#Local_News
Published_ 26 April 2024

▪️ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ မြန်မာ ငွေကျပ်  သန်းလေးထောင်နှင့်ကန်ဒေါ်လာလေးသန်းကျော်တန်ဖိုးရှိ ပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှုငါးခုအား ခွင့်ပြုခဲ့ကြောင်းသိရသည်။

 

▪️ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/ ၂ဝ၂၄) ကြိမ်မြောက် အစည်း အဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပခဲ့ရာ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌတိုင်းဒေသကြီး  ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာ ပြသထားရှိမှုများကို ကြည့်ရူခဲ့ကြကြောင်း သိရသည်။

 

▪️ ထို့နောက် အစည်းအဝေး တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် က အမှာစကားပြောကြားခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခု၊ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုတို့ကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ ပဲအမျိုးမျိုး၊ နှမ်းနှင့်ပြောင်း ကြိတ်ခွဲသန့်စင်ထုပ်ပိုး၍ ၁၀ဝ ရာခိုင်နှုန်း ပြည်ပတင်ပို့ ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် စက္ကူအိတ်အမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ် လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် သတို့သမီးဝတ်စုံများ ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ မြန်မာ ငွေကျပ်  သန်းလေးထောင်နှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၀၃ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၁,၉၅၂) ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

▪️ ယင်းနောက် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီငါးခု ၏တင်ပြချက်များကို ဆွေးနွေး ဆုံးဖြတ်ကြကြောင်း သိရသည်။

 

#YMG/NN #Yangon-Times