Published_ 24 August 2023
ခန္ဓာကိုယ်အတွက် အကောင်းဆုံး အရွက်တွေထဲမှာ ကန်စွန်းရွက်က အပါအဝင်ဖြစ်ကြောင်း ဗိုက်တာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုအပေါ် CDC က တွက်ချက်ထားတာ ဖြစ်ပါတယ်။
အသီးအနှံနဲ့ ပတ်သက်လာရင်တော့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးက ခရမ်းချဥ်သီး ဖြစပါတယ်။
ရုက္ခဗေဒနည်းအရ စဥ်းစားရင် ခရမ်းချဥ်သီးက အသီးမျိုးနွယ်ဖြစ်ပါတယ်။
ခရမ်းချဥ်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်ပါတယ်။
ဓာတ်တိုးခြင်းကို ဖြစ်စေပြီး ကင်ဆာ၊ ဆီးချို၊ နှလုံးရောဂါ၊ အခြားနာတာရှည်ရောဂါများဖြစ်စေတဲ့ ပစ္စည်းတွေမှ ကင်းဝေးစေပါတယ်။
CDC မှ အာဟာရဓာတ် တွက်ချက်ရာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတိုင်းရဲ့ ၁၀၀ ကယ်လိုရီမှာ ပါဝင်တဲ့ အာဟာရဓာတ် ၁၇ မျိုး ပါဝင်မှုအပေါ် အခြေခံတာဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက်တွေက အသီးအနှံတွေထက် ကယ်လိုရီပါဝင်မှု နည်းပါးတာကြောင့် ဟင်းသီးဟင်းရွက်ကို ပိုစားပေးရပါတယ်။
ခရမ်းချဥ်သီးက ၁၂ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ၃ ဂရမ်အောက်သာ ပါဝင်ပြီး အနီရောင်သမ်းစေတဲ့ အရေးကြီးအာဟာရဓာတ် လိုင်ကိုပင်းလည်း ပါဝင်ပါတယ်။
ခရမ်းချဥ်သီးနဲ့ ခရမ်းချဥ်သီးဖြင့် ပြုလုပ်ထားတဲ့ စားစရာတွေ စားသုံးခြင်းဖြင့် ကင်ဆာနဲ့ နှလုံးရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။
၂၀၂၁ အမ်ဘရဲလား လေ့လာချက်အရ ခရမ်းချဥ်သီးနဲ့ လိုင်ကိုပင်စားသုံးခြင်းဖြင့် နှလုံးသွေးကြောကျဥ်းရောဂါ၊ အစာအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဦးနှောက်သွေးကြောရောဂါတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခရမ်းချဥ်သီးမှာ ဗိုက်တာမင်-အေနဲ့စီလည်း ကြွယ်ဝစွာပါဝင်ပါတယ်။
အကောင်းဆုံးကတော့ သဘာဝအတိုင်း ရင့်မှည့်လာတဲ့ ခရမ်းချဥ်သီးကို အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။
ခရမ်းချဥ်သီးကို ချက်ပြုတ်လိုက်ပါက လိုင်ကိုပင်းဓတ် မြင့်မားစေနိုင်တာကြောင့် ဟင်းချက်ရာမှာ ထည့်သွင်းအသုံးပြုသင့်ပါတယ်။
ခရမ်းချဥ်သီးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီများနဲ့ တွဲဖက်အသုံးပြုခြင်းကလည်း လိုင်ကိုပင်းစုပ်ယူခြင်းကို အားပေးပါတယ်။
Source: delish
#World_Health
ခရမ်းချဥ်သီး #ကျန်းမာရေးနှင့်အညီညွတ်ဆုံးအသီး #ပညာရှင်များဆို
#YMG #Yangon_Times
- Category: World
Published 24 August 2023
ဗိုက်တာမင်-ကေက အဆုတ်ကျန်းမာရေးအတွက် အရေးကြီးကာ ဗိုက်တာမင်-ကေ နည်းပါးပါက အသက်ရှူလမ်းကြောင်း လက္ခဏာများ ဆိုးရွားလာခြင်း၊ ရင်ကြပ်နဲ့ နာတာရှည်အဆုတ်ရောဂါ (COPD) ဖြစ်နိုင်ချေများခြင်းနဲ့ အဆုတ်လုပ်ဆောင်ချက် လျော့နည်းခြင်းတို့ ဖြစ်လာနိုင်ကြောင်း ဒိန်းမတ်လေ့လာချက်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။
ဗိုက်တာမင်-ကေဟာ သွေးခဲရာမှာ ကူညီပေးတဲ့ ဗိုက်တာမင်ဖြစ်ပြီး နောက်ထပ်ကူညီပေးတဲ့ ပလိတ်လတ်တွေဟာလည်း အဆုတ်ကနေ အစပြုဖြစ်ပေါ်ပါတယ်။
ဒါကြောင့် ဗိုက်တာမင်-ကေ ချို့တဲ့ခြင်းဟာ အသက်ရှူလမ်းကြောင်း လက္ခဏာများ ဖြစ်ပေါ်ခြင်းနဲ့ အဆုတ်ကျန်းမာရေးမှာ အရေးပါပုံတို့နဲ့ ပတ်သက်နေပါတယ်။
ဒါ့အပြင် ဗိုက်တာမင်-ကေ ချို့တဲ့ခြင်းကြောင့် အဆုတ်ပြွန်ကျဥ်းခြင်းအပြင နှလုံးသွေးကြောရောဂါ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ အရိုးပွရောဂါနဲ့ ကြွက်သားရောင်ရမ်းခြင်းတို့လည်း ဖြစ်နိုင်ချေ များနေပါတယ်။
ဂျပန်နိုင်ငံမှ လေ့လာချက်တစ်ခုမှာလည်း ဗိုက်တာမင်-ကေစားသုံးခြင်းဖြင့် အဆုတ်ကင်ဆာဖြစ်နိုင်ချေ လျော့နည်းတာကို တွေ့ရှိထားပါတယ်။
ဗိုက်တာမင်-ကေ ၂ မျိုးရှိရာမှာ ကေ၁ကို ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ကောက်ပဲသီးနှံများမှာ တွေ့ရှိရပါတယ်။
ကေ၂ကိုတော့ ချိစ်၊ ကြက်ဥ၊ ကြက်ငှက်သတ္တဝါများမှာ တွေ့ရှိရပြီး အူလမ်းကြောင်း ဘက်တီးရီးယားတွေကနေလည်း ထုတ်လုပ်ပေးပါတယ်။
ဗိုက်တာမင်-ကေ၁ဟာ သွေးခဲခြင်းဖြစ်စဥ်မှာ အဓိကပါဝင်ပြီး ကေ၂ကတော့ ခန္ဓာကိုယ်တွင်းအင်္ဂါ အမျိုးမျိုး ပုံမှန်အလုပ်လုပ်နိုင်စေရန်အတွက် အရေးပါပါတယ်။
ပုံမှန်အတိုင်း မျှတစွာစားသုံးခြင်းဖြင့် ဗိုက်တာမင်-ကေ လုံလောက်စွာရရှိနိုင်ကာ နေ့စဥ်လိုအပ်ချက်ကတော့ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်တိုင်းအတွက် ဗိုက်တာမင်-ကေ ၁ မိုက်ခရိုဂရမ် လိုအပ်ပါတယ်။
ခန္ဓာကိုယ်ကနေ ဗိုက်တာမင်-ကေကို အလွန်အကျွံ သုံးစွဲမနေဘူးဆိုရင်တော့ ဖြည့်စွက်စာ မလိုအပ်ပါဘူး။
ဗိုက်တာမင်-ကေ ဖြည့်စွက်စာ သုံးစွဲမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Source: The Indian Express.
#World_Health
#YMG #Yangon_Times
- Category: World
၂၄ ဩဂုတ် ၂၀၂၃
ရုရှား ကြေးစားစစ်တပ် ဝက်ဂ်နာ အုပ်စုခေါင်းဆောင် ယက်ဂျင်နီ ပရီဂိုဇင်ဟာ ဩဂုတ် ၂၃ ရက်ဗုဒ္ဓဟူးနေ့က စင်းလုံးငှား ပုဂ္ဂလိကဂျက်လေယာဉ်တစ်စီးပျက်ကျရာမှာ သေဆုံးသွားတယ်လို့ ရုရှားမီဒီယာတွေရဲ့ ကနဦး သတင်းတွေအရ သိရပါတယ်။
ယက်ဂျင်နီပရီဂိုဇင်စီးနင်းလိုက်ပါလာတဲ့ အဆိုပါ Embraer အမျိုးအစား စင်းလုံးငှားလေယာဉ်ဟာ မော်စကိုမြို့တော်ကနေ စိန့်ပီတာစပတ်ကို ပျံသန်းနေစဉ် ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ သူအပါအဝင်ခရီးသည် (၇)ဦးနှင့် လေယာဉ်အမှုထမ်း(၃)ဦး လိုက်ပါသွားတာဖြစ်ပါတယ်။
အာဏာပိုင်တွေကတော့ ပျက်ကျသွားတဲ့ လေယာဉ်ခရီးသည် စာရင်းထဲမှာ သူ့အမည်ပါပြီး အဲဒါဟာ ဝက်ဂ်နာအုပ်စု ခေါင်းဆောင်ဟုတ်မဟုတ် အတည်ပြုနေဆဲလို့ဆိုပါတယ်။
ရုရှားအရေးပေါ်ဝန်ကြီးဌာနက လိုက်ပါသွားသူ (၁၀)ဦးစလုံး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိမှာ ကြေးစားအုပ်စုခေါင်းဆောင် ပရီဂိုဇင်ဟာ လေယာဉ်ပေါ်ပါသလားမသိသေးပေမယ့် အဲဒီနာမည်နှင့် လူကိုတော့ ခရီးသည်တွေစာရင်းမှာတွေ့ရတယ်လို့ ရုရှားအရာရှိတွေကပြောပါတယ်။
လေယာဉ်ဟာ မော်စကို မြောက်ပိုင်း တီဗာဒေသ၊ ကူဇင်ကီနိုကျေးရွာအနီးမှာ ပျက်ကျခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာတွေမှာတော့ လေယာဉ်ပျက်ကျလာတာကိုရိုက်ကူးထားတဲ့ဗွီဒီယိုတွေပျံ့နှံ့နေပါတယ်။ဒါပေမယ့် အဲဒီဗွီဒီယိုနှင့်ပတ်သက်လို့လည်း အတည်မပြုနိုင်သေးပါဘူး။
- Category: World
ပြင်သစ်မြိုတော် ပဲရစ်ရဲ့လမ်းတွေမှာ ငှားရမ်းအသုံးပြုရတဲ့ လျှပ်စစ်စကူတာများ ပိတ်ပင်ရေးအတွက် တနင်္ဂနွေနေ့က မဲအပြတ်အသတ် ရရှိခဲ့ပါတယ်။
ဒါဟာ စကူတာအော်ပရေတာများအတွက် ရိုက်နှက်ချက်ကြီး ဖြစ်လာပြီး လမ်းအန္တရာယ်ဘေးကင်းရေး လှုပ်ရှားသူများအတွက်တော့ အောင်ပွဲကြီး ဖြစ်လာပါတယ်
#World_News
#Published_ 23 August 2023
#YMG #Yangon_Times
- Category: World
#Daily_News
Published_ 23 August 2023
၁။ ကျောင်းသူမိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဦးစွာအခမဲ့ထိုးနှံ့ပေးမည်
၂။ ရေး-ထားဝယ် ကားလမ်းပြန်ပွင့်သွားပြီဖြစ်၊ ကားကြီး၊ ကားသေးများ ဖြတ်သန်းသွားလာနိုင်
၃။ တရုတ်နိုင်ငံသို့ ရောင်းစားခံရသဖြင့် ယခုနှစ်အတွင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံ အကူညီတောင်းခံထားသူ မြန်မာအမျိုးသမီး ၂၇ဦး ရှိ
၄။ ငှားရမ်းအသုံးပြုရသော လျှပ်စစ်စကူတာများအား ပဲရစ်တွင်ပိတ်ပင်ရန် မဲဆန္ဒပြု .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
- Category: Myanmar
၂၃ ဩဂုတ် ၂၀၂၃
ထိုင်းနိုင်ငံရဲ့ဘဏ်ကြီးတစ်ဘဏ်ဖြစ်တဲ့ ကာဆီကွန်ဘဏ် Kasikornbank က သူတို့ဟာ မြန်မာနိုင်ငံရဲ့ ကမ္ဘောဇဘဏ်နှင့် မိတ်ဖက်ပြုလုပ်ကာ စမတ်ဖုန်းအခြေခံတဲ့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေပို့ငွေလွှဲလုပ်ငန်းကို လုပ်ဆောင်လိုက်ပြီလို့ ဩဂုတ် ၂၂ ရက်ကကြေညာလိုက်ပါတယ်။
အဆိုပါဘဏ်ဟာ ထိုင်းနိုင်ငံမှအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံမှ မိသားစုတွေထံ ငွေလွှဲဖို့ လိုအပ်ချက်တွေကို အမိဆုပ်ကိုင်လိုက်တာဖြစ်တယ်လို့ နစ်ကေးအေးရှားသတင်းက ရေးသားပါတယ်။
နိုင်ငံတကာငွေလွှဲပြောင်းမှုကို ကာဆီကွန်ဘဏ်ရဲ့ အက်ပလီကေးရှင်းမှတစ်ဆင့် KBZPay ထဲသို့ မြန်မာကျပ်ငွေဖြင့် လွှဲပြောင်းပေးပို့မှာဖြစ်ပါတယ်။ ငွေလွှဲခကို အောက်တိုဘာလအထိ အခမဲ့ပေးမယ်လို့လည်းသိရပါတယ်။
ဒီလုပ်ငန်းကြောင့် ကမ္ဘောဇဘဏ်အနေနှင့် ထိုင်းဘတ်ငွေတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာငွေအစား ဘတ်ငွေနှင့်ငွေပေးချေမှုတွေကို အခြားနည်းလမ်းတစ်ခုအဖြစ်ကြိုးစားဆောင်ရွက်နေပါတယ်။
တကယ်လို့ ထိုင်းကနေ မြန်မာနိုင်ငံကို ငွေလွှဲပို့တာတွေ တိုးတက်လာရင် ကျပ်ငွေကနေ ထိုင်းဘတ်ကိုပြန်လဲဖို့ ပိုပြီး လွယ်ကူလာမှာဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှ အလုပ်သမားတွေဟာ ဟွန်ဒီလို့ခေါ်တဲ့ တရားမဝင်ငွေလွှဲလုပ်ငန်းတွေကနေ ငွေတွေလွှဲပို့ပေးနေခဲ့ကြပါတယ်။ ဒါပေမယ့် နစကအစိုးရက နိုင်ငံခြားငွေလဲလှယ်မှုတွေကို တင်းကြပ်စွာထိန်းချုပ်ထားပြီး ဘဏ်တွေမှတစ်ဆင့် တရားဝင်ငွေလွှဲတာမလုပ်ဘဲ တရားမဝင်ငွေလွှဲမှုတွေကို နှိမ်နှင်းနေပါတယ်။ပြီးတော့ ဘဏ် အက်ပလီကေးရှင်းအချင်းချင်းမှတစ်ဆင့် ပုံမှန်နည်းလမ်းနှင့်ငွေလွှဲတာကို အားပေးနေတယ်လို့ သတင်းကဆိုပါတယ်။
KBZPay လို့ခေါ်တဲ့ မိုဘိုင်းပိုက်ဆံအိတ်ကို ၂၀၁၈ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ QR code အခြေခံတဲ့ ငွေပေးချေမှုနှင့်ငွေလွှဲစနစ်ကို လူပုဂ္ဂိုလ်တွေအကြား အသုံးပြုနေပါတယ်။ အဲဒီအပြင် အေတီအမ်စက် ဒါမှမဟုတ် ကိုယ်စားလှယ်တွေဆီကနေ ငွေသားပြန်ထုတ်ယူနိုင်ကြတာဖြစ်တဲ့အကြောင်း နစ်ကေးအေးရှားကရေးသားပါတယ်။
- Category: Myanmar
Published_ 23 August 2023
ထိုင်းနိုင်ငံ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့မှ ဖွေထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် ရွေးကောက်ပွဲယှဉ်ပြိုင်သူ ဆရက်ထာထာဝစ်ဆင်ကို အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ပြီးနောက် Move Forward ပါတီမှ အထွေထွေအတွင်းရေးမှူးချုပ် ချိုင်ထာဝက်တူလာသွန်က သူနဲ့သူ့ပါတီတို့ဟာ ထိုအစိုးရအသစ်ရဲ့ လုပ်ဆောင်ချက်တွေကို သေချာစောင့်ကြည့်သွားရန် ကြိုးပမ်းအားထုတ်သွားမှာ ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားသွားပါတယ်။
လူမှုအဖွဲ့အစည်းမှာ အပြောင်းအလဲ ပေါ်ပေါက်ရန်အတွက် ဘုရင်မင်းမြတ်အား စော်ကားခြင်းဥပဒေအပါအဝင် တိုင်းပြည်ကို ရှေ့သို့လှမ်းချီစေမယ့် ဥပဒေများကို ပါလီမန်ကနေရော ပြင်ပကနေပါ တင်သွင်းသွားမှာဖြစ်ကြောင်း ချိုင်ထာဝက်က ပြောပြခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ မဝေးကွာလှတဲ့ အနာဂတ်မှာ ပြည်သူတွေက အခွင့်အရေးရလာပြီး တစ်နေ့နေ့မှာ ဒီမိုကရေစီရလာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ Move Forward ပါတီက ပြည်သူတွေဘက်က လုံးဝရပ်တည်သွားမှာဖြစ်ကြာင်း ဆိုပါတယ်။
အတိုက်အခံပါတီတွေရဲ့ ဦးဆောင်သူပါတီ အကြောင်း မေးမြန်းခဲ့ရာမှာ ပီတာလင်မ်ဂျရိုအင်ရတ်ရဲ့ ရှယ်ယာပိုင်ဆိုင်မှုကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးအနေနဲ့ အလျင်အမြန် ဆုံးဖြတ်ပေးရန် မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အမတ် အများဆုံးပါဝင်ပြီး ကိုယ်တိုင်လည်း လွှတ်တော်အမတ်ဖြစ်တဲ့ ပါတီခေါင်းဆောင်က အတိုက်အခံပါတီ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Move Forward ပါတီခေါင်းဆောင် ပီတာဟာ လွှတ်တော်အမတ်အဖြစ်မှ တာဝန်ဆိုင်းငံ့ထားခြင်း ခံနေရပါတယ်။
ချိုင်တာဝက်ကတော့ အတိုက်အခံပါတီများဘက်မှ အခြားပါတီများနဲ့ ပြောဆိုခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
ဖွေထိုင်းပါတီ ဦးဆောင်တဲ့အစိုးရအဖွဲ့ဟာ လူနေမှုအခြေအနေကို ပြောင်းလဲနိုင်မှာမဟုတ်ဘဲ အများပြည်သူရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေကြောင်း ဝန်ကြီးချုပ် ရွေးကောက်ပွဲပြီးနောက် ပီတာက သူ့ရဲ့အင်စတာဂရမ်မှာ ဖော်ပြခဲ့ပါတယ်။
''ကျွန်ုပ်တို့ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက်သာ ကြိုးစားအားထုတ်မှာဖြစ်ပြီး ပြည်သူတွေရဲ့ ကျွန်ုပ်တို့အပေါ် ယုံကြည်မှုကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး'' လို့ ပြောကြားလိုက်ပါတယ်။
Source: The Nation
#Asia_Politics
#အတိုက်အခံဦးဆောင်ပါတီ #Move Forwardပါတီ #ဥပဒေ #ဝန်ကြီးချုပ်ရွေးကောက်ပွဲ
#YMG #Yangon_Times
- Category: World