၊ ဒါပေမဲ့လည်း ကိုဗစ်ရောဂါကြောင့်အသက်သေဆုံးနိုင်ချေကိုတော့ မကာကွယ်နိုင်ကြောင်း သုတေသီတွေက မှတ်ချက်ပြုဖော်ပြထားပါတယ်။
Source: The Jerusalem Post
Published 22 February 2022
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက “ကျွန်တော်တို့ ကိုယ့်မြေမှာကိုယ်နေကြတယ်။ဘယ်အရာကိုမှ ဘယ်သူကိုမှ မကြောက်ဘူး” လို့ တုန့်ပြန်ပြောဆိုပါတယ်။ ရုရှားသမ္မတပူတင်က ယူကရိန်းခွဲထွက်ဒေသနှစ်ခုကို လွတ်လပ်တဲ့ နိုင်ငံတွေ အဖြစ် အသိအမှတ်ပြုပြီး အဲဒီဒေသတွေကို ငြိမ်းချမ်းရေးအတွက်တပ်တွေစေလွှတ်ဖို့အမိန့်ပေးပြီးနောက် ယူကရိန်းသမ္မတက ယခုလို ပြောဆို တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။
Source AFP
Published 22 February 2022
ရုရှားသမ္မတ ဗလက်ဒီမာပူတင်ဟာ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးဒေသနှစ်ခုရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုလိုက်ပြီး အဲဒီနေရာတွေကို ရုရှားတပ်တွေ စေလွှတ်ဖို့ ဖေဖော်ဝါရီ(၂၁)ရက်က အမိန့်ပေးလိုက်ပါတယ်။
အဲဒီအတွက် စစ်ကြီးတစ်ခုဖြစ်လာတော့မယ်လို့ အနောက်နိုင်ငံတွေက ကြောက်ရွံ့နေကြတဲ့ အကျပ်အတည်းကို ပိုပြီးအရှိန်မြင့်သလိုဖြစ်သွားစေပါတယ်။
အဲဒီဒေသနှစ်ခုရဲ့လွတ်လပ်ရေးကိုအသိအမှတ်ပြုကြောင်း အမိန့်ထုတ်ပြန်ပြီးတာနှင့် ပူတင်က ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကို အဲဒီဒေသတွေငြိမ်းချမ်းရေးတည်တံ့စေဖိုဆိုပြီး တပ်တွေစေလွှတ်ဖို့ပြောခဲ့ပါတယ်။
ဒိုနက်စ်ရဲ့မြို့တစ်လျောက် ကြီးမားတဲ့စစ်ယန္တယားတွေ ပုံမှန်မဟုတ် ဦးတည်ရွေ့လျားနေတာကို ရိုက်တာရဲ့မျက်မြင်သက်သေတစ်ဦးက မြင်တွေ့ပါတယ်။
ရုရှားက လွတ်လပ်သော အဖွဲ့အစည်းနှစ်ခုအဖြစ် အသိအမှတ်ပြုလိုက်တဲ့ ဒေသတွေဟာ သူတို့ကိုယ်သူတို့ ပြည်သူ့ သမ္မတနိုင်ငံတွေအဖြစ်ကြေညာထားတဲ့ ဒိုညက်စ်ပြည်သူ့သမ္မတနိုင်ငံနှင့် လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ ခွဲထွက်ရေး ဒေသနှစ်ခုပဲဖြစ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကို ညတွင်းချင်းခေါ်ထားပါတယ်။
Source Reuters

#WorldTrade
Published 21 February 2022
တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒုံဒေသရှိ ချင်ဒေါင်ဆိပ်ကမ်းမြို့မှ ဂျာမနီနိုင်ငံမန်ဟိုင်းမြို့သို့ ဆက်သွယ်ထားသည့် ပထမဦးဆုံး တရုတ်-ဥရောပ နှစ်လမ်းသွားကုန်တင်ရထားလမ်းကြီးမှာ သောကြာနေ့က စတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 21 February 2022
ယူကရိန်းအရေးကိစ္စ တင်းမာမှုတွေ အရှိန်တက်နေတာကြောင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွေမှာ လူသုံးကုန်ပစ္စည်းတွေနှင့် စတော့ဈေးကွက်တွေအပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ ကျွမ်းကျင်သူတစ်ဦးက CGTN သတင်းဌာနကို မကြာသေးခင်က ပြောပါတယ်။
ဂျုံကစလို့ လောင်စာဆီဈေးနှုန်းတွေအထိ ပြီးတော့ အချို့သော စတော့ဈေးတွေဟာ ထိခိုက်မှုတွေရှိလာနေတယ်လို့ တရုတ်နိုင်င်ငံ ဟန်ဆင်းဘဏ်ရဲ့ စီးပွားရေးပညာရှင်ချုပ် ဝမ်ဒန်း ပြောပါတယ်။
Source CGTN
Published 21 February 2022
မြန်မာနိုင်ငံအပေါ် လူမျိုးတုံးစေတဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးက ICJ တရားစီရင်ပေးဖို့ ဦးတိုက်လျှောက်ထားခဲ့တဲ့အပေါ် ဒုတိယအကြိမ်ကြားနားမှုကို ယနေ့ ဖေဖော်ဝါရီ(၂၁)ရက်မှာ စတင်ခဲ့ပါတယ်။မြန်မာနိုင်ငံ နစက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ ကနဦးကန့်ကွက်မှုပြုလုပ်ခဲ့ပါတယ်။ကြားနာမှုကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ကုလရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။


Published 21 February 2022
အီရန်စစ်တပ် တိုက်လေယာဉ်တစ်စီးဟာ တနင်္လာနေ့က အနောက်မြောက်ပိုင်းက တာဘရစ်ဇ်မြို့ လူနေရပ်ကွက်တစ်ခုအပေါ် ပျက်ကျခဲ့တဲ့အတွက် လေယာဉ်အမှုထမ်းနှစ်ဦးအပါအဝင် လူ(၃)ဦးသေဆုံးခဲ့ရပါတယ်လို့ နိုင်ငံပိုင် ရုပ်သံက သတင်းထုတ်လွှင့်ပါတယ်။
လေယာဉ်ဟာ ကျောင်းတစ်ကျောင်းအတွင်း ထိုးဆင်းပျက်ကျသွားတာဖြစ်ပြီး ရပ်ကွက်ထဲက လူတစ်ဦးသေဆုံးခဲ့ရတယ်လို့ ပြည်တွင်းလခြမ်းနီအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။
ကျောင်းဟာ ကိုဗစ်ကပ်ဘေးကြောင့် ပိတ်ထားတာဖြစ်တယ်လို့ ဒေသခံအရာရှိတစ်ဦးဖြစ်တဲ့ မိုဟာမက်ဘက်ဂါဟိုနာဗာက နိုင်ငံပိုင်ရုပ်မြင်သံကြားကိုပြောပါတယ်။
လေယာဉ်ဟာ F-5အမျိုးအစားတိုက်လေယာဉ်တစ်စီးဖြစ်ပြီး မနက်(၉)နာရီခန့်မှာ မိုနာဂျမ်က တာဘရစ်ရပ်ကွက်အလယ်ကို ထိုးဆင်းပျက်ကျခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ပျက်ကျမှုနှင့်ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီလို နိုင်ငံပိုင်ရုပ်သံကပြောပါတယ်။
အီရန်လေတပ်မှာ အများစုက ရုရှားရဲ့လေယာဉ်တွေဖြစ်ပြီး တရုတ်လေယာဉ်တွေလည်းရှိပါတယ်။
အဲဒီအထဲမှာ ၁၉၇၉ အစ္စလမ်မစ်တော်လှန်ရေးမတိုင်ခင်ကတည်းကရှိခဲ့တဲ့အမေရိကန်လုပ် F-4 နှင့် F-5 တိုက်လေယာဉ် အချို့တော့ဆက်လက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာ/ရှင်
Source AFP
#LocalNews
Published - 21 Feb 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့တွေကို ဖွဲ့စည်းထားပြီးသက်ဆိုင်ရာခရိုင်အလိုက် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
#Yangon_Media_Group
Published 21 February 2022
တွစ်တာနှင့်ဖေ့စ်ဘုတ်ခ်တို့ကဲ့သို့သော ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်က သတင်းအမှားတွေကို ဟန့်တားထိန်းချုပ်ဖို့ ပါကစ္စတန်က ဥပဒေတွေကို ပိုပြီးတင်းကျပ်လိုက်ပါတယ်။
သမ္မတ အာရစ်အယ်လ်ဗီက ပါကစ္စတန်နိုင်ငံရဲ့ အီလက်ထရွန်းနစ်ရာဇဝတ်မှုခင်းများတားဆီးကာကွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို အတည်ပြုလိုက်ပါတယ်။ အဲဒီပြင်ဆင်ချက်အရ ဆိုရှယ်မီဒီယာကပို့စ်တစ်ခုခုအပေါ် မည်သူမဆို အမှုဖွင့် တိုင်ကြားနိုင်ခွင့်ရသွားပါတယ်။ အဲဒီအပြင်ထောင်ဒဏ်ကိုလည်း (၃)နှစ်ကနေ (၅)နှစ်အထိတိုးမြှင့်လိုက်ပါတယ်။ ပြင်ဆင်ချက် မှာ အွန်လိုင်းကနေ သတင်းမှားဖြန့်သူတွေရဲ့ကျူးလွန်မှုကို အာမခံပေးလို့မရတဲ့ပြစ်မှုအဖြစ်ပါ ပြင်ဆင်ထားပါတယ်လို့ တရား ရေးဝန်ကြီးဖာရော့တ်နက်ဆမ်က တနင်္ဂနွေနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
Source: Bloomberg
#LocalNews
Published - 21 Feb 2022
အိုမီခရွန်ရောဂါပိုး စတင်တွေ့ရှိခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးမြို့တွင် လက်ရှိအချိန်တွင် ကိုဗစ်အတည်ပြု လူနာ ၅၆ ဦးသာကျန်ရှိတော့တယ်လို့ တမူးမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 21 Feb 2022
YBS ယာဥ်လိုင်းအချို့က ယာဥ်စီးခနှုန်းထားများအား ပြောင်းလဲသတ်မှတ်လိုက်ပြီး ခရီးစဥ်တစ်ကြောင်းလျှင်
ကျပ် ၄၀၀ အထိ ပြောင်းလဲကောက်ခံလာကြတယ်လို့ ရန်ကုန်မြို့ရှိ ခရီးသွားပြည်သူများထံမှ သိရပါတယ်။
ဒါ့အပြင် အဆိုပါ ယာဥ်စီးခနှုန်းထားများကို မနက်ဖြန်( ဖေဖော်ဝါရီလ ၂၂)ရက်နေ့မှစတင်၍ ကောက်ခံသွား
မည်ဟု ယာဥ်လိုင်းအချို့၏ YBS ယာဥ်များပေါ်တွင် အသိပေးကြေညာထားသလို ယာဥ်စီးခနှုန်းထားများ
အနေနဲ့ ခရီးစဥ်တစ်ကြောင်းကို ငွေသားဖြင့်ဆိုပါက ကျပ် ၄၀၀ ကျသင့်မည်ဖြစ်ပြီး YPS ကဒ်ဖြင့် ဆိုပါက (ဒစ်စကောင့် ၁၀ ရာခိုင်နှုန်း)ဖြင့် ၃၆၀ ကျပ် ကျသင့်မှာဖြစ်တယ်လို့ ဆိုပါတယ်။
"တကယ်လို့ YBS ကားခတွေ ၄၀၀ ဖြစ်မယ်ဆိုရင် အသွားအပြန်တင် တစ်နေ့ လမ်းစရိတ်က ၈၀၀ ဖြစ်ပြီ။
ဒါက ကားတစ်ဆင့်ထဲ စီးရတဲ့သူတွေ အတွက်ပါ။တစ်ရက်ကို ကားနှစ်ဆင့် သုံးဆင့်စီးပြီး ရုံးတက်ရတဲ့သူတွေ သွားလာရတဲ့သူတွေဆိုရင် တွေးသာကြည့်ပေတော့ တကယ်အဆင်မပြေပါဘူး။ ယာဥ်စီးခနှုန်းထားက တအားများပါတယ်။ လိုင်းကား တစ်ခါစီးရင် ၄၀၀၊နှစ်ခါစီး ၈၀၀၊ သုံးခါစီး ၁,၂၀၀ ဆို နေ့စဥ်ဆိုရင် အလုပ်သွား၊အလုပ်ပြန်အတွက် တကယ်မလွယ်ပါဘူး။ ကားသုံးဆင့်စီးရတဲ့သူတွေဆိုရင် သွားပြီ။ အခုတောင် လှိုင်သာယာဘက်သွားတဲ့ ကားတွေဆိုရင် ဘယ်စီးစီး ၅၀၀ ဖြစ်နေပြီလို့ ကြားပါတယ်။ ကျွန်တော်တို့ အခုစီးနေတာ ခရီးစဥ်တစ်ကြောင်း ၃၀၀ ပေးရတယ်။ အခု ၄၀၀ တက်မယ်ဆိုတော့ နေ့စဥ်လိုင်းကားစီးဖို့တောင် အဆင်မပြေတဲ့ အနေအထားမှာရှိပါတယ်။"လို့ ရန်ကုန်မြို့ ရှိ ကုမ္ပဏီဝန်ထမ်းတစ်ဦးက YBS ယာဥ်စီးခများ တိုးမြှင့်လာခြင်းအပေါ် ၄င်း၏အမြင်ကို ပြောပြခဲ့ပါတယ်။
ပြည်တွင်းစက်သုံးဆီဈေးအပါအဝင် အခြားယာဉ်အပိုပစ္စည်းဈေးနှုန်း မြင့်တက်လာခြင်း၊ ပြုပြင်ထိန်းသိမ်းမှုစရိတ်များ မြင့်မားလာခြင်းတို့ကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးနှုန်းထားများ တိုးမြှင့်ကောက်ခံရန် ယခုဖေဖော်ဝါရီလဆန်းပိုင်းကတည်းက ယာဉ်လိုင်းကုမ္ပဏီများဘက်မှ ပြင်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် YBS ယာဉ်စီးခများကို ငွေကျပ် ၄၀၀ ထက်မပိုသောနှုန်းထား တရားဝင်ကောက်ခံနိုင်ရေး ယာဉ်လိုင်းကုမ္ပဏီများက YRTC ထံသို့ တင်ပြခဲ့ကြောင်း ယခုလဆန်းပိုင်းက သတင်းထွက်ပေါ်ခဲ့တာပါ။
“နဂိုကတည်းက ၅၀၀၊ ၁,၀၀၀ ကောက်တဲ့ ယာဉ်လိုင်းတွေကို အရေးယူတယ်။ အရင်ကတည်းက သူ့အပိုင်းလိုက် ၄၀၀ အထိက ခွင့်ပြုပြီးသား။ တိုးခွင့်တော့မပေးဘူး။"ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
ထို့အပြင် ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိနေသော YBS ယာဉ်စီးခများကို တိုးမြှင့်ကောက်ခံရန် ညွှန်ကြားထားခြင်းမရှိဘူးလို့လည်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုကော်မတီ(YRTC)က မကြာသေးမီ ရက်ပိုင်းအတွင်းမှာ ထပ်မံအသိပေးကြေညာထားတာပါ။
လက်ရှိ ရန်ကုန်မြို့တွင် YBS ယာဉ်လိုင်း ၁၁၈ လိုင်း၊ ယာဉ်စီးရေ ၂,၇၅၂ စီးရှိပြီး နေ့စဥ် စီးနင်းသွားလာသူ ခရီးသည်စုစုပေါင်းက ၅၁၄,၉၄၃ ဦးအထိ ရှိတယ်လို့ YRTC ရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 21 Feb 2022
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်မြို့နယ် အင်းစိန်လမ်းမကြီးနဲ့ သမိုင်းဘူတာရုံလမ်းထောင့်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကသိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်က မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်၊ (၂)ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထာင့်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စိစစ်ခဲ့ရာ Mark II အဖြူရောင်ယာဉ် (စိစစ်ဆဲ)ပေါ်မှ လက်ပစ်ဗုံးဖြင့် ပစ်ခဲ့တာကြောင့် လမ်းထောင့်၊ City Mart ရှေ့ရှိ ယာဉ်ထိန်း Police Box အနီးသို့ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
"ပေါက်ကွဲမှုဖြစ်စဥ်က မှန်ကန်ပါတယ် ယာဥ်တစ်စီးပေါ်က လက်ပစ်ဗုံးနဲ့ပစ်သွားတာပါ။တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရှိပါတယ်"လို့ ရဲတပ်ဖွဲ့အရာရှိတစ်ဦးက အတည်ပြုပြောကြားပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် ယာဉ်ထိန်း Police Box အောက်ခြေကာရံထားတဲ့ သွပ်ပြားများ ကွာကျပျက်ဆီးခဲ့ပြီး ယာဉ်ထိန်း Police Box တွင် တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)၊ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဝဲ/ယာ ခြေထောက်တို့တွင် ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူ တပ်ဖွဲ့ဝင် (၃)ဦးကို ဆေးရုံသို့ပို့ဆောင်ထားပြီး လက်ပစ်ဗုံးနဲ့ပစ်ခတ်တဲ့ Mark II အဖြူရောင်ယာဉ်အား ဖမ်းဆီးရမိရေး ပိတ်ဆို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1840 of 1872