#World_Health
Published 4 October 2022

 

လူအများစုဟာ အသက် ၅၀ မှစပြီး အမြင်အာရုံပြောင်းလဲလာကြပြီး မှုန်ဝါးခြင်း၊ ဝေဝါးခြင်းများ ဖြစ်လာကြပါပြီ။

 

ဒီပျက်စီးမှုက အသက် ၅၀ မှာတင်ရပ်တန့်သွားတာမဟုတ်ဘဲ အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံယိုယွင်းလာခြင်း(AMD)၊ အတွင်းတိမ်၊ ရေတိမ်များ ဖြစ်စေနိုင်ကာ မျက်စိကွယ်စေနိုင်တဲ့ ရောဂါများ ဖြစ်နိုင်ပါတယ်။

 

အသက် ၅၀ နဲ့အထက်လူကြီးတွေဟာ ၂ နှစ်တစ်ခါ မျက်စိအထူးကုနှင့်ပြသသင့်ပြီး အသက် ၆၅ နှစ်နဲ့အထက် လူကြီးတွေကတော့ တစ်နှစ်တစ်ကြိမ် ပြသသင့်ပါတယ်။

 

ဆေးလိပ်သောက်သူတွေနဲ့ မျိုးရိုးလိုက် မျက်လုံးပြဿနာရှိသူများကဲ့သို့ လူတွေလည်း ငယ်ရွယ်တဲ့အချိန်ကတည်းက စမ်းသပ်သင့်ပါတယ်။

 

စမ်းသပ်သင့်တဲ့အကြောင်းအရင်းတစ်ခုက AMD ကို ရှာဖွေမိရန်ဖြစ်ပြီး အစ္စရေးလ်ရှိ သက်ကြီးရွယ်အိုတွေကြား အဓိကအကြောင်းအရင်းဖြစ်ပါတယ်။

 

အသက် ၇၅ နှစ်အရွယ်လူကြီး ၃ ပုံ ၁ ပုံလောက်မှာ ဒီရောဂါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။

 

ရောဂါအစပိုင်းမှာ မြင်လွှာအလယ်အောက်မှာ အမှုန်ငယ်များ စုပုံလာပါတယ်။

 

ပုံမှန်အခြေအနေမှာ အလွှာက စွန့်ပစ်အမှုန်တွေကို သန့်ရှင်းပေးရမှာဖြစ်ပေမယ့် အသက်အရွယ်ကြီးလာတဲ့အခါ အားနည်းလာပါတယ်။

 

မျိုးရိုးနောက်ခံကလည်း ထည်တွက်ရမယ့်အခြေအနေဖြစ်ပြီး ၂ ဆ မှ ၄ ဆအထိ ဖြစ်နိုင်ချေပိုများပါတယ်။

 

ယနေ့အထိ AMD အတွက် ကုသဆေးမရှိသေးဘဲ အစောပိုင်းအဆင့်မှာ သိရှိခဲ့ရင် အားဆေးများသောက်သုံးပြီး နောက်တစ်ဆင့်ဖြစ်နိုင်ချေနည်းပါးအောင် ကာကွယ်နိုင်ပါတယ်။

 

၅ နှစ်အတွင်း လေ့လာခဲ့ကြရာမှာ AMD အစပိုင်းအဆင့်ဖြစ်ပွားခဲ့သူတွေထဲက ၃၀ ရာခိုင်နှုန်းဟာ နောက်တစ်ဆင့်ပိုဆိုးလာခဲ့ပါတယ်။

 

ဒီရောဂါက လုံးဝအမြင်ကွယ်သွားတာမဟုတ်ပေမယ့် မျက်လုံးအစွန်အဖျားတွေကနေသာ မြင်နိုင်တာကြောင့် အမြင်အာရုံကို သိသိသာသာထိခိုက်စေပါတယ်။

 

အရင်က လေဆာကုသနည်း အသုံးပြုခဲ့ကြပေမယ့် မြင်လွှာဘေးကိုပါ ထိခိုက်စေပါတယ်။

 

လတ်တလောမှာတော့ ဆေးတွေကို မျက်လုံးအိမ်ထဲ ထိုးသွင်းခြင်းဖြင့် ယိုယွင်းလာမှုကို နှောင့်နှေးစေပါတယ်။

 

ဆေးထိုးလိုက်ခြင်းဖြင့် ပုံမှန်မဟုတ်တဲ့ သွေးကြောများ၊ အရည်များဖြစ်မလာစေတော့ဘဲ ယိုယွင်းမှုဖြစ်စဉ်ကို သက်သာစေပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group