၂၃ ဧပြီ ၂၀၂၄

တော်ဝင်မလေးရှားရေတပ်စစ်ရေးပြအခမ်းအနားအတွက် အစမ်းလေ့ကျင့်နေကြတဲ့ ရေတပ်ရဟတ်    ယာဉ်နှစ်စီး ယနေ့ ဧပြီ ၂၃ရက် က လေပေါ်တွင် အချင်းချင်းတိုက်မိကြပြီး လူ၁၀ ဦးသေဆုံးခဲ့တယ်လို့ မလေးရှားရေတပ်က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ၂၃ရက် မနက် ၉နာရီ၃၂မိနစ်မှာ မလေးရှားနိုင်ငံ အနောက်ပိုင်း ပါရက်ပြည်နယ်မှာရှိတဲ့ လမ်မတ် ရေတပ်အခြေစိုက်စခန်းမှာ အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်နှစ်စီးလုံးမှာလိုက်ပါလာ  သူ ၁၀ဦးစလုံးသေဆုံးသွားတယ်လို့ ရေတပ်ကပြောပါတယ်။

“ အခင်းဖြစ်တဲ့နေရာမှာပဲ အားလုံးသေဆုံးသံားကြပါတယ်။ သူတို့ကို လမ်မတ်စစ်ဆေးရုံကို ဘယ်သူဘယ်ဝါသတ်မှတ်အတည်ပြုဖို့ ပို့ဆောင်ပေးလိုက်ပါပြီ” လို့ ရေတပ်ကဆက်ပြောပါတယ်။

Source: Reuters