#Daily_News
Published 11 February 2025
၁။ ကမ္ဘာ့ရွှေဈေးလှုပ်ခတ်မှုကြောင့် ပြည်တွင်းဈေးပါတက်လာ
၂။ ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားအပါအဝင်ဘုရားဖူး ငါးသိန်းကျော်လာရောက်ဖူးမြော်
၃။ မြန်မာနိုင်ငံသားများအတွက် ဩစတြေးလျပညာသင်ဆုများခေါ်ယူနေ
၄။ စားသောက်ကုန်ဈေးနှုန်းများ ထိုးတက်နေသဖြင့် သိုလှောင်ဆန်များဖြန့်ဝေရန်ဂျပန်အစိုးရစဉ်းစား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 10 February 2025
၁။ နေရေးအခက်အခဲရှိသည့် ရုပ်ရှင်လောကသားများအတွက် တိုက်ခန်းများဆောက်လုပ်မည်
၂။ အွန်လိုင်းမှတဆင့် ယာဉ်လိုင်စင်လုပ်ငန်းလျှောက်ထားခြင်းကို လာမည့်နှစ် ဧပြီမှစတင်ကာ တစ်နိုင်ငံလုံးအသုံးပြုနိုင်မည်
၃။ ကောလဟာလများကိုမယုံကြည်ဘဲ ရွှေရည်ညွှန်းဈေးဖြင့်သာရောင်းချရန်တိုက်တွန်း
၄။ DeepSeek R1 ၏ open-source စနစ်နှင့်ပတ်သက်၍ အမေရိကန် AI ကျွမ်းကျင်ပညာရှင်ချီးကျူးပြောဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 8 February 2025
၁။ ပြည်ပမှ ကျောက်မီးသွေးတင်သွင်းခြင်း စတင်ခွင့်ပြု
၂။ ယာဉ်လိုင်စင်သက်တမ်းတိုးနှင့် လိုင်စင်ပြောင်းလဲခြင်းအတွက် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်မည်
၃။ ပုဂံခေတ်မူလရေလမ်းကြောင်းများ ဖော်ထုတ်ရန် သရပါတံခါးကိုယာယီပိတ်ထား
၄။ ရှန်ဟိုင်း၌ ကုမ္ပဏီတစ်ခုတည်းပိုင် EVစက်ရုံသစ်အား တိုယိုတာတည်ဆောက်သွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 7 February 2025
၁။ ယခုလအတွင်း စက်သုံးဆီတင်သင်္ဘော ၂၉ စီးဝင်ရောက်မည်
၂။ Smart Farm Korea 2025 သို့ တက်ရောက်မည့် မြန်မာလုပ်ငန်းရှင်များကို ကုန်ကျစရိတ်ကျခံပေးမည်
၃။ ဓာတ်ဆီဈေးပြန်ကျပြီး ဒီဇယ်ဈေးပါ နှစ်ပတ်ဆက်တိုက်ကျဆင်း
၄။ လာအိုဖြတ်သန်း၍ တရုတ်နှင့်ချိတ်ဆက်မည့် မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းဒုတိယအဆင့် ထိုင်းအစိုးရအတည်ပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 6 February 2025
၁။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချပေးမည်
၂။ ရည်ညွန်းဈေးအတိုင်း မရောင်းချသည့်ရွှေဆိုင်များကိုအရေးယူရန် အသွင်ယူဆောင်ရွက်နေ
၃။ စက်ရုံအလုပ်ရုံများ လိုအပ်သည့်လျှပ်စစ်ဓာတ်အားကိုဆိုလာစနစ်ဖြင့် ရရှိအောင်ဆောင်ရွက်ရန်တိုက်တွန်း
၄။ (၂၀၂၅)နွေဦးပွဲတော်ကာလအတွင်း တရုတ်နိုင်ငံ၏ Box-Office ဝင်ငွေစံချိန်တင်ရရှိကာ မြောက်အမေရိကားကိုကျော်လွန် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 5 February 2025
၁။ ရွှေတိဂုံစေတီတော်သို့တစ်လကျော်အတွင်း ကျပ်သိန်းပေါင်း ၃၆,၀၀၀ ကျော် လှူဒါန်းထား
၂။ ပြည်ပပို့ဆန်ကြမ်းအုပ်စုဝင်ဆန်များ၏ ရည်ညွန်းစျေးကျ
၃။ နိုင်ငံတကာအဆင့်မီ ရွှေစံချိန်စံညွှန်းဓာတ်ခွဲခန်းအတွက် အစုရှယ်ယာများ ခေါ်ယူမည်
၄။ အမေရိကန်၌ခိုလှုံခွင့်ရယူရန် မျှော်လင့်ခဲ့သူအများအပြား မက္ကဆီကိုနယ်စပ်ခိုလှုံရေးစခန်းတွင်သောင်တင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၄ ဖေဖော်ဝါရီ ၂၀၂၅
နိုင်ငံဖြတ်ကျော်မှုခင်းတွေနှင့် အွန်လိုင်းရာဇဝတ်မှုတွေကို ထိန်းချုပ်ဟန့်တားနိုင်ဖို့အတွက် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံနယ်စပ်ဒေသတွေကိုပေးနေတဲ့ လျှပ်စစ်ဓာတ်အား၊အင်တာနက်နှင့် လောင်စာဆီတင်ပို့မှုတွေကို ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီက စတင်ပြီး ဖြတ်တောက်ပစ်မယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာရာချိုင်းက အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေး အပြီးမှာ ထုတ်ဖော်ပြောကြားပါတယ်။
အခုအရေးယူဆောင်ရွက်မှုတွေဟာ ထိုင်းမြန်မာနယ်စပ်က ဒေသငါးနေရာ အကျုံးဝင်ပါတယ်။ အဲဒီနေရာတွေဟာ အွန်လိုင်းရာဇဝတ်မှု(ကျားဖြန့်) တွေအခြေစိုက်တဲ့နေရာတွေအဖြစ် သံသယရှိထားတဲ့ နေရာတွေဖြစ်ကြပါတယ်။
ထိုင်းနိုင်ငံရဲ့အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကို ပြည်နယ်လျှပ်စစ်အာဏာပိုင်အဖွဲ့ (ပီအီးအေ)ကို ကြီးကြပ်ရတဲ့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အန်နုတင်ချန်ဗီယာကူ၊ တရားရေးဝန်ကြီး တာဝီဆိုဆောင်၊ ဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာတာပွန်နပ်ဖန်နစ်နှင့် ကောင်စီအတွင်းရေးမှူးချုပ် ချတ်ချိုင်း ဘန်ချတ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
သက်ဆိုင်တဲ့ အေဂျင်စီအဖွဲ့အစည်းတွေဆီကရရှိတဲ့ သတင်းအချက်အလက်တွေစုစည်းပြီးတဲ့အခါ ဒီပြဿနာဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုရှိနေတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်လို့ ကာကွယ်ရေးဝန်ကြီး ဖန်သမ်က ပြောပါတယ်။ အဲသလို ဖြတ်တောက်မှုကြောင့် လူပေါင်း ၅၅၇,၅၀၀ ထိခိုက်မှုရှိပြီး ဆုံးရှုံးမှုဟာ ဘတ် ၈၆ ဘီလျံကျော်ရှိပါလိမ့်မယ်။ နေ့စဉ်ဆုံးရှုံးမှုဟာ ဘတ် သန်း၈၀ လို့ တွက်ချက်ထားကြပါတယ်။ ယခုအကျပ်အတည်းဟာ ထိုင်းနိုင်ငံသားတွေနှင့် ကမ္ဘာ့အသိုက်အဝန်းနှစ်ခု စလုံးကို ကြီးကျယ်တဲ့ရှုပ်ထွေးမှုဖြစ်စေတယ်လို့ အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
ယနေ့ညမှာ အဲဒီအမိန့်ကို သူလက်မှတ်ရေးထိုးမယ်လို့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီး ဖန်သမ်က ပြောပါတယ်။
“ ဒီနေ့ည ကျွန်တော်အားလုံးအဆုံးသတ်ပြီး အမိန့်ကိုလက်မှတ်ထိုးမယ်။ပြီးတော့ သက်ဆိုင်တဲ့ အဖွဲ့တွေကို အကြောင်းကြားပါမယ်” လို့သူကပြောပါတယ်။
“ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရကို အသိပေးမှာဖြစ်သလို ကြိုတင်လုပ်စရာရှိတာ လုပ်လို့ရအောင် ဆေးရုံတွေအပါအဝင် ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို လည်း သတင်းပါးပါမယ်။ မနက် ၉နာရီမှာတော့ ဖြန့်ဖြူးထားတာတွေ(လျှပ်စစ်မီး၊အင်တာနက်၊လောင်စာ) တွေဖြတ်တောက်ပါမယ်” လို့သူကပြောပါတယ်။
“ထိုင်းနိုင်ငံဖက်ကနေ မြန်မာဖက်ကို အသိပေးပြီးနောက်ပိုင်းမှာတော့ နောက်ထပ်အရေးယူ ဆောင်ရွက်မှုတွေပြုလုပ်ဖို့က မြန်မာအစိုးရသဘောပါပဲ။ ထိုင်းနိုင်ငံအနေနှင့် သူတို့ရဲ့ပြည်တွင်းရေးမှာ ဝင်စွက်ဖက်မှာမဟုတ်ဘူး” လို့သူကပြောပါတယ်။
မြန်မာဘက်က လက်စားချေတဲ့အနေနှင့် ထိုင်းကို ပို့နေတဲ့ သဘာဝဓာတ်ငွေ့တွေဖြတ်ပစ်နိုင်သလားလို့ သတင်းထောက်တွေကမေးတဲ့အခါ ဒီကိစ္စဆွေးနွေးပြီးဖြစ်ပါတယ်လို့ သူကဖြေပါတယ်။ ဒါဟာ ထိုင်းပြဿနာတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတကာကိစ္စလို့ မြန်မာဘက်က နားလည်ထားပါတယ်။ နိုင်ငံများစွာက လူတစ်ဦးချင်းစီဟာ ဒီလုပ်ငန်းတွေရဲ့သားကောင်တွေဖြစ်ခဲ့ကြရတယ်လို့ သူကဆက်ပြောပါတယ်။
တရားမဝင်လျှပ်စစ်မီးသွယ်တန်းတာတွေနှင့်ပတ်သက်လို့လည်း ဒီအတိုင်းအရေးယူဆောင်ရွက်မှာဖြစ်ပြီး မြန်မာက ဓာတ်အားပေးစက်ဂျင်နရေတာတွေသုံးမယ်ဆိုရင်တော့ ဒါသူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ သူကပြောပါတယ်။
လျှပ်စစ်မီးဖြတ်တောက်မှုတွေလုပ်မယ့်နေရာ (၅)ခု Ban Three Pagodas Pass ဘုရားသုံးဆူ- မွန်ပြည်နယ်၊ Ban Muang Daeng တာချီလိတ်-ရှမ်းပြည်နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား မြဝတီ-ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၂ မြဝတီ-ကရင်ပြည်နယ်၊ Ban Huai Muang မြဝတီ၊ကရင်ပြည်နယ်တို့ဖြစ်ကြပါတယ်။
Source : The Nation
Page 15 of 141