#World_Environment
Published 20 September 2022
စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချခြင်းအစီအစဉ် ရှားပါးတဲ့ဗင်နီဇွဲလားနိုင်ငံမှာ ပလတ်စတစ်ဗူးခွံတွေမှ အဖုံးများဖြင့် စီခြယ်ရေးဆွဲထားတဲ့ နံရံပန်းချီကားကြီးဟာ ၂၇၀ မီတာရှည်လျားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 September 2022
သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှုသုတေသနပြတိုက်ကြီးကို မွန်ပြည်နယ်၊ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်ပရဝုဏ်အတွင်းမှာ လာမယ့်(၃) (၄)လအတွင်း ဖွင့်လှစ်သွားဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
Published 20 Sept 2022
ထရပ်ဘီလူးကြီးတစ်စီးက ကားလေးတွေအပေါ် တက်နင်းကြိတ်ချေပြနေတဲ့မြင်ကွင်းကို ဒက်ထရွိုက် ကားပြပွဲမှာ ပရိဿတ်တွေက အကြိုက်တွေ့နေကြပါတယ်။ Bigfoot 20 လို့အမည်ပေးထားတဲ့ အဲဒီထရပ်ဘီလူးကြီးဟာ ကမ္ဘာ့ ပထမဆုံး လျှပ်စစ်နှင့်မောင်းနှင်တဲ့ ဧရာမ ထရပ်ကားဖြစ်ပါတယ်။ အဲဒီကားဘီလူးကြီးဟာ အလေးချိန်ပေါင်တစ်သောင်းတစ်ထောင် ရှိပြီး ယခုနှစ်မှာ ထုတ်လုပ်မှု ၁၀နှစ်ပြည့်ပြီဖြစ်ပါတယ်။ အဲဒီအပြင် ဘက်ထရီအားသုံး လျှပ်စစ်မော်တာနှင့်မောင်းနှင်တဲ့ တစ်ခုတည်းသော ထရပ်ဘီလူးကြီးပါ။
Source AFP
#Electric_monster_truck
#Bigfoot_20
#Detroit_Auto_Show
#Local_News
Published _ 20 September 2022
လက်ရှိအနေထားအရ ပြည်တွင်းဆန်စပါးဈေးကွက်က အတက်ဖက်ကို ဆက်တိုက်ဦးတည်နေလျှက်ရှိပါတယ်။
#Yangon_Media_Group
#Local_News
Published _ 20 September 2022
ရွှေလီမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ ခပ်စိပ်စိပ်တွေ့ရှိလာတာကြောင့် ပြီးခဲ့တဲ့စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး ရွှေလီတစ်မြို့လုံးရှိရပ်ကွက်တွေနဲ့ လမ်းတွေကို လာမည့် စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၅ရက်တာ ရောဂါပြန့်ပွားမှုထိန်းချုပ်ဖို့အတွက် Lockdown ချလိုက်တာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 20 September 2022
၁။ ရွှေလီမြို့ကို Lockdown ချထားသော်လည်း တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအပေါ် ထိခိုက်မှုမရှိဟုဆို
၂။ ဆန်လက်လီ၊ လက်ကား ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၁၀၀၀၀၀ ဖြင့် ရောင်းချလျက်ရှိနေ
၃။ သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှုသုတေသနပြတိုက် မကြာမီဖွင့်လှစ်မည်
၄။ ပင်လယ်ရေညစ်ညမ်းမှုလျှော့ချနိုင်ရန် ဗင်နီဇွဲလားတွင် ပလတ်စတစ်ဗူးအဖုံးများဖြင့် နံရံပန်းချီဖန်တီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 20 September 2022
ရှေးဟောင်းမြောက်ဦးမြို့ရဲ့ ရေသွင်းရေထုတ်စနစ်အတွက် ပညာရှင်အကြံပြုချက်အတိုင်းလုပ်ဆောင်မယ်လို့ ရှေးဟောင်းမြောက်ဦးအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 September 2022
မြန်မာနိုင်ငံတွင် အသေးစားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ပိုင်းအတွင်းဖြစ်ပေါ်လာနိုင်ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်၊၊
စက်တင်ဘာလ(၂၀)ရက်က ပြုလုပ်သည့် နစက ၏ (၂၀)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်၊၊
ဗိုလ်ချုပ်ဇော်မင်းထွန်းက" ပထမဦးဆုံးလုပ်မှာကအသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေးကို ကျွန်တော်တို့လုပ်ဆောင်သွားမှာ ဖြစ်တယ်၊၊ လုပ်ဆောင်နိုင်တဲ့ ခန့်မှန်းခြေကတော့နှစ်ပိုင်းအတွင်းမှာပဲဖြစ်ပေါ်လာနိုင်တယ်လို့ တွက်ပါတယ်၊၊ ဒါတွေဖြစ်ပေါ်နိုင်ဖို့က အသိပညာပေးတာ၊ သတင်းဖြန့်ဖြူးတာတွေကိုအရင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ပြောလိုပါတယ်"ဟု ထည့်သွင်းပြောသည်၊၊
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုသွားမည်ဖြစ်ပြီး ပြည်သူလူထုကို အသိပေးဆောင်ရွက်မည်ဖြစ်သောကြောင့် ပထမဦးဆုံးအဆင့်အနေဖြင့် နျူကလီးယားစွမ်းအင်နှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ အသုံးပြုရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုနားလည်အောင်၊ပူးပေါင်းဆောင်ရွက်မှုရရှိအောင် သတင်းအချက်အလက်စင်တာကို ရန်ကုန်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောခဲ့သည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 20 September 2022
စက်သုံးဆီတင် သင်္ဘောများ ရုရှားက ထွက်လာနေပြီဖြစ်သောကြောင့် ရက်ပိုင်းအတွင်း ရန်ကုန်ကိုရောက်ရှိမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ စက်တင်ဘာလ ၂၀ ရက်က နေပြည်တော်၌ ပြုလုပ်သော အကြိမ် ၂၀ မြောက် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းမီဒီယာ၏ မေးမြန်းချက်အပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
"ဖြန့်မှာကတော့ အများပြည်သူကို ဖြန့်မှာ၊ ရုရှားနိုင်ငံက ထွက်လာပါပြီ။ လမ်းခုလတ်မှာရောက်နေပါပြီ။ ဘယ်နေ့ဆိုတာရက် တိတိကျကျ မပြောတတ်ဘူး။ ရက်ပိုင်းအတွင်းရောက်မှာပါ"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်း
နစက အနေဖြင့် ရုရှားက ပထမအသုတ်ရောက်လာမည့် စက်သုံးဆီမှာ တန်ချိန် ၁၅,၀၀၀ ဆံ့ သင်္ဘာ ၂ စီး ဖြစ်၍ စုစုပေါင်း စက်သုံးဆီတန်ချိန် ၃ သောင်းဖြစ်ကြောင်း၊ ရုရှားစက်သုံးဆီများရောက်လာပါက ဈေးနှုန်းမှာ စင်ကာပူကသွင်းနေသော ဈေးနှုန်းထက်လျော့မည်ဖြစ်၍ ပြည်တွင်း စက်သုံးဆီဈေး ကျဆင်းနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် လဆန်းပိုင်းက ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် (၁၂၇/ ၂၀၂၂) ဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သည်။
"ရုရှားနိုင်ငံကတော့ ရေနံမူရင်းထွက်တဲ့ နိုင်ငံဖြစ်ပါတယ်။ မူရင်းထွက်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်တဲ့နေရာမှာ နံပါတ် (၁) က ဈေးနှုန်းသက်သာရမယ်။ နံပါတ် (၂) က အရည်အသွေး ပြည့်မီပြီးတော့ လျင်လျင်မြန်မြန်ရနိုင်ရမယ်။ ဒီအချက်နှစ်ချက်အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်”ဟု သြဂုတ်လ ၁၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်းနစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သေးသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 20 September 2022
ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force-FATF) ရဲ့ တိုးမြှင့်စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under Increased Monitoring) ကနေ လွတ်မြောက်စေရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၏ ပြောပြချက်အရ သိရသည်။
ဗဟိုဘဏ်အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး လိုက်နာဆောင်ရွက်ရမည့် Action Plan ပါ အချက်များထဲမှ ဘဏ်များ၏ ဆုံးရှုံးနိုင်ချေ မြင့်မားသည့်အပိုင်း အပါအဝင် Onsite နဲ့ Offsite စစ်ဆေးခြင်းကို အချိန်မီ ဆောင်ရွက်ခဲ့ကာ ကြီးမားစွာ လိုက်နာဆောင်ရွက်ခြင်း (Largely Addressed) အဆင့်သတ်မှတ်ချက် ရရှိထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
ယင်းအပြင် ဘဏ်များ၏ လျို့ဝှက်ထားရမည့် တာဝန်ကို ကျိုးပေါက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် ပြည်ပငွေလွှဲလုပ်ငန်း ကုမ္ပဏီများ ကြီးကြပ်ရေးလက်ဆွဲကို ပြုစုထားပြီးဖြစ်ကာ ပြည်ပငွေလွှကုမ္ပဏီတွေကို မကြာမီ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနိုင်ငံကို ငွေကြေးမသမာမှုလုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးရာဇဝတ်မှု စောင့်ကြည့်အဖွဲ့ - FATF ရဲ့ အမည်ပျက်စာရင်း သွင်းခံရဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။
#ymg/sth
#Yangon_ Media _group
#Local_News
Published- 20 September 2022
မီးဘေး၊ ရေဘေး၊ လေဘေး အပါအဝင် အခြားသော တိုက်ပွဲရှောင်စခန်းများအတွက် ကျပ်သိန်းပေါင်း ၁၄၀၀၀ ကျော်ထောက်ပံ့ထားကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ (စက်တင်ဘာလ ၂၀) ရက်နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် အကြိမ် (၂၀)မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြို့ပေါင်း ၈၄ မြို့အတွက် ကျပ်သိန်းပေါင်း ၉၀၀၀ ကျော်ကို ထောက်ပံ့ပေးထားပြီး ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းရှိ အိမ်ထောင်စု ၇၆၉ စု လူဦးရေ ၄၅၄၅ ဦးအတွက် ကျပ်သိန်းပေါင်း ၁၇၀၀ ကျော်အပါအဝင် ကချင်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်ဒေသတို့ရှိ စစ်ဘေးရှောင်စခန်းနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် အိမ်ထောင်စု ၂၅၉၁ စု လူဦးရေ ၁၁၆၉၁ ဦး ငွေကျပ်သိန်းပေါင်း ၃၈၀၀ ကျော်ကိုလည်း ထောက်ပံ့ထားကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် အစရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် စစ်ဘေးရှောင်စခန်းများအပါအဝင် အခြားသောသဘာဝဘေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာရသူများလည်းရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published - 20 September 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်နှင့်ပတ်သက်သည့်အမှု နောက်နှစ်ပတ်အကြာ အပြီးသတ်လျှောက်လဲမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အမှုများထဲတွင် စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူသည်ဆိုသော အမှုမှာ ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို ဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်တွင် တရားလွှတ်တော်ချုပ်၌ ရှေ့နေအဖွဲ့က ချေဖျက်ခွင့်တင်ခဲ့သော်လည်း သြဂုတ်လ ၁၇ ရက်က ပယ်ချခဲ့ကြောင်း သိရသည်။
"ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူတယ်ဆိုတဲ့ ဦးမောင်ဝိတ်နဲ့ ပတ်သက်တဲ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ စစ်တယ်။ အပြစ်မရှိဘူးလို့ ပြောတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။နောက်ထပ်နှစ်ပတ်ခွာပြီးတော့ ချိန်းတယ်ဆိုတော့ အောက်တိုဘာလ ၄ ရက်နေ့မှာ ထပ်ချိန်းပါတယ်။ အပြီးသတ် လျှောက်လဲဖို့ပေါ့"ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆဲဖြစ်သော ရဟတ်ယာဉ်အမှုကိစ္စနှင့်ပတ်သက်၍ အမှုအမှတ် ၄၇ နှင့် ၄၈ တို့အတွက် တရားလိုပြသက်သော ယခင်လူကယ်ပြန်က ဒုတိယအမြဲတမ်းအတွင်းဝန် ဦးနေဝင်းအား စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ကလည်း အဆိုပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းလှူခဲ့သည်ကိုလည်း တရားရုံး၌ ကိုယ်တိုင်သက်သေလာရောက် ထွက်ဆိုပြီးလည်း ဖြစ်သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့်အမှုများအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ ကို ချမှတ်ခံထားရပြီး ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1656 of 2054