#Local_News
Published-29 August 2023

သုံးကြိမ်အထိ မီးနီဖြတ်မောင်းသော YBS ယာဥ်မောင်းများအား ယာဥ်လိုင်း ကုမ္ပဏီမှ YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန်ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း YRTC တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကဆိုသည်။

 

YBS ယာဥ်များလမ်းပေါ်တွင်အ ခေါက်​ရေများများရလိုစိတ်ဖြင့် တစ်စီးနှင့်တစ်စီး ဗိုလ်ကျမောင်းနှင်နေခြင်း၊ လုယက်မောင်းနှင်နေကြသည်ကို တွေ့မြင်နေရ၍ ယာဥ်မောင်းများ၏မဆင်မခြင်မောင်းနှင်မှုများ၊ မီးနီဖြတ်သန်းမောင်းနှင်မှုများကို Traffic Control Center မှ အချိန်နှင့်တပြေးညီစောင့်ကြပ်၍ Video မှတ်တမ်းများဖြင့်တင်ပြလာမှုများရှိကြောင်းလည်း ယင်းကဆိုသည်။

 

သို့ဖြစ်ပါ၍ စည်းကမ်းဖောက်ဖျက်သည့် ယာဥ်မောင်းများမှာ မီးနီဖြတ်မောင်းနှင်သူများဖြစ်ပြီး ယာဥ်စည်းကမ်းတွင် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ကြောင်း၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်အထိ မီးနီဖြတ်မောင်းသည့် ပြစ်မှူးကျူးလွန်ခဲ့ပါက YBS ယာဥ်လိုင်း ကုမ္ပဏီက YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန်ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားကာလုပ်ဆောင်နေကြောင်း​ ဩဂုတ်လ ၂၄ရက်က စည်းကမ်းဖောက် ဖျက်သည့် YBSယာဥ်မောင်း (၁၀၀)ဦးကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ဆောင်ရွက်ရခြင်းသည်ဒဏ်ကြေးလိုချင်၍ လိုက်လံဖမ်းဆီးနေရခြင်းမဟုတ်ကြောင်းနှင့် ယာဉ်မောင်းများ၊ ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် ဖမ်းဆီးအရေးယူ
နေရခြင်းဖြစ်ပါကြောင်းလည်း ယင်းကပြောကြားသည်။

 

YRTC ၏ အဓိက ရည်မှန်းချက် ကြီးဖြစ်သော “Safe Public Transportation to All” “ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်” ဖြစ်ထွန်းလာ​စေရန် YBS စနစ်၏ အဓိကမောင်းနှင်အားဖြစ်သည့်  ယာဉ်မောင်းကြီးများသည် ခရီးသည်များအား လိုရာခရီးသို့ လုံခြုံဘေးကင်းစွာပို့ဆောင်ပေးကြရမည့် တာဝန်ရှိကြောင်း၊ မိမိတို့အနေဖြင့် ယာဉ်မောင်းကောင်းများအဖြစ်သာ မြင်တွေ့လိုပါကြောင်းလည်း ဦးလျန်ကျင့်မန်ကပြောကြားသည်။


#Local_News #သုံးကြိမ်အထိမီးနီဖြတ်မောင်း #YRTC
#Yangon_Times/PP