Published 5 Oct 2022
ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာယဉ်ကျေးမှုဇုန် တစ်ခုလုံးအား ခြုံငုံမြင်တွေ့ လေ့လာ၍ ရနိုင်သည့် View Point မျှော်စင်တစ်ခုကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောက်လုပ်နိုင်ရန် နစက ဥက္ကဋ္ဌက တာဝန်ရှိသူတွေကို ပြောကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစက ဥက္ကဋ္ဌဟာ အောက်တိုဘာ ၅ ရက်က သရေခေတ္တရာမြို့ဟောင်း ကမ္ဘာ့အမွေအနှစ်ဒေသသို့ သွားရောက်စဉ် တာဝန်ရှိ သူတွေကို အဲဒီအချက်ကို မှာကြားခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ရှေးဟောင်းယဉ်ကျေးမှုနေရာတွေကို Protection Area အဖြစ် ကာရံပေးနိုင်ဖို့နှင့် ယဉ်ကျေးမှု နယ်မြေကို မြန်မာ့သမိုင်းကို ခိုင်ခိုင်မာမာ အဆင့်ရှိရှိ ပြသနိုင်သည့် ကမ္ဘာ့အဆင့်မီ ယဉ်ကျေးမှုဇုန်ဖြစ်ရမည်ဖြစ်ဖို့ကိုလည်း ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီအပြင် သရေခေတ္တရာ ယဉ်ကျေးမှုဇုန်အတွင်းရှိတဲ့ သီရိခေတ္တရာပြတိုက်ကို ဒစ်ဂျစ်တယ်ပြတိုက်အဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်ဖို့လည်း အကြံပြုမှာကြားခဲ့တယ်လို့ သိရှိရပါတယ်။
“ ပြတိုက်အတွင်းခင်းကျင်းပြသထားတဲ့ ဓာတ်ပုံတွေနှင့် ခုနှစ်သက္ကရာဇ်တွေ၊တူးဖော်ရရှိတဲ့ နေရာတွေကို အလွယ်တကူလေ့လာ သိရှိဖို့ ရှင်းလင်းစွာစာတန်းထိုးထားဖို့ လိုအပ်ပါတယ်။ပျူစာဖြင့်ရေးထိုးထားတဲ့ကျောက်စာတွေကို သမိုင်းပညာရှင်များဖြင့် ဘာသာ ပြန်ဆိုပြီး အများပြည်သူ လေ့လာနိုင်ရေးထားရှိဖို့၊ရှေးခေတ်လက်ရာ ဒင်္ဂါးပြား များ၊ လက်ဝတ်ရတနာများကို အနီးကပ်ကြည့်ရှု လေ့လာနိုင်ရေးအတွက်လည်း ခေတ်မီနည်းစနစ်များ အသုံးပြု၍ LED Screen များဖြင့် လေ့လာကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားဖို့နှင့် ပြတိုက်ကို Digital Museum အဖြစ် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်ပေးဖို့” ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၊ ဗီဇကာပတ်တနန်မြို့တွင်လည်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ နေရာ တစ်ခုရှိပြီး ၎င်းတို့ တူးဖော်ရရှိထားသည့် အဆောက်အဦများ၊ စေတီပုထိုးများ၊ ရှေးဟောင်း ပစ္စည်းတွေဟာ မြန်မာနိုင်ငံရှိ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်း များတွင် တူးဖော်ရရှိထားသည့် လက်ရာများနှင့် များစွာ တူညီမှုရှိနေတဲ့အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သွားရောက်လေ့လာပြီး သမိုင်းကြောင်းတွေ့ရှိမှု များကို သုတေသနပြု ဆောင်ရွက်ရန်လိုကြောင်း၊ ရာဇကုမာရ်ကျောက်စာတွင် ဗမာ စာပေကို အမှီပြု၍ မွန်၊ ပျူ၊ ပါဠိဘာသာများဖြင့် ထပ်မံဘာသာပြန်ဆိုရေးထိုးထားသည်ကို တွေ့ရှိရသဖြင့် ပုဂံခေတ်တွင် မွန်၊ ပျူ၊ ဗမာ တို့၏ စပ်ဆက်မှုများ၊ ပျူ တို့၏ ယဉ်ကျေးမှု များကို သုတေသနပြု ဖော်ထုတ်ရန်လိုကြောင်းကိုပါ ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သရေခေတ္တရာမြို့ဟောင်းသည် မြန်မာနိုင်ငံတွင်ရှိသည့် ပျူမြို့ဟောင်း များအနက် အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးမြို့ဖြစ်ပြီး သရေခေတ္တရာဟူသော အမည်သည် “ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသောမြို့”ဟု အဓိပ္ပါယ်ရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ မှော်ဇာရွာတွင် တည် ရှိပြီး သရေခေတ္တရာမြို့ဟောင်းသည် အဝန်းအဝိုင်း ပုံသဏ္ဍာန်ရှိကာ မြို့ရိုးသည် အရှည် ၁၄ ကီလိုမီတာ၊ အကျယ် ၄ မီတာနှင့် အမြင့် ၁၀ မီတာ ရှိပါတယ်။ မြို့ဟောင်းအတွင်း မှော်ဇာ ရွာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာ ပါဝင်ကြောင်း၊ ဒေသရာဇဝင်များအဆိုအရ သရေခေတ္တရာမြို့တည်ပုံမှာ သာသနာတော် သက္ကရာဇ်(၁၀၁)ခုနှစ်တွင် ဂဝံပတိရသေ့၊ သိကြား၊ ဂဠုန်၊ နဂါး၊ ဂမ္ဘာန်၊ စန္ဒီ၊ ပရမေသုရာ စသည့် သူမြတ် ၇ ဦးတို့သည် မြတ်စွာ ဘုရား ဗျာဒိတ်တော်ရှိသည်နှင့်အညီ မြို့ကို တည်အံ့သော အကြောင်းကို စုရုံးတိုင်ပင် ကြ၍ သာယာညီညွတ်လှစွာသော မြေအပြင်ဝယ် သိကြားမင်းသည် စက်တိုင်၌ ရပ်နေပြီးလျှင် နဂါးကိုစက်ကြိုးပြု၍ပတ်စေခဲ့ပါတယ်။ ထိုအဝန်းအဝိုင်းကိုပင် သရေခေတ္တရာ မြို့တော်၏ ပမာဏအဖြစ် စတင်တည်ထောင်ခဲ့ပြီး ဒွတ္တပေါင်မင်းကြီးကို နန်းတင် မြှောက်ခဲ့သည်ဟု အဆိုရှိခဲ့ ပါတယ်။
သရေခေတ္တရာမြို့ဟောင်းသည် ပျူတိုက်၊ သင်္ချိုင်း၊ ကုန်း၊ စေတီ၊ ဂူဘုရား၊ နန်းတော်၊ မြို့ဝင်ပေါက်၊ ကျုံး၊ မြို့ရိုး ကဲ့သို့သော အဆောက်အဦ အကြွင်းအကျန်များနှင့်အတူ လက်ရှိအချိန်အထိ လူနေထိုင်ဆဲမြို့ပြ တစ်ခု ဖြစ်ပါတယ်။၊ မြို့ဟောင်း တူးဖော်မှုလုပ်ငန်းနှင့် ကွင်းဆင်းသုတေသနလုပ်ငန်း များကို ၁၉၀၇ ခုနှစ်မှ စတင်၍ ယခုအချိန်အထိ ရှေးဟောင်းသုတေသနဦးစီးဌာနက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
Source: MNA
#SG_Min_Aung_Hlaing
#Myanmar_Culture
#Myanmar_Heritage
- Category: Myanmar
- Hits: 575
Published 5 Oct 2022
အိန္ဒိယနိုင်ငံဟာ ပြည်တွင်းထုတ် တိုက်ခိုက်ရေးရဟတ်ယာဉ် ပထမတစ်သုတ်ကို တနင်္လာနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။ အဆိုပါ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ ဟိမဝန္တာလိုနေရာမျိုးမှာ အသုံးပြုနိုင်မယ့် အမြင့်ပျံရဟတ်ယာဉ်အမျိုးအစားအဖြစ် အခြေခံ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေဟာ ရုရှားကနေမှီခိုနေရတာကို လျှော့ချတဲ့ အိန္ဒိယရဲ့ ကြိုးပမ်းအားထုတ်မှု ဖြစ်ပါတယ်။
ယခုတိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ဟင်ဒူစတန်အဲရိုနော့တစ်လိမိတက် (အိတ်ချ်အေအယ်လ်)က ထုတ်လုပ်တာဖြစ်ပြီး အိန္ဒိယလေတပ်ရဲ့ တိုက်ပွဲစွမ်းရည်တွေကို ကြီးမားစွာမြှင့်တင်ပေးမှုတစ်ရပ်ပဲဖြစ်တယ် လို့ ကာကွယ်ရေးဝန်ကြီး ရာချ်နက် ဆင်းက အိန္ဒိယအနောက်ပိုင်း ဂျိုပါး လေတပ်အခြေစိုက်စခန်းမှာ သတင်းထောက်တွေကိုပြောပါတယ်။
“ အလွန်အရေးပါတဲ့အခမ်းအနားဖြစ်တယ်။ အထူးဂုဏ်ယူစရာ ပြီးတော့ ဆယ်စုနှစ်နှစ်စုမှာ လုံ့လဝီရိယရှိရှိ သုတေသနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ခဲ့တဲ့ အကျိုးရလာဒ်တစ်ခုဖြစ်တယ်” လို့ ဆင်းကပြောပါတယ်။
ရဟတ်ယာဉ်ကို ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ တစ်သောင်းခြောက်ထောင် အထိ စမ်းသပ်ပျံသန်းပေးပြီးပြီလို့ အရာရှိတွေကပြောပါတယ်။
အိန္ဒိယဟာ ပြည်တွင်းကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းကို တည်ဆောက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း ပြည်တွင်းထုတ် လေယာဉ်တစ်စီးကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။
Source AFP
#Hindustan_Aeronautics_Limited
#India_made_Light_Combat_Helicopters
#India_Defence_Industry
- Category: World
- Hits: 781
Published 4 Oct 2022
ပြည်ပမှ အဓိကတင်သွင်းနေရတဲ့ စက်သုံးစီတွေကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရေးဆောင်ရွက်နေရာ မကြာမီ အချိန်အတွင်း ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်မယ့် အလားအလာရှိနေတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ပြည်မြိုရှိ၊ သီရိခေတ္တရာရတနာပုံမြို့တော်ခန်းမ၌ ယနေ့ အောက်တိုဘာ ၄ရက် ကတွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆွေးနွေးပြောကြားရာမှာ ဗိုလ်ချူပ်မှူးကြီးက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ စက်သုံးဆီတွေကို အဓိကအားဖြင့် ပြည်ပမှတင်သွင်းနေရပြီး ဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူရရှိနိုင်ဖို့ နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီ အချိန်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်မည့် အလားအလာများရှိနေပါတယ်။ စက်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေရရှိဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ သဘာဝဓာတ်ငွေ့ထုတ်ယူ ရရှိနိုင်သည့် နေရာလည်းတွေ့ရှိထားပြီဖြစ်ပါတယ်။ နောင်လာမည့် သုံးနှစ်ခန့်အတွင်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်” လို့ နစက ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်ခရိုင်အတွင်းက MSME လုပ်ငန်းတွေက ဓာတ်မြေဩဇာတွေ ဈေးနှုန်းသက်သာစွာရရှိရေး၊ စပါးစိုက်ပျိုးရေး ရင်းနှီးမတည် ငွေတွေကို သက်သာတဲ့အတိုးနှုန်းဖြင့် ထုတ်ချေပေးဖို့၊ ခရီးသွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေး နိုင်ငံတော်မှကူညီပံ့ပိုးမှုနှင့် ဖြေလျော့ မှုတွေပြုလုပ်ပေးဖို့၊ကိုဗစ်ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ တိုးမြှင့်ပေးဖို့၊စက်သုံးဆီတွေ ဈေးနှုန်းသက်သာစွာရောင်းချပေးဖို့၊ သံထုတ်လုပ်ရေးအတွက် သတ္တုကုန်ကြမ်းနှင့်ဆက်စပ်ပစ္စည်းတွေ ဈေးနှုန်းသက်သာစွာရရှိဖို့နှင့်နည်းပညာတွေမျှဝေပေးဖို့၊ပန်းပု လုပ်ငန်းအတွက် ကုန်ကြမ်းအခက်အခဲဖြစ်ပေါ်နေမှုတွေကို တင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
နစက ဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ရာမှာ
- ရထားခရီးဖြင့် အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိ
- ရုရှားနိုင်ငံမှ ခရီးသွားများမြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရေး ဒေသအလိုက် ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်းများဖွဲ့စည်းဆောင်ရွက်ပေးမည်
- ကိုဗစ်ကာလ ရင်းနှီးမြှုပ်နှံမှုချေးငွေများ ပြန်လည်ပေးဆပ်ရန်အတွက် အချိန်ကာလထပ်မံတိုးမြှင့်ပေးသွားမည် ဖြစ်ပြီး ရင်းနှီးမတည်ငွေများလည်း ထပ်မံထုတ်ချေးပေးသွားမည်
- စားသုံးဆီများအရည် အသွေး ပြည့်မီစွာ ထုတ်လုပ်ရန်အတွက် ခေတ်မီစက်ကိရိယာများလိုအပ်ကြောင်း၊ ဆီထုတ် လုပ်ရေးလုပ်ငန်းများအတွက် ကူညီပံ့ပို့ပေးမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း စတာတွေကို
ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံပွဲအပြီးမှာ ခင်းကျင်းပြသထားတဲ့ MSME ထုတ်ကုန်ပြခန်းတွေကို ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့ကလှည့်လည် ကြည့်ရှုခဲ့ကြပါ တယ်။
နစက ဥက္ကဋ္ဌဟာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်တွေကို ဒေသအလိုက် သွားရောက်တွေ့ဆုံ ဆွေးနွေးလျက်ရှိရာမှာ မန္တလေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးတို့မှ လုပ်ငန်းရှင်တွေနှင့် ယခင်ရက်များက တွေ့ဆုံခဲ့ပြီး ယခု ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်မှ လုပ်ငန်းရှင်တွေနှင့်ဆက်လက်တွေ့ဆုံတာဖြစ်ကြောင်းသိရှိရပါတယ်။
ဗိုလ်ချူပ်မှူးကြီးနှင့် ဇနီးတို့ဟာ ပြည်မြို့သို့ ရောက်ရှိနေခိုက် အောက်တိုဘာ ၄ရက် ညနေပိုင်းမှာ ပြည်မြို့ ကျက်သရေ ဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: SAC’s Info
#SG_Min_Aung_Hlaing
#MSME_Myanmar
#Myanmar_Economy
- Category: Myanmar
- Hits: 402
Published 4 Oct 2022
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က CNN စီအင်န်အင်န် ရုပ်သံဌာနကို အသရေဖျက်မှုနှင့် တနင်္လာနေ့က တရားစွဲဆိုလိုက်ပါတယ်။ စီအင်န်အင်န်ဟာ သူ့ကို သွားပုပ်လေလွင့်ပြောဆိုသိက္ခာချစည်းရုံးလှုံဆော်မှုတွေကြောင့် ဆုံးရှုုံးနစ်နာမှုတွေအတွက် နစ်နာကြေး ဒေါ်လာ ၄၇၅သန်းကိုပါ တောင်းဆိုလိုက်ပါတယ်။
အမေရိကန် ဖလော်ရီဒါပြည်နယ်က ဖို့တ် လောဒါဒါလီခရိုင်တရားရုံးမှာ တရားစွဲဆိုလိုက်တာဖြစ်ပြီး စီအင်န်အင်န်ဟာ သူ့ရဲ့ ဦးဆောင် သတင်းအဖွဲ့အစည်းတစ်ခုရဲ့ သိသာတဲ့ အရှိန်ဩဇာကို အသုံးချပြီး သူ့ကို နိုင်ငံရေးအရ အနိုင်ရဖို့ လုပ်ဆောင်နေတယ်လို့ ထရမ့်က ပြောပါတယ်။
စီအင်န်အင်န်က ဒီကိစ္စနှင့်ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။
စီအင်န်အင်န်ကိုစွဲဆိုတဲ့အမှုမှာ စာမျက်နှာပေါင်း ၂၉ မျက်နှာပါရှိပြီး စီအင်န်အင်န်ဟာ သူ့ကို တိုက်ခိုက်ဝေဖန်ခဲ့တဲ့ ကာလရှည် မှတ်တမ်းတွေရှိခဲ့တယ်။ အခုနောက်ပိုင်း မကြာသေးခင်လတွေမှာ သူတို့ဟာ တိုက်ခိုက်မှုကို အရှိန်မြှင့်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၄ မှာ သူ သမ္မတပြန်အရွေးခံမှာကို စီအင်န်အင်န်က ကြောက်ရွံ့လို့ဖြစ်တယ်လို့ ရီပတ်ဘလီကင်ဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကပြောပါတယ်။
“နိုင်ငံရေးမျှခြေရှိတာကို တိမ်းစောင်းသွားစေဖို့ ပူးပေါင်းလုပ်ဆောင်တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် စီအင်န်အင်န်ဟာ မတော်တရော်တွေ အမှားတွေနှင့် အသရေဖျက်မှုတွေဖြစ်စေတဲ့ “ လူမျိုးခွဲခြားရေးဝါဒီ” “ ရုရှား လက်ပါးစေ” “ ဆူပူအုံကြွရေးသမား”နှင့် အဆိုးဆုံးက “ဟစ်တလာ” ဆိုပြီး ဆက်တိုက် တံဆိပ်ကပ်တာတွေ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အမှုဖွင့်ရာမှာ ထည့်သွင်းထားပါတယ်။
အခြားသော အဓိက မီဒီယာကုမ္ပဏီကြီးတွေကိုလည်း သူဟာ လာမယ့်အပတ်တွေနှင့်လတွေမှာ ဆက်ပြီးတရားစွဲဆို ဦးမယ်လို့ သမ္မတဟောင်းထရမ့် က သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၁ ဇန်နဝါရီ ၆ ရက်ကိစ္စ ကိုင်တွယ်တဲ့ ကွန်ဂရက် ကော်မတီကိုပင် သူ တရားးစွဲနိုင်တယ်လို့ သူကပြောပါတယ်။
Source Reuters
#Trump
#CNN
#defamation
- Category: World
- Hits: 650
Published 3 Oct 2022
နိုင်ငံတော်မှာ ပြည်တွင်းလည်ပတ်သုံးစွဲငွေများ ရှိပြီးဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ချေးငွေတွေကို အတတ်နိုင်ဆုံးထုတ်ပေးသွားမယ်လို့ နစက ဥက္ကဋ္ဌက လုပ်ငန်းရှင်တွေကို ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၃ရက်မနက်က နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင် များအား ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ၍ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
- ကိုဗစ်ကာလ ချေးငွေများ နိုင်ငံတော်သို့ ပြန်လည် ပေးဆပ်ရန် အခက်အခဲများ ဖြစ်ပေါ်နေမှုအတွက် ကာလ တစ်ခု သတ်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေများရရှိရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်
- ရင်းနှီးမြှုပ်နှံနိုင်ရန် ငွေကြေးများ ထုတ်ချေးပေးထားခြင်းဖြစ်သဖြင့် အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက် ကြစေလိုပြီး ပြန်လည်ပေးဆပ်ရမည့် ကာလအတွင်း ပြည့်မီအောင် ပြန်လည်ပေးသွင်းနိုင်ရေး ဆောင်ရွက်ကြရန်လို
- နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများကိုလည်း အပြည့်အဝ ပေးသွင်းရန်လိုကြောင်း၊
- လာမည့်ဘတ်ဂျက်ကာလများတွင် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးရံပုံငွေ အတွက် ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်
- နိုင်ငံတော်မှရရှိရန် ကျန်ရှိသည့် ချေးငွေများ ပြန်လည်ရရှိမည်ဆိုပါက ချေးငွေများကို ပိုမိုပြည့်ဝစွာထပ်မံ ထုတ်ချေးပေးနိုင်မည်ဖြစ်
- နိုင်ငံတော်အနေဖြင့် ပြည်တွင်းလည်ပတ် သုံးစွဲငွေ များရှိပြီးဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ချေးငွေများ ကိုလည်းအတတ်နိုင်ဆုံးထုတ်ပေးသွားမည်ဖြစ်ကြောင်း” ဖြင့်ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များကိုယ်စား ဒေါ်သီသီဝင်း၊ ဦးဝင်းမြင့်အောင်၊ ဒေါ်ယဉ်ယဉ်မိုး နှင့် တက်ရောက်လာကြသူတွေက
- ရန်ကုန်တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊
- Quick Win ဖြစ်စေမည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းများ ကို အောင်မြင်စွာဆောင် ရွက်နိုင်ရေးအတွက် အတိုးနှုန်းနည်းပါးသည့် ရင်းနှီးငွေများလိုအပ်မှု
- နည်းပညာများ ရရှိရေးနှင့် အခြားပံ့ပိုးပေးမှုများလိုအပ်မှု၊ ကုန်ကြမ်းပစ္စည်းများနှင့် စက်ပစ္စည်းများ တင်သွင်းခွင့်ရရှိရန်လိုအပ်မှု
- ပြည်တွင်းထုတ်ကုန်တိုးတက်ရေးအတွက် တရားမဝင် ကုန်စည်တင်သွင်းမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်လိုအပ်မှု
- ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ ယခုနှစ် မိုးဦး ကာလတွင် မိုးနည်းသည့်အတွက် ဆန်းစပါးအထွက်နှုန်း ကျဆင်းမှုရှိနိုင်သဖြင့် နွေ စပါး အထွက်နှုန်း တိုးတက်ရေး ဆောင်ရွက်ပေးရန်လိုအပ်မှု
- နိုင်ငံတော်မှ နွေစပါး စိုက်ပျိုးရေးအတွက် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ပေးသည့်အတွက် နွေစပါးအထွက်နှုန်း တိုးတက်ရေးအတွက် အထောက်အကူဖြစ်မှု
- ဆန်၊ စပါး ပြည်ပ ပို့ကုန်မြှင့်တင်ရေးအတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်း များ ပိုမိုတိုးတက်လာနိုင်မှု
- စိုက်ပျိုးရေးလုပ်ငန်းများအတွက် စိုက်ပျိုးရေး စရိတ် ချေးငွေများကို နိုင်ငံတော်အစိုးရသာမက ပုဂ္ဂလိက လုပ်ငန်းများမှလည်း ထုတ်ချေးပေးမည်ဆိုပါက ဆန်၊ စပါး ထုတ်လုပ်မှုများ ပိုမိုတိုးတက်လာမည့် အခြေ အနေများ
- ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ကုန်စည်ဒိုင်များ အဆင့်မြှင့် တင်ဆောင်ရွက်ရန် လိုအပ်မှု
- ဆီထုတ်လုပ်မှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများ ပြည်တွင်း၌ ဖူလုံစွာ ရရှိရေး
- ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီထွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် တိကျသည့် မူဝါဒတစ်ခုကို သုသေသနပြု ချမှတ် ပေးရန်လိုအပ်မှု
- ပြည်တွင်း စားသုံးဆီထုတ်လုပ်မှု လျော့နည်းသည့် အတွက် လိုအပ်ချက်အရ စားသုံးဆီများ တင်သွင်းနေရမှုကြောင့် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိမှု
- အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများတွင် ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိမှုနှင့် အချို့သော အခက်အခဲများနှင့် ရင်ဆိုင်နေရလျက်ရှိမှု
- ကိုဗစ် ကာလအတွင်း ချေးငွေရယူထားသည့် MSME လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲ များ ဖြစ်ပေါ်လျက်ရှိသဖြင့် နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်ရမည်ကာလအား တိုးမြှင့် သတ် မှတ်ပေးစေလိုမှုနှင့် ရင်းနှီးမြှုပ်နှံငွေများ ဆက်လက်ဆောင်ရွက်ပေးစေလိုမှု
- ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများမှ ထွက် ရှိသည့် ကုန်ပစ္စည်းများသည် အမှန်တကယ် ဈေးကွက်လိုအပ်ချက်ရှိသည်ဖြစ်သည့် အတွက် ဈေးကွက်မပြတ်လုပ်ငန်းလည်ပတ်နိုင်စေရေး ရင်းနှီးမြှုပ်နှံငွေများ ဆောင်ရွက်ပေး စေလိုမှု
- လုပ်ငန်းများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လျှပ်စစ် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု
- စက်မှုလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရာတွင် မြေနေရာ လိုအပ်ချက်များ
- ကျွမ်းကျင်လုပ်သားများအတွက် Training Centerများ လိုအပ်လျက်ရှိမှု
- ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည် စီးဆင်းမှုများ လွယ်ကူမြန်ဆန်စေရေးအတွက် လိုအပ်ချက်များနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အခြေအနေများ
- တိုင်းရင်းဆေးဝါး ထုတ်လုပ်မှုနှင့် အထည်ချုပ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများ
- မွေးမြူရေး ထုတ်ကုန်များထုတ်လုပ်လျက်ရှိမှုနှင့် မွေးမြူရေးအစာများပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရန် လိုအပ်မှု
- ရာဘာထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးအတွက် ထိရောက် သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန် လိုအပ်မှု
- စိုက်ပျိုးရေးလုပ်ငန်းအတွက် သွင်းအားစုများပြည့်ဝစွာရရှိရေး ဖြည့်ဆည်းပေးစေလိုမှု စတာတွေကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
လုပ်ငန်းရှင်တွေရဲ့တင်ပြချက်တွေအပေါ် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း နှင့် ဦးအောင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက်အသီးသီး ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြပါတယ်။
ဗိုလ်ချူပ်မှူးကြီးက လုပ်ငန်းရှင်များ၏ တင်ပြချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားရာတွင်.
- ဆီထွက်ကုန်များတွင်မြေပဲတစ်ခုသာ အထွက်နှုန်းကောင်းမွန်ပြီး ကျန်ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း မပြည့်မီသဖြင့်ပြည့်မီအောင်ဆောင်ရွက်မှ ပြည်တွင်းဆီထုတ်လုပ်မှုတိုးတက်မည်
- ဆီအုန်းစိုက်ပျိုးမှုကို ပြည့်ဝစွာ စိုက်ပျိုးမှု မရှိသည့်အတွက် ဆီထုတ်လုပ်မှု နည်းပါးနေခြင်းဖြစ်ကြောင်း၊ ပြည်တွင်း ဆီလိုအပ် ချက် ပြည့်မီဖူလုံစေရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည်
- ဆီထွက်သီးနှံစိုက်ပျိုးသည့် လုပ်ငန်းရှင်များနှင့် ဆီ ထုတ်လုပ် သူများ အနေဖြင့်လည်း အမှန်တကယ် အလုပ်လုပ်ကြရန် လိုအပ်
- စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်တွင်း၌ ပိုလျှံသည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်သွင်းသူ(Exporter) အဖြစ်ထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်
- MSME လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ပုဂ္ဂလိကအနေဖြင့်လည်း လျှပ်စစ် ဓာတ်အားရရှိအောင် ဆောင်ရွက်ကြရန်လို
- နေရောင်ခြည်စွမ်းအင်နှင့် လေအား တို့ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရန်လို
- လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအတွက်လိုအပ်သည့် ဒီဇယ်ဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ
- MSME လုပ်ငန်းများအတွက် မြေနေရာလိုအပ်မှုကို နိုင်ငံ တော်မှ မြေနေရာများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိ
- စိုက်ပျိုးမြေများပေါ်တွင် စက်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သီးနှံထွက်နှုန်းနည်းပါးသွားမည်ဖြစ်
- စိုက်ပျိုးမြေများပေါ်တွင် စက်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သီးနှံထွက်နှုန်းနည်းပါးသွားမည်ဖြစ်
- စားရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် မြေနေရာများကိုမူ ခွင့်ပြုပေး၍ ရနိုင်မည်မဟုတ်ဘဲ မြေလွတ်မြေရိုင်းများ ပေါ်တွင် စက်မှုလုပ်ငန်းဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ ခွင့်ပြုပေးနေ
- မွေးမြူရေးကုန်ကြမ်းများအားလုံး ပြည်တွင်း၌ လုံလောက် စွာ ရှိပြီးဖြစ်သော်လည်း အရည်အသွေးပြည့်မီရန်လိုနေ
- မွေးမြူရေးကို မိရိုးဖလာ မွေးမြူရေးထက် စနစ်ကျနသည့် မွေးမြူရေးဖြစ်ရန်လိုကြောင်
- စိုက်ပျိုးရေးလုပ်ငန်းများအတွက် သွင်းအားစုဖြစ်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး ဆောင်ရွက်လျက်ရှိ
- ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများ ရရှိရေး နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိ
- ရာဘာ အထွက် နှုန်းများ ကောင်းမွန်ရေးနှင့် အရည်အသွေးပြည့်မီသည့် ရာဘာကုန်ကြမ်းများ ရရှိ အောင် နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ရန်လို
- ပြည်ပမှ ရာဘာ တရားမဝင် တင်သွင်းမှုများကို ထိရောက်စွာ ထိန်းချုပ်သွားမည်
- စက်မှုနှင့် စိုက်ပျိုးရေးသင်တန်းကျောင်းများကို အခြေခံပညာကျောင်းများတွင် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်
- ဘဏ်စနစ် ပြိုလဲအောင် နည်းလမ်းမျိုးစုံဖြင့် ထိုးနှက်လုပ်ဆောင်ခဲ့သော် လည်း ပြိုလဲမှုမရှိစေရေး ဦးစားပေးအနေဖြင့် ဆောင်ရွက်ခဲ့
- ငွေကစားသူများရှိခြင်းကြောင့် ငွေကြေးတန်ဖိုးများကျဆင်းမှုများဖြစ်ပေါ်ခဲ့၍ ငွေကြေးကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်း ကာ ထိန်းသိမ်း ဆောင်ရွက်ခဲ့
- ရေအားလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး နိုင်ငံတော်အစိုးရ အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ
- နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားများ ထုတ်ယူနိုင်ရေးအတွက်လည်း တည်ဆောက်ရေးလုပ်ငန်းများဆောင် ရွက်လျက်ရှိ
- နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေး၊ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများတွင်လည်း နျူကလီးယား စွမ်းအင် အသုံးပြုနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိ
- အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် အာဆီယံထက် မိမိတို့နိုင်ငံသည် နှုန်းထားအသက်သာဆုံးဖြစ်
- နိုင်ငံတကာထက် အခွန်နှုန်း များ များပြားနေသည်များရှိပါက သတင်းပို့ဆောင်ရွက်ကြစေလို
- အခွန်တိမ်းရှောင်သူများ မရှိစေရန်လည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး အခွန်များကို လည်း မှန်မှန်ကန်ကန် ပေး ဆောင်စေလိုကြောင်းများဆွေးနွေးပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
တွေ့ဆုံပွဲအပြီးမှာ နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေဟာ တက်ရောက်လာခဲ့တဲ့ လုပ်ငန်းရှင်တွေနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ခင်းကျင်းပြသထားတဲ့ MSME တွေရဲ့လုပ်ငန်းနှင့်ထုတ်ကုန်ပြခန်းတွေကို ကြည့်ရှုခဲ့ကြတယ်လို့ နစကရဲ့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Source SAC’s Info
#SG_Min_Aung_Hlaing
#Yangon_region_MSME
#Myanmar_Economy
- Category: Myanmar
- Hits: 442
Published 2 Oct 2022
ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်ပါက တပ်မတော်အနေဖြင့် လက်လှမ်းမမီသည့်ဒေသ၊လက်လှမ်းမမီသည့် ကုသမှု အမျိုးအစား မရှိသလောက် ဆောင်ရွက်နိုင်ပြီလို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
(၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ(၁)ရက်က ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာမှာ နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
အဲသလို ဆောင်ရွက်နိုင်ခြင်းသည် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းအားထုတ်မှု၊ လက်ဆင့် ကမ်း ပညာအမွေများ ပေးခဲ့ကြသည့် ဆေးပညာရှင်ကြီးများ၏ ကျေးဇူးများကြောင့်ဖြစ်လို့ ဂုဏ်ယူဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့အနေဖြင့် ထိုကဲ့သို့ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် လိုအပ်သည့် ဆရာဝန်၊ သူနာပြုများကို မွေးထုတ်နိုင်ရေးကိုလည်း လွတ်လပ်ရေး ရပြီးစကာလကပင်ကြိုးပမ်းခဲ့သည်ကိုတွေ့ရပါကြောင်း၊ အထင်ရှားဆုံးမှာ တပ်မတော် တစ်ရပ်လုံး၌ရှိသည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် များ၏ လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်နိုင်ရေးအတွက် ၁၉၅၂ ခုနှစ်တွင် ဆေးဘက်ဌာနချုပ်နှင့် လေ့ကျင့်ရေးတပ် ကို ဖွင့်လှစ် ပေးနိုင်ခဲ့ပါကြောင်း၊ ထိုတပ်သည် နောင်အခါတွင် ဗဟိုဆေးတပ်အမည်ဖြင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် များ၏ လေ့ကျင့်ရေးကို နှစ်ပေါင်းများစွာ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ်၌ တပ်မတော် ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းအနေဖြင့် ပြောင်းလဲ ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောဆိုခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တပ်မတော်၏ စစ်ဆင်ရေးများဖြစ်သည့် အင်းစိန်တိုက်ပွဲ၊ တရုတ်ဖြူ ကျူးကျော်မှု မှစ၍ စစ်ဆင်ရေးများအထိ တိုက်ပွဲပေါင်း၊ စစ်ဆင်ရေးပေါင်းများစွာ၌လည်း ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် စွမ်းစွမ်းတမံကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြရာမှာ ဗိုလ်ကြီး သူရမွန်ထော်သက်ညွန့် ကဲ့သို့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသည့် ထူးချွန်သူပေါင်းများ ကိုလည်း ဆေးတပ်ဖွဲ့သမိုင်းတစ်လျှောက်တွင် များစွာတွေ့မြင်ခဲ့ရတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
တပ်မတော်ဆေးရုံတွေကို အဆင့်မြှင့်တင်ခဲ့ရာတွင် ယခုအချိန်၌ ကျောက်ကပ် အစားထိုး ကုသနိုင်သော ဆေးရုံ ၄ ရုံ၊ အသည်းအစားထိုးကုသပေးနိုင်သော ဆေးရုံ ၁ ရုံ၊ နှလုံးသွေးကြော ရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ကုသနိုင်သော ဆေးရုံ ၄ ရုံ၊ နှလုံး ခွဲစိတ်ကုသနိုင်သော ဆေးရုံ ၂ ရုံနှင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသနိုင်သော ဆေးရုံ ၃ ရုံတို့ ရှိနေပြီလို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။မကြာသေးမီကလည်းမြန်မာ့တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်း မှတ်တိုင်တစ်ခုအနေဖြင့် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်းသိရှိရပါတယ်။
တပ်မတော် ဆေးရုံ/ ဆေးတပ် ၆၇ ခုနှင့် ကိုဗစ်ကုသမှု စင်တာ ၅၄ ခုတို့ကို ဖွင့်လှစ် ပြီး ပြည်သူလူထုကိုပါ ကုသမှုများပေးနိုင်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ကိုဗစ် အတည်ပြုလူနာ သံဃာတော် ၁,၅၀၅ ဦး၊ သီလရှင် ၁၀၈ ဦး၊ အရပ်သား ၁၆,၀၅၄ ဦး နှင့် နိုင်ငံခြားသား ၁၃၅ ဦး၊ စုစုပေါင်း ၁၇,၈၀၂ ဦးကို ပြုစုစောင့်ရှောက်မှုပေခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ၏ လိုအပ်ချက်အရ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များကို လွှဲပြောင်းတာဝန်ပေးနိုင်ခဲ့တယ် လို့လည်း သိရှိရပါတယ်။
(၇၅)နှစ်မြောက် စိန်ရတုဆေး တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ အဆင့်မြင့် (၈)ထပ် ဆေးရုံအဆောက်အဦသစ်၊ အထူးကုသမှုစင်တာကိုလည်း ယမန်နေ့က ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
Source SAC’s info
#SG_Min_Aung_Hlaing
#Myanmar
#Myanmar_Military
- Category: Myanmar
- Hits: 587
Published 1 Oct 2022
ရန်ကုန်မြို့တော်စည်ပင်သာယာပြင်ပမြို့နယ်တွေမှာ မွေးမြူရေးဇုန်တွေ ထပ်မံတိုးချဲ့သွားကြဖို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က သက်ဆိုင်ရာဝန်ကြီးတွေနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူတွေက မှာကြားခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာလ(၁)ရက် နံနက်က နစက ဥက္ကဋ္ဌက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအနီးရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (၂၆) မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများတွေကို သွားရောက်ကြည့်ရှုစစ်ဆေး စဉ်မှာ မှာကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဒါပေမယ့် အဲသလို မွေးမြူရေးဇုန်တွေထပ်မံတိုးချဲ့ရာမှာ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတွေက စီးဝင်မှုတွေကို မထိခိုက်ဖို့လိုအပ် တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။ ထိုသို့ဆောင်ရွက်ကြရာမှာ ပုဂ္ဂလိက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အားပေးရမယ်လို့လည်း သူကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေ နှုန်းထားနှင့် တစ်နေ့လျင် လိုအပ်မည့် အသား၊ ငါးနှင့် ဥ အမျိုးမျိုး၊ ဟင်းသီးဟင်းရွက် လိုအပ်ချက်ကို တွက်ချက်၍ လိုအပ်ချက်များပြည့်မီစွာ စားသုံးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေးဇုန်များမှ ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရမှာဖြစ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။
လျှပ်စစ်ဓာတ်အားကို ဆိုလာစနစ်ဖြင့်ထုတ်ယူနိုင်ရေး ဆောင်ရွက်ရန် လိုပြီး ရရှိလာသည့် လျှပ်စစ်ဓာတ်အားဖြင့် မွေးမြူရေး ခြံများအတွက် လျှပ်စစ်ဓာတ်အား ပေး စနစ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သကဲ့သို့ အခြားသော အုပ်ချုပ်မှုလုပ်ငန်းများ အတွက် လည်း အသုံးပြုလာနိုင်မှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
(၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၏ မူလအဓိက ရည်ရွယ်ချက်သည် ပြည်တွင်းရာဘာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဖြစ်တဲ့အတွက် ရာဘာစိုက်ပျိုးရန်သတ်မှတ်ပေးထားသည့် မြေနေရာ များ၌ ရာဘာကိုသာ အတတ်နိုင်ဆုံး စိုက်ပျိုးရေး ဆောင်ရွက်ဖို့၊ ဘဲမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမို အောင်မြင်စေရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုဆောင်ရွက်၍ ဒေသမျိုးရင်းဘဲများကိုလည်း ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရန်ဖို့နှင့် စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြဖို့ကိုလည်း ဗိုလ်ချူပ်မှူးကြီးက တိုက်တွန်းပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးတင်ထွဋ်ဦးနှင့် ဦးလှမိုး၊မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဟန်ဇော် နှင့် အခြားတာဝန်ရှိသူတွေက (၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်နှင့် သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်တို့ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတွေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: SAC’s info
#SG_Min_Aung_Hlaing
#Myanmar
#Yangon_Agriculture_Livestocks
- Category: Myanmar
- Hits: 512