#Local_News
Published_ 26 April 2024


▪️ ရန်ကုန်တွင် မနက်ဖြန်ဧပြီ(၂၇)ရက်တွင် ၄၀ ဒီဂရီဆဲလ်ဆီးယပ်ရှိပြီး ပူမည်ဖြစ်ပြီး စစ်ကိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေးနှင့်ပဲခူးတို့တွင်လည်း အပူချိန်တိုးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။

 

▪️ ဧပြီ ၂၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၅.၄ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့တွင် ၄၄.၄ ဒီဂရီဆဲလ်စီးယပ်၊ အောင်လံမြို့တွင် ၄၃.၆ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦးမြို့နှင့် ပခုက္ကူမြို့တို့တွင် ၄၃.၅ ဒီဂရီဆဲလ်စီးယပ်စီ၊ စစ်ကိုင်းမြို့တွင် ၄၃.၃ ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့တွင် ၄၃.၂ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့နှင့် မကွေးမြို့တို့တွင် ၄၃.၁ ဒီဂရီဆဲလ်စီးယပ်စီ၊ ကျောက်ဆည်(လွန်ကျော်)တွင် ၄၃.၀ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြသည်။

 

▪️ နောက်(၂)ရက်အတွက် ဧပြီ(၂၇)ရက်နှင့်(၂၈)ရက်အတွက်ခန့်မှန်းချက်က‌တော့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်သည်ဟုဆိုသည်။

 

▪️ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာရန်တော့ရှိကြောင်း သိရသည်။

 

#tthl #Yangon_Times