Published_ 24 August 2023

ခန္ဓာကိုယ်အတွက် အကောင်းဆုံး အရွက်တွေထဲမှာ ကန်စွန်းရွက်က အပါအဝင်ဖြစ်ကြောင်း ဗိုက်တာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုအပေါ် CDC က တွက်ချက်ထားတာ ဖြစ်ပါတယ်။

အသီးအနှံနဲ့ ပတ်သက်လာရင်တော့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးက ခရမ်းချဥ်သီး ဖြစပါတယ်။

ရုက္ခဗေဒနည်းအရ စဥ်းစားရင် ခရမ်းချဥ်သီးက အသီးမျိုးနွယ်ဖြစ်ပါတယ်။

ခရမ်းချဥ်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်ပါတယ်။

ဓာတ်တိုးခြင်းကို ဖြစ်စေပြီး ကင်ဆာ၊ ဆီးချို၊ နှလုံးရောဂါ၊ အခြားနာတာရှည်ရောဂါများဖြစ်စေတဲ့ ပစ္စည်းတွေမှ ကင်းဝေးစေပါတယ်။

CDC မှ အာဟာရဓာတ် တွက်ချက်ရာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတိုင်းရဲ့ ၁၀၀ ကယ်လိုရီမှာ ပါဝင်တဲ့ အာဟာရဓာတ် ၁၇ မျိုး ပါဝင်မှုအပေါ် အခြေခံတာဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေက အသီးအနှံတွေထက် ကယ်လိုရီပါဝင်မှု နည်းပါးတာကြောင့် ဟင်းသီးဟင်းရွက်ကို ပိုစားပေးရပါတယ်။

ခရမ်းချဥ်သီးက ၁၂ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ၃ ဂရမ်အောက်သာ ပါဝင်ပြီး အနီရောင်သမ်းစေတဲ့ အရေးကြီးအာဟာရဓာတ် လိုင်ကိုပင်းလည်း ပါဝင်ပါတယ်။

ခရမ်းချဥ်သီးနဲ့ ခရမ်းချဥ်သီးဖြင့် ပြုလုပ်ထားတဲ့ စားစရာတွေ စားသုံးခြင်းဖြင့် ကင်ဆာနဲ့ နှလုံးရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

၂၀၂၁ အမ်ဘရဲလား လေ့လာချက်အရ ခရမ်းချဥ်သီးနဲ့ လိုင်ကိုပင်စားသုံးခြင်းဖြင့် နှလုံးသွေးကြောကျဥ်းရောဂါ၊ အစာအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဦးနှောက်သွေးကြောရောဂါတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ခရမ်းချဥ်သီးမှာ ဗိုက်တာမင်-အေနဲ့စီလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

အကောင်းဆုံးကတော့ သဘာဝအတိုင်း ရင့်မှည့်လာတဲ့ ခရမ်းချဥ်သီးကို အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။

ခရမ်းချဥ်သီးကို ချက်ပြုတ်လိုက်ပါက လိုင်ကိုပင်းဓတ် မြင့်မားစေနိုင်တာကြောင့် ဟင်းချက်ရာမှာ ထည့်သွင်းအသုံးပြုသင့်ပါတယ်။

ခရမ်းချဥ်သီးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီများနဲ့ တွဲဖက်အသုံးပြုခြင်းကလည်း လိုင်ကိုပင်းစုပ်ယူခြင်းကို အားပေးပါတယ်။
Source: delish
#World_Health
ခရမ်းချဥ်သီး #ကျန်းမာရေးနှင့်အညီညွတ်ဆုံးအသီး #ပညာရှင်များဆို
#YMG #Yangon_Times