#Local_News
Published 19 August 2024


▪️ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမ ၌ ယာဉ်မတော်တဆမှုဖြစ်ပွားပြီး ကျားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဩဂုတ် ၁၈ ရက်နေ့၊ ညနေ ၆နာရီ ၅၃မိနစ် အချိန်ခန့်က  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်အုပ်၊ ညောင်ပင်ကန်ကျေးရွာအနီး၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉/၄)နှင့်(၁၉/၅)ကြားတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အဆိုပါ သတင်းရရှိသဖြင့် ညောင်ဦးခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့မှ လူမှုကူညီရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ည ၇နာရီ  ၁၆ မိနစ်အချိန်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား အမှတ်(၅)အရန်မီးသတ်ပိုင် သူနာတင်ယာဉ်ဖြင့် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times