Published 4 Oct 2022

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က CNN စီအင်န်အင်န် ရုပ်သံဌာနကို အသရေဖျက်မှုနှင့် တနင်္လာနေ့က တရားစွဲဆိုလိုက်ပါတယ်။ စီအင်န်အင်န်ဟာ သူ့ကို သွားပုပ်လေလွင့်ပြောဆိုသိက္ခာချစည်းရုံးလှုံဆော်မှုတွေကြောင့် ဆုံးရှုုံးနစ်နာမှုတွေအတွက် နစ်နာကြေး ဒေါ်လာ ၄၇၅သန်းကိုပါ တောင်းဆိုလိုက်ပါတယ်။

အမေရိကန် ဖလော်ရီဒါပြည်နယ်က ဖို့တ် လောဒါဒါလီခရိုင်တရားရုံးမှာ  တရားစွဲဆိုလိုက်တာဖြစ်ပြီး စီအင်န်အင်န်ဟာ သူ့ရဲ့ ဦးဆောင် သတင်းအဖွဲ့အစည်းတစ်ခုရဲ့ သိသာတဲ့ အရှိန်ဩဇာကို အသုံးချပြီး သူ့ကို နိုင်ငံရေးအရ အနိုင်ရဖို့ လုပ်ဆောင်နေတယ်လို့ ထရမ့်က ပြောပါတယ်။

စီအင်န်အင်န်က ဒီကိစ္စနှင့်ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။

စီအင်န်အင်န်ကိုစွဲဆိုတဲ့အမှုမှာ စာမျက်နှာပေါင်း ၂၉ မျက်နှာပါရှိပြီး   စီအင်န်အင်န်ဟာ သူ့ကို တိုက်ခိုက်ဝေဖန်ခဲ့တဲ့ ကာလရှည် မှတ်တမ်းတွေရှိခဲ့တယ်။ အခုနောက်ပိုင်း မကြာသေးခင်လတွေမှာ သူတို့ဟာ တိုက်ခိုက်မှုကို အရှိန်မြှင့်ခဲ့တယ်။  ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၄ မှာ သူ သမ္မတပြန်အရွေးခံမှာကို စီအင်န်အင်န်က ကြောက်ရွံ့လို့ဖြစ်တယ်လို့ ရီပတ်ဘလီကင်ဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကပြောပါတယ်။

“နိုင်ငံရေးမျှခြေရှိတာကို တိမ်းစောင်းသွားစေဖို့ ပူးပေါင်းလုပ်ဆောင်တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် စီအင်န်အင်န်ဟာ မတော်တရော်တွေ အမှားတွေနှင့် အသရေဖျက်မှုတွေဖြစ်စေတဲ့ “ လူမျိုးခွဲခြားရေးဝါဒီ” “ ရုရှား လက်ပါးစေ” “ ဆူပူအုံကြွရေးသမား”နှင့် အဆိုးဆုံးက “ဟစ်တလာ” ဆိုပြီး ဆက်တိုက် တံဆိပ်ကပ်တာတွေ  ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အမှုဖွင့်ရာမှာ ထည့်သွင်းထားပါတယ်။

အခြားသော အဓိက မီဒီယာကုမ္ပဏီကြီးတွေကိုလည်း သူဟာ လာမယ့်အပတ်တွေနှင့်လတွေမှာ ဆက်ပြီးတရားစွဲဆို ဦးမယ်လို့ သမ္မတဟောင်းထရမ့် က သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၁ ဇန်နဝါရီ ၆ ရက်ကိစ္စ ကိုင်တွယ်တဲ့ ကွန်ဂရက် ကော်မတီကိုပင် သူ တရားးစွဲနိုင်တယ်လို့ သူကပြောပါတယ်။

Source Reuters

#Trump

#CNN

#defamation