၂၈ ဧပြီ ၂၀၂၄

သူ၏ သမ္မတအုပ်ချုပ်မှုအောက်တွင် အမေရိကန်သည် အခြေခံအားဖြင့် အားလုံးကိုပြန်စဉ်းစားရမည်ဟု ပြောထားပါတယ်။ သူသာ သမ္မတပြန်ဖြစ်ခဲ့ပါက ဥရောပနှင့် ဆက်ဆံရေးကို ပြန်ပြောင်းရန် သူက စီစဉ်ထားပါတယ်။အောက်ပါအချက်အလက်များမှာ သူ သမ္မတပြန်ဖြစ်ခဲ့ပါက ထရမ့်ကျင့်သုံးမည့် နိုင်ငံခြားရေးမူဝါဒအချို့ကို သုံးသပ်ဖော်ပြထားပါတယ်။

နေတိုး၏အဆိုပြုချက်နှင့် မစ်ရှင်

သူသာ သမ္မတဖြစ်ခဲ့လျှင် ယူကရိန်းသို့ အမေရိကန်က ပေးပို့ခဲ့သည့် လက်နက်ခဲယမ်းမီးကျောက်တန်ဖိုး ဒေါ်လာ ၂၀၀ဘီလျံနီးပါးအတွက် ဥရောပထံမှ အမေရိကန်သို့ ပြန်ပေးရန် တောင်းဆိုမည်၊  ယူကရိန်း သို့ နောက်ထပ်အကူအညီပေးဖို့လည်း သူကတိမပေးနိုင်ဟု ထရမ့်ကပြောပါတယ်။

ထရမ့်ဟာ သူပထမအကြိမ် သမ္မတဖြစ်စဉ်က သက်တမ်းကုန်ခါနီးတွင်နေတိုးသို့ကူညီသည့် ကာကွယ်ရေး ရန်ပုံငွေကို ဖြတ်တောက်ခဲ့ပါတယ်။ အမေရိကန်သည် နေတိုးထံ မျှတသည့်ရှယ်ယာထက်ပိုပြီး ပေးနေ   သည်ဟု သူက မကြာဏ အပြစ်တင်ခဲ့ပါတယ်။

ယူကရိန်း

အထူးသဖြင့် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ စစ်ရှိန်လျှော့ဖို့တောင်းဆိုခဲ့ပါတယ်။ သူ သမ္မတထပ်ဖြစ်ရင် ယင်းပဋိပက္ခကို ၂၄နာရီအတွင်းဖြေရှင်းပေးမယ်လို့လည်း ဆိုပါတယ်။ သူ့တွင် ဆုပ်ကိုင်ပြနိုသည့် အဆိုပြု ချက်ရှိပြီး ငြိမ်းချမ်းရေးသဘောတူညီချက်အရ ယူကရိန်းသည် အချို့သော ပိုက်နက်များကို ပေးအပ်ရ လိမ့်မည်ဟု ပြီးခဲ့တဲ့နှစ်က ရိုက်တာနှင့် အင်တာဗျူးတွင် ထရမ့်ကပြောခဲ့ပါတယ်။

ဧပြီလစောစောပိုင်းကလည်း ယူကရိန်းကို ထပ်မံပေးမည့် အကူအညီများကို ချေးငွေအနေနှင့်သာ သူ ပေးမည်ဟုပြောခဲ့ပါတယ်။ ယခုလနှောင်းပိုင်းက ဒေါ်လာ ၆၁ဘီလျံအကူအညီကိစ္စ ကွန်ဂရက်တွင် စေ့စပ် အပေးအယူလုပ်နေသည့်အပေါ် သူက အတော်ကြီးကို နှုတ်ဆိတ်နေခဲ့ပါတယ်။

တရုတ်၊ ကုန်သွယ်ရေးနှင့် အခွန်အကောက်

တရုတ်နိုင်ငံနှင့် အချို့သော ဥရောပမဟာမိတ်များအပေါ် အခွန်စည်းကြပ်မှုအသစ်များ သို့မဟုတ် ကုန်သွယ်ရေးကန့်သတ်မှုများ အကြီးအကျယ်လုပ်ဆောင်မည်ဟု ထရမ့်က မကြခဏဆိုသလို ခြိမ်း ခြောက်နေပါတယ်။

ကုန်သွယ်ရေး အတားအဆီးတွေလုပ်ဖို့ဆုံးဖြတ်ထာသည့် နိုင်ငံတွေအပေါ် လက်တုန့်ပြန် အခွန်စည်းကြပ် မှုတွေမြှင့်တင်ဆောင်ရွက်မယ်လို့လည်း ထရမ့်ကပြောထားပါတယ်။ နိုင်ငံတကာဈေးကွက်ကြီးကို ဖြတ်တောက်ပစ်နိုင်မည့် ၁၀ရာခိုင်နှုန်း ကမ္ဘာလုံးဆိုင်ရာ အခွန်အကောက်စိတ်ကူးကိုလည်း သူက လူသိရှင်ကြားပြောခဲ့ပါတယ်။

ကုန်သွယ်ရေးဦးစားအပေးဆုံးနိုင်ငံအဆင့်ကနေ တရုတ်ကို အဆုံးသတ်ပစ်မယ်လို့လည်း ထရမ့်က       ပြောထားပါတယ်။အမေရိကန်အထဲမှာရှိတဲ့ သန်စွမ်းအားကောင်းတဲ့ တရုတ်ပိုင်ဆိုင်မှုတွေ အပေါ် ကန့်သတ်မှုအသစ်တွေလုပ်မယ်လို့လည်း ထရမ့်ကပြောခဲ့ပါတယ်။

ထရမ့်က ထိုင်ဝမ်ကိစ္စကို ပြောခဲပါတယ်။ တရုတ်က ထိုင်ဝမ်ကိုကျူးကျော်ရင်ဘာလုပ်မလိုဆိုသည့် အပေါ်လည်းတုန့်ပြန်မှုမပေးဘဲ သူသာသမ္မတဖြစ်ရင် တရုတ်ဟာ ဘယ်တော့မှ ထိုင်ဝမ်ကိုကျုးကျော်ရဲမှာ မဟုတ်ဘူးလို့ပဲပြောခဲ့ပါတယ်။

မက္ကဆီကိုနှင့် မူးယစ်ဆေးဝါး

မက္ကဆီကိုမှာ မူးယစ်လုပ်ငန်းတွေလုပ်နေကြတဲ့ မူးယစ်လုပ်ငန်းအုပ်စုတွေကို သူ့အနေနှင့် နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ်သတ်မှတ်ကြေညာမယ်လို့ ထရမ့်ကပြောထားပါတယ်။  သူတို့ရဲ့ ခေါင်းဆောင်တွေနှင့် အခြေခံအဆောက်အဦတွေကို တိုက်ခိုက်ဖို့ အထူးတပ်ဖွဲ့ကို သင့်လျော်သလို အသုံးပြုဖို့ ပင်တဂွန်ကိုသူညွှန်ကြားမယ်လို့လည်းဆိုပါတယ်။ အဲဒီအစီအစဉ်ကိုတော့ မက္ကဆီကို အစိုးရက ချီးမွမ်းဖို့သိပ်မရှိလှပါ။

အမေရိကန်ရေတပ်ကိုလည်း သူတို့လုပ်ငန်းတွေကို ပိတ်ဆို့တားဆီးဖို့ စေလွှတ်မယ်လို့ သူကပြောပါတယ်။

အစ္စရေးပဋိပက္ခ

အစ္စရေးခေါင်းဆောင်တွေကို သူကစောစောပိုင်းမှာ တိုက်ခိုက်ပြောဆိုမှုတွေလုပ်ခဲ့ပြီး အောက်တိုဘာ ၇ ရက် မှာ အမေရိကန်နိုင်ငံသားတွေ ဟားမာ့စ်ရဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်းမှာတော့ သူက ဟားမားကို ချေမှုန်းပစ်ကိုပစ်ရမယ်လို့ပြောလာခဲ့ပါတယ်။ သို့သော် သူသည် မူဝါဒဆိုင်ရာ ဖြေရှင်းမှုအချို့ကို အဆိုပြုခဲ့ပါတယ်။

ဟားမားကိုစာနာကြတဲ့ အမေရိကန်က အမြဲတမ်းနေထိုင်ခွင့်ရသူ(ကတ်အစိမ်းကိုင်ထားကြသူ)တွေကို  မိခင်နိုင်ငံပြန်ပို့မယ်လို့လည်း ထရမ့်ကပြောထားပါတယ်။

အာဖဂန်နစ္စတန်

၂၀၂၁ခုနှစ်မှာ အမေရိကန်တပ်တွေပြန်ရုပ်သိမ်းစဉ် ကျန်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို အာဖဂန်က ပြန်လည်ပေးအပ်ဖို့ သူတောင်းဆိုမယ်လို့ မဲဆွယ်ပွဲမှာ ထရမ့်ကပြောခဲ့ပါတယ်။ ၂၀၂၁ခုနှစ်တုန်းကတော့ သူ့အနေနှင့် အဲဒီစစ်ပစ္စည်းတွေကို ဗုံးကြဲပစ်မယ်လို့တစ်ကြိမ်ပြောခဲ့ပါတယ်၊ နောက်ပိုင်းမှာတော့ အဲဒါကို သူထပ်မပြောတော့ပါဘူး။

ရာသီဥတု

သဘာပတ်ဝန်းကျင်ဆိုင်ရာ ပါရီသဘောတူညီချက်ကနေ ထရမ့်သမ္မတဖြစ်စဉ်မှာ နှုတ်ထွက်ခဲ့ပါတယ်။  ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၁ မှာ အဲဒီအဖွဲ့ထဲ အမေရိကန်က ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ သူက အဲဒီ အဖွဲ့က ပြန်ထွက်မယ်လို့ မကြာခဏထပ်ပြောနေပါတယ်။

ဒုံးကျည်ကာကွယ်ရေး

အမေရိကန်နိုင်ငံတစ်လွှားမှာ ခေတ်မီဆန်းသစ်တဲ့ ဒုံကျည်ကာကွယ်ရေးစနစ်တည်ဆောက်မယ်လို့ ထရမ့်က ကတိပေးထားပါတယ်။သူက အသေးစိတ်တော့မပြောပါဘူး။ သူ့အစိုးရက တီထွင်ဖွဲ့စည်းခဲ့တဲ့ အာကာသတပ်ဟာ အဆိုပါလုပ်ငန်းစဉ်မှာ ဦးဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်မယ်လို့သူကဆိုပါတယ်။

Source Reuters

@ymg/knl