#LocalNews
Published -28 May 2022

 

ဂျပန်ကိုသွားရောက်မည့် မြန်မာနိုင်ငံသားများအနေနဲ့ ဇွန်လ(၁)ရက်ကစပြီး လေဆိပ်ဆိုက်ရောက်ချိန် ကိုဗစ်စစ်ရတဲ့ On arrival test စစ်စရာ မလိုသလို ကွာရန်တင်းဝင်စရာလည်း မလိုတော့ဘူးလို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး(တိုကျို)က ထုတ်ပြန်လိုက်ပါတယ်၊၊

 

ဒီ့အပြင် မြန်မာနိုင်ငံသားတွေအနေနဲ့ ဂျပန်အစိုးရ အသိအမှတ်ပြုထားတဲ့ကာကွယ်ဆေးထိုးလက်မှတ်ကိုလည်း တင်ပြစရာမလိုဘဲ ဂျပန်နိုင်ငံကလက်ခံသွားမှာ ဖြစ်ပါတယ်၊၊

 

အဲဒီလိုမျိုးဖြေလျှော့မှုတွေရှိပေမယ့်လည်း မြန်မာနိုင်ငံက မထွက်ခွာမီကိုဗစ်မရှိကြောင်းစစ်ဆေးမှု Pre departure test တော့ ဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်၊၊

 

ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ပြည်ဝင်ခွင့်တွေ နိုင်ငံ၊ ဒေသအလိုက် သတ်မှတ်ချက်တွေထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံကတော့ ဖြေလျှော့မှုများတဲ့ အပြာအုပ်စုထဲမှာ ပါဝင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group