#Local_News
Published-14 September 2023

မြန်မာနိုင်ငံ၏ သဘာဝရေပြင်မှ ဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းနှင့် မွေးမြူရေးရေထွက် ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပိုရေးဆိုင်ရာ SPS သဘောတူစာချုပ်များကို သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ညီလာခံ၌ ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ စက်တင်ဘာ (၁၄) ရက်နေ့မှ (၁၇) ရက်နေ့အထိ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI)တွင်ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲများကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ညီလာခံနှင့် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #မြန်မာ့ရေထွက်ကုန်ပစ္စည်း #SPS သဘောတူစာချုပ်
#Yangon_Times/PP