#Local_News
Published 26 April 2024


▪️ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းဂုံးကျော်တံတားပေါ် မှ အမျိုးသမီးတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးသည့် လူမှုကူညီရေးအသင်းထံကသိရသည်။

 

▪️ ဧပြီ ၂၆ရက် မွန်းတည့်၁၂နာရီဝန်းကျင်က ခုန်ချမှုဖြစ်ပွားခဲ့ကာ တံတားပေါ်မှ အောက်သို့ ပြုတ်ကျခြင်းကြောင့် ခြေထောက်နှင့်ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

 

▪️ "သူက လှည်းတန်းတံတား မြို့ထဲကိုသွားတဲ့ဘက်ကခုန်ချတာ အတော်တော့မြင့်တယ် ဦးခေါင်းထိတယ် ညာဘက်ခြေထောက်ကလည်ထွက်သွားတယ် လက်တလော အခြေ​နေကတော့ အသက်အန္တရာယ် စိုးရိမ်စရာတော့မရှိဘူး ဒါပေမယ့် ဦးခေါင်းထိထားတာဆိုတော့ ဆေးရုံရောက်မှ ဓါတ်မှန်ရိုက်ကြည့်မှ စိတ်ချရတဲ့အခြေနေရှိမရှိ သိရမှာပဲ"ဟု သွားရောက်ကူညီပေးခဲ့သည့် အနာဂတ်အလင်းတန်းပရဟိတအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

▪️ အဆိုပါ တံတားပေါ်မှ ခုန်ချသည့် အမျိုးသမီးမှာ အသက်၁၉ နှစ်ဝန်းကျင်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်တွင် ပါရှိသည့် နေရပ်လိပ်စာအရ သန်လျင်မြို့နယ်မှဖြစ်ကြောင်း သိရသည်။

 

▪️ ယင်းအမျိုးသမီး၏ မိသားစုဝင်များနှင့်လည်း အဆက်သွယ်ရရှိပြီးဖြစ်ကာ အခင်းဖြစ်ပွားရာနေရာမှဒဏ်ရာများရရှိထားသည့်အမျိုးသမီးကို အနာဂတ်အလင်းတန်းပရဟိတအသင်းမှ လူနာတင်ယာဉ်အမှတ်(04)ဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/LW #Yangon Times