Published 2 March 2022
ယူကရိန်းနိုင်ငံတော်အရေးပေါ်ဌာနက ထုတ်ပြန်တဲ့ ဗွီဒီယိုမှာ မီးသတ်သမားတွေဟာ ရုရှားတို့ရဲ့ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရတဲ့ ခါကစ်ဒေသရဲဌာန အဆောက်အအုံကို မီးငြိမ်းသတ်နေတာတွေကြရပါတယ်။
မီးသတ်သမားတွေဟာ ရုရှားတို့ရဲ့ ဒုံးကျည်နှင့်အပစ်ခံရလို့ မီးလောင်နေတဲ့ ခါကစ်ဒေသရဲဌာနအဆောက်အအုံကို မတ်လ(၂)ရက်နေ့က ဝိုင်းဝန်းမီးငြှိမ်းသတ်နေကြပါတယ်။
အဲဒီတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူတွေရှိမရှိနှင့် ဘယ်လောက်ရှိသလဲဆိုတာ မသိကြရသေးပါဘူး
ပြီးခဲ့တဲ့ (၂၄)နာရီအတွင်းတော့ ခါကစ်မှာ လက်နက်ကြီးတွေနှင့်အပစ်ခံရတဲ့အတွက် လူအနည်းဆုံး၁၂ဦး သေဆုံးပြီး ၁၁၂ဦး ဒဏ်ရာရရှိထားတယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး အိုလက်ဆိုင်နီဂူဗော့က မတ်(၂)ရက်နေ့ကပြောကြားထားပါတယ်။
Source: Ukraine State Emergency Service/Agencies
#LocalPolitics
Published - 2 Mar 2022
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့သစ်နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ - NSPNC တို့ ယခုလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့မှာ တွေ့ဆုံဖို့ရှိနေပြီး တွေ့ဆုံမှုအပြီးမှာ နိုင်ငံရေးပါတီ ၉၀ ကျော်ပြန်လည်တွေ့ဆုံပြီး ပါတီအစုအဖွဲ့ကို ပြင်ဆင်သွားဖို့ရှိနေပါတယ်။
#Yangon_Media_Group
#LocalNews
Published - 2 March 2022
၂၀၂၁ ခုနှစ်ကစပြီးတော့ တောက်လျှောက်တက်လာတဲ့ စက်သုံးဆီဈေးနှုန်းကြောင့် အငှားယာဉ်မောင်းတွေ အခက်အခဲတွေ့လာကြရပါတယ်။
#Yangon_Media_Group
#LocalBusiness
Published -2 Mar 2022
ကပ်ရောဂါနဲ့ ကုန်သွယ်မှုအခက်အခဲရှိခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း လယ်ယာသားငါးကဏ္ဍမှ ပြည်ပတင်ပို့မှုအဖြစ် အမေရိကန်ဒေါ်လာ ၄၃၆၁ ဒသမ ၄၂ သန်းကို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ပြည်တွင်း/ပြည်ပကုန်သွယ်မှုကန့် သတ်ချက်များရှိနေသည့်ကြားက ပုံမှန်အခြေအနေမဟုတ်သော်လည်း ပြည်ပတင်ပို့မှုအနေနဲ့ လယ်ယာထွက်ကုန်မှ အမေရိကန်ဒေါ်လာ ၃,၆၅၀ ဒသမ ၂၈ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၁ သန်းနှင့် ရေထွက်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၆၃ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄,၃၆၁ ဒသမ ၄၂ သန်းကို တင်ပို့နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နစက ဥက္ကဌရဲ့ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့တဲ့သဝဏ်လွှာအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကဏ္ဍအသီးသီးရဲ့ ကုန်ထုတ်လုပ်မှုတွင် အဟန့်အတားများစွာဖြစ်ပေါ်ခဲ့သော်လည်း အဓိကစားနပ်ရိက္ခာများ ထုတ်လုပ်မှုတွင် မူလအတိုင်းထုတ်လုပ်နိုင်ခဲ့သည့်အတွက် လယ်ယာသားငါးကဏ္ဍထုတ်လုပ်မှု အရှိန်အဟုန်မကျဘဲ တိုးတက်မှုနှုန်း (၁)ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ သိရပါတယ်။။
လယ်ယာသားငါးကဏ္ဍအနေနဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး(GDP)တွင် ၂၂ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုး၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။။
စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် မိုးစပါးစိုက်ဧက ၁၅ ဒသမ ၀၁ သန်းစိုက်ပျိုးခဲ့ပြီး အထွက်တင်းသန်းပေါင်း ၁,၀၅၃ ဒသမ ၇၃ တင်းထွက်ရှိခဲ့ကာယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက စိုက်ဧက (၈၁,၃၄၃)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်းသန်းပေါင်း ၂ ဒသမ ၆၈ တင်း ပိုမို ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပဲမျိုးစုံစိုက်ဧက ၉ ဒသမ ၆၃ သန်း စိုက်ပျိုးခဲ့ပြီး အထွက်တင်း သန်းပေါင်း ၂၄ ဒသမ ၁၆ တင်း၊ ဆီထွက်သီးနှံစိုက်ဧက ၇ ဒသမ ၃၇ သန်းနှင့် အထွက်တင်း သန်းပေါင်း ၉၆ ဒသမ ၂၂ တင်း၊ အစေ့ထုတ်ပြောင်းစိုက်ဧက ၁ ဒသမ ၄၉ သန်းဖြစ်ပြီး အထွက်တင်း သန်းပေါင်း ၇၉ ဒသမ ၆၅ တင်းထွက်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လယ်ယာ သားငါး အဓိကထွက်ကုန်များ ပြည်ပသို့တင်ပို့မှုအနေနဲ့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆၆ သန်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၅၇၈ ဒသမ ၉၄ သန်း၊ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၇၅ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁,၃၂၄ ဒသမ ၂၇ သန်း၊ ပြောင်းတန်ချိန် ၂ ဒသမ ၅၄ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၄၀ ဒသမ ၁ သန်း၊ နှမ်းတန်ချိန် ၀ ဒသမ ၁၈ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၃၆ ဒသမ ၃၃ သန်း၊ ရော်ဘာစိမ်းတန်ချိန် ၀ ဒသမ ၂၄ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၅၈ ဒသမ ၁၁ သန်းနှင့် ရေထွက်ပစ္စည်းတန်ချိန် ၀ ဒသမ ၅၁ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၆၃ သန်း အသီးသီး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 2 Mar 2022
မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအို ကားလမ်းအား ယနေ့(မတ်လ ၂ ရက်)တွင် ပြန်ဖွင့် ပေးလိုက်ပြီး စက်သုံးဆီတင်ယာဉ်နှင့် ကုန်တင်ယာဉ်များသွားလာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
တပ်မတော်နှင့် ဒေသခံ PDF - KIA ပူးပေါင်းတပ်တို့အကြားဖြစ်ပွားခဲ့တဲ့ ပူတာအိုဒေသ တိုက်ပွဲများကြောင့် အဆိုပါ မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအို ကားလမ်းကို ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ပိတ်ထားခဲ့ရတာဖြစ်ပြီး ကုန်စည်စီးဆင်းမှုအပိုင်းမှာ နှောင့် နှေးကြန့်ကြာမှုတွေလည်းရှိခဲ့တာ ဖြစ်ပါတယ်။
ယင်းကားလမ်းကို ယခင်သတ်မှတ်ထားသည့် ကန့်သတ်ချိန်များဖြစ်သည့် မနက် ၆ နာရီမှ ည နေ ၅ နာရီ အတွင်း အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
သို့ သော်လည်း တားမြစ်ကုန်စည်များနှင့် ခရီးသည်များကိုတော့ တင်ဆောင်ဖြတ်သန်းခွင့်မပြုသေးဘူးလို့ ဆိုပါတယ်။
ပူတာအိုဒေသတိုက်ပွဲများကြောင့် ပြီးခဲ့တဲ့လပိုင်းမှာ လမ်းပန်းဆက်သွယ်ရေးအပိုင်းတွင် အခက်အခဲများစွာရှိခဲ့ပြီး ကုန်စည်စီးဆင်းမှုတွင် နှောင့်နှေးကြန့်ကြာမှုတွေရှိခဲ့သလို ပူတာအိုမြို့ မှာ စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်ရှားပါးတာတွေ ရှိခဲ့တာပါ။
ဒါ့အပြင် ပူတာအိုဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေသည့်အတွက် လမ်းပန်းဆက်သွယ် ရေး အခြေအနေက အရင်လို ကောင်းမွန်ခြင်းမရှိသေးဘူးလို့လည်း ဒေသခံများထံမှ သိရပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#Local_News
Published_ 2 Mar 2022
ခရီးသွားပြည်သူများ YPS ကတ်စနစ်အသုံးပြု၍ ယာဉ်စီးခလွယ်ကူစွာပေးချေမှု အဆင်ပြေချောမွေ့စေရန်အတွက်(Yangon Payment Services-YPS)မှ YBS-3 နှင့် YBS-7 ယာဉ်လိုင်းနှစ်လိုင်းတွင် ကတ်သစ်ဝယ်ယူခြင်း၊ ယာဉ်စီးခဖြည့်သွင်းခြင်းနှင့် လက်ကျန်ငွေစစ်ဆေးခြင်းတို့ကို ယာဉ်ပေါ်မှာ သတ်မှတ်ဝန်ထမ်းများက ဝန်ဆောင်မှုဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
YBS-3 ယာဉ်လိုင်းပေါ်မှာ မတ်လ ၂ ရက်(ယနေ့)နှင့် မတ်လ ၃ ရက်နေ့(မနက်ဖြန်) တို့တွင် YPS ကတ်သစ်ဝယ်ယူခြင်း ၊ ယာဉ်စီးခဖြည့်သွင်းခြင်း၊ YPS လက်ကျန်ငွေစစ်ဆေးခြင်းတို့ကို ယာဉ်ပေါ်တွင် သတ်မှတ်ဝန်ထမ်းများက ဝန်ဆောင်မှုပေးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
YBS-7 ယာဉ်လိုင်းပေါ်မှာဆိုရင်လည်း မတ်လ ၄ ရက်(သောကြာနေ့) နှင့် မတ်လ ၅ ရက် (စနေနေ့) တို့တွင် ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ကတ်သစ်ဝယ်ယူမယ့် ခရီးသည်တွေအတွက်လည်း ကတ်သစ်ဝယ်ယူ၍ ကနဉီး ယာဉ်စီးခ ၃,၀၀၀ ကျပ် ဖြည့်ရုံနဲ့ ကတ်ဖိုးပေးစရာလုံးဝမလိုတဲ့ Special Promotion ဖြင့် ဝန်ဆောင်မှုပေးမှာ ဖြစ်တယ်လို, YPS မှ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 2 March 2022
အောင်မင်္ဂလာအဝေးပြေးဝင်းကနေ ဧရာဝတီတိုင်းဒေသကြီးကလွဲပြီးတော့ ကျန်တဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးကို ပြေးဆွဲနေကြတဲ့ အဝေးပြေးယာဉ်လိုင်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလက စပြီးတော့ ရပ်နားခဲ့ကြရပါတယ်။
#Yangon_Media_Group
Published 02 March 2022
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာနှင့် အင်္ဂ်ါနေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ကြပါတယ်။
ဖုန်းဆက်သွယ်ပြောဆိုရာမှာ ပထမဦးဆုံး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ကူဘီလာက ယူကရိန်း-ရုရှား ပထမအကျော့ ဆွေးနွေးပွဲအကြောင်းကို အကျဉ်းချုပ်ပြီးရှင်းပြပြီး တိုက်ခိုက်မှုတွေရပ်တန့်ဖို့က ယူကရိန်းအတွက် ထိပ်ဆုံးဦးစားပေးဖြစ်တယ်လို့ပြောပါတယ်။
Source CMG
#LocalNews
Published 2 Mar 2022
စက်မှုဇုန်ထုတ် လျှပ်စစ်ကားတစ်စီးကို အပြီးအစီး ငွေကျပ် သိန်း ၁၂၀ စွန်းစွန်းလောက်နဲ့ ဒီကနေ့ မတ်လ ၁ ရက် နေ့ကစပြီးတော့ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။
#Yangon_Media_Group
#Local_Health
Published_ 2 Mar 2022
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတာကြောင့် ခေတ္တပိတ်ထားသော အထူးကုပြင်ပလူနာ
ဌာနများအပါအဝင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနများ
အားလုံးကို ပုံမှန်အချိန်ဇယားအတိုင်း ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ပြင်ပလူနာဌာနခြောက်ခုမှ အထူးကုဆရာဝန်ကြီးများမှာ ကိုဗစ်ရောဂါခံစားခဲ့ရသဖြင့် ခေတ္တပိတ်ထားခဲ့ခြင်းဖြစ်ပါတယ်။
နှလုံးဆေးကုပြင်ပလူနာဌာနအား ဖေဖော်ဝါရီလ ၁၄ ရက်တွင်လည်းကောင်း၊ အထွေထွေအထူးကုသမားတော်ဌာန၊ ကင်ဆာဆေးကုဌာန၊ အကြောအဆစ်အထူးကုဌာန၊ အစာအိမ်နှင့်အူလမ်းကြောင်းဆေးကုဌာနနှင့် ဟော်မုန်းရောဂါအထူးကုဌာနတိုအား ဖေဖော်ဝါရီလ ၁၅ ရက်မှစတင်ကာ ခေတ္တပိတ်ထားခဲ့ရခြင်းဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 2 March 2022
ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်တွေနဲ့အတူ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီခံထားရတဲ့ မလေးရှားနိုင်ငံသားပါ ဒီကနေ့ ပြန်လည်လွှတ်မြောက်လာပါတယ်။
မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရပြီး အင်းစိန်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ မလေးရှားနိုင်ငံသားကို လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ ကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး မတ်လ ၂ ရက်နေ့ ဒီကနေ့မှာ အကျဉ်းထောင်မှ လွှတ်ပေးခဲ့တာပါ။
မလေးရှားနိုင်ငံသား Fariz Azman Bin Zaunul Azman ဟာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ မှာ မြန်မာနိုင်ငံသို့ လေကြောင်းခရီးနဲ့ ရောက်ရှိလာတာလို့ သိရပါတယ်။
ဒီကနေ့ အနုပညာရှင် ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာဝိုင်း၊ ဘလော့ဂါဝင်းမင်းသိန်း တို့ကို ပြစ်ဒဏ်က လွှတ်ငြိမ်းခွင့်ပေးတယ်လို့ ကြေညာထားပါတယ်။
ပုဒ်မ ၅၀၅- ကနဲ့ တရားစွဲခံရတဲ့ သရုပ်ဆောင် ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ကို ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံထားရတာ ဖြစ်ပြီး မဝင်းမင်းသန်းမှာတော့ ပုဒ်မ ၅၀၅-က အပြင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ပါ တရားစွဲဆိုခံခဲ့ရတာပါ။
ymg/ei
#Yangon_Media_Group
#WorldPolitics
Published 02 March 2022
ရုရှား-ယူကရိန်းနှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးအကြောင်း မဆွေးနွေးခင်မှာ ရုရှားတို့အနေနဲ့ ယူကရိန်းမြို့တွေကို ဗုံးကြဲတိုက်ခိုက်နေမှုများအား ရပ်တန့်ပေးဖို့လိုအပ်ကြောင်း ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇဲလန်စကီ'က အင်္ဂါနေ့က အသိပေးပြောကြားလိုက်ပါတယ်။
ယခုတစ်အပတ်အတွင်း ပထမဆုံးအကြိမ်ညှိနှိုင်းဆွေးနွေးရာမှာတော့ အခြေအနေတိုးတက်မှု အနည်းငယ်သာရခဲ့တယ်လို့ ဆိုရမှာပါ။
ရုရှားလေတပ်တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ ပျံသန်းခြင်းကင်းမဲ့ဇုန်သတ်မှတ်ပေးသင့်ကြောင်း 'ဇဲလန်စကီ'က နေတိုး(NATO)အဖွဲ့ကို တိုက်တွန်းပြောကြားလိုက်ပြီး ဒီလိုသတ်မှတ်ခြင်းဟာ ကာကွယ်ရေးရယူတဲ့နည်းလမ်းသာဖြစ်သဖြင့် ဥရောပမဟာမိတ်အဖွဲ့တွေကို ရုရှားစစ်ပွဲထဲဆွဲထည့်သွားဖို့ မရည်ရွယ်ကြောင်း အင်တာဗျူးတစ်ခုမှာပြောကြားသွားပါတယ်။
ရုရှားတပ်ဖွဲ့တွေ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်လာစဉ်မှာ မြို့တော်ကနေထွက်ပြေးဖို့ ကမ်းလှမ်းကူညီမှုတွေကို 'ဇဲလန်စကီ'က ငြင်းပယ်ကာ ယူကရိန်းမှာသာ ဆက်လက်နေထိုင်နေခဲ့တာဖြစ်ပါတယ်။
နေတိုးအဖွဲ့အနေနဲ့ ယူကရိန်းကိုမဟာမိတ်အဖွဲ့ဝင်အဖြစ် မသတ်မှတ်ချင်ပါက တရားဝင်လုံခြုံရေးအာမခံချက်တွေရရှိဖို့လိုအပ်ကြောင်း 'ဇဲလန်စကီ'က တောင်းဆိုထားပါတယ်။
ရုရှားတို့နဲ့ဆက်လက်ဆွေးနွေးသွားဖို့ သူ့ရဲ့သတ်မှတ်ချက်တွေကို အသိပေးရာမှာ 'ဇဲလန်စကီ'က "အနည်းဆုံးတော့ လူတွေကိုဗုံးကြဲတိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး လက်တွေ့ကျကျတိုင်ပင်ဆွေးနွေးသင့်ပါတယ်" လို့ ရိုက်တာနဲ့ CNN သတင်းဌာနတို့ရဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။
'ဇဲလန်စကီ'ပြောကြားနေစဉ်အချိန်မှာပဲ ယူကရိန်းမြို့တော်မှ ဟော်လိုကော့စ်အောက်မေ့ဖွယ်သင်္ချိုင်းအနီးရှိ တီဗီတာဝါတိုင်တစ်ခုကို ရုရှားဘက်မှဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ရာ အနည်းဆုံးလူ ၅ ဦးသေဆုံးခဲ့ကာ ရုရှားတို့က ခါကိဗ်အရှေ့ပိုင်းမြို့ရဲ့အချက်အခြာဗဟိုကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။
ရုရှားတို့အင်ပြည့်အားပြည့်တိုက်ခိုက်လာမှုကို ယူကရိန်းတို့ခုခံကာကွယ်နိုင်ရန် နေတိုးအဖွဲ့ဝင်နိုင်ငံများက စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးထားပါတယ်။
ဒါ့အပြင် အနောက်နိုင်ငံကလည်း ရုရှားစီးပွားရေးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အရှိန်အဟုန်မြှင့်ပြီး ချမှတ်လျက်ရှိပါတယ်။ဒါပေမယ့် ဒီထက်အရေးယူဒဏ်ခတ်မှုတွေပြုလုပ်ပြီး ပျံသန်းခြင်းကင်းမဲ့ဇုန်သတ်မှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို 'ဇဲလန်စကီ'က တိုက်တွန်းလိုက်ပါတယ်။
ဒါပေမယ့်လည်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က အခုအချိန်ကဒီလိုသတ်မှတ်ဖို့ အချိန်မကျသေးကြောင်း ကိုယ်တိုင်ကိုယ်ကျဖြေကြားလိုက်ပါတယ်။နေတိုးတပ်ဖွဲ့များ အရှိန်မြှင့်ဝင်ရောက်လာဖို့ကိုလည်း ယူကရိန်းက တိုက်တွန်းလိုက်ပါတယ်။
နေတိုးတပ်ဖွဲ့တွေ ဝင်ရောက်လာခြင်းကို ရုရှားတို့ကလုံးဝလက်မခံနိုင်တဲ့အပြင် ဒီကိစ္စကပဲ ရုရှားတို့စစ်ဆင်ရေးပြုလုပ်ရခြင်း အကြောင်းပြချက်တစ်ခုဖြစ်နေပါတယ်။
"မဟာမိတ်အဖွဲ့တွေကလည်း ယူကရိန်းကို နေတိုးအဖွဲ့ထဲလက်မခံနိုင်သေးဘူး။ ရုရှားကလည်း ယူကရိန်းကို နေတိုးအဖွဲ့ထဲ မဝင်စေချင်ဘူးဆိုတော့ ယူကရိန်းအတွက် လုံခြုံရေးဘုံသဘောတူညီချက်ရရှိဖို့ လိုအပ်နေပါတယ်" လို့ 'ဇဲလန်စကီ'က ဆိုပါတယ်။
"ကျွန်တော်တို့ယူကရိန်းနယ်မြေတွေလုံခြုံပြီး နယ်မြေစိုးမိုးရေးပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။ အိမ်နီးချင်းတွေအားလုံးနဲ့လည်း ဆက်ဆံရေးကောင်းမွန်ပြီး တရားဝင်လုံခြုံရေးအာမခံချက်ပေးနိုင်မယ့်သူတွေ လိုအပ်နေပါတယ်" လို့ ပြောသွားပါတယ်။
'ဇဲလန်စကီ'ဟာ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ယူကရိန်းသမ္မတဖြစ်ပြီး စစ်တပ်အစောင့်များတင်းကြပ်စွာချထားတဲ့ အဆောက်အအုံတစ်ခုမှာ အင်တာဗျူးဖြေကြားသွားတာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1794 of 1841