#Local_News
Published 30 August 2024


▪️ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ ဘုရားကြီးလမ်းဆုံ၌  UD Quester အမျိုးအစားစက်သုံးဆီတင်ယာဉ်နှင့် Nissan အမျိုးအစား ကုန်တင်ယာဉ်တို့ တိုက်မိတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဩဂုတ်၃၀ရက်နေ့၊ နေ့လယ်၁၂ နာရီခွဲ အချိန်ခန့်က  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးလမ်းဆုံတွင် UD Quester အမျိုးအစားစက်သုံးဆီတင်ယာဉ်နှင့် Nissan အမျိုးအစား ကုန်တင်ယာဉ်တို့ တိုက်မိတိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရသည်။

 

▪️ အဆိုပါ  သတင်းရရှိသဖြင့် ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး ထွက်ခွာဆောင်ရွက်ခဲ့‌ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times