#Local_News
Published 26 April 2024

▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များမှ  ထုတ်လုပ်ရောင်းချမည့်ကုန်ပစ္စည်းများကို  ဓာတ်ခွဲ စမ်းသပ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

▪️ အဆိုပါကဲ့သို့ဆောင်ရွက်ရာတွင်  ဓာတုဗေဒဓာတ်ခွဲစမ်းသပ်ပေးခြင်းနှင့် အဏုဇီဝဓာတ်ခွဲစမ်းသပ်ခြင်းများတို့ဖြင့် လုပ်ငန်းရှင်များ ထုတ်လုပ်မည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အမည် ၆၅၀ ကို ဓာတ်ခွဲစမ်းသပ်ပေးသွားမည် ဖြစ် ကြောင်းသိရသည်။

 

▪️ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း ပြုလုပ်နေသူများကို ဘဏ္ဍာနှစ်အလိုက် ဓာတ်ခွဲစမ်းသပ်ပေးနေခြင်းသည် လုပ်ငန်းရှင်များ ထုတ်လုပ်သည့်ကုန်ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေနိုင်သော ဓာတုဆေးဝါးများ ပါဝင်မှုမရှိစေရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ၊အဆိုပါ တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များပေါ်ထွက်ရေးကို ဘဏ္ဍာနှစ်အလိုက် သင်တန်းများပေးခြင်း၊ နည်းပညာများ ပေးခြင်းတို့ဖြင့် မွေးထုတ်ပေးလျက်ရှိနေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း လုပ်ငန်းရှင်များထုတ်လုပ်သည့် ကုန်ပစ္စည်း များကို ဓာတုဗေဒဓာတ်ခွဲစမ်းသပ်ခြင်းနှင့် အဏုဇီဝဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် လုပ်ငန်းရှင်များပေါ်ထွက်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon-Times