#Local_News
Published_30 September 2022

 

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၏ လွိုင်ကော်ခရီးစဉ်ကို စက်တင်ဘာ(၃၀)ရက်မှ စတင်၍ ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း အဆိုပါ Myanmar National Airlines Loikaw ကအသိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်၊၊

 

စက်တင်ဘာ(၃၀)ရက်နံနက်ပိုင်းက မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၏ လွိုင်ကော်လေဆိပ်သို့ သွားရောက်သည့်ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရပြီးနောက် လွိုင်ကော်ခရီးစဉ်ကို ရက်အကန့်အသတ်မရှိ ရပ်နားခဲ့ခြင်းဖြစ်သည်၊၊

 

ယင်းကဲ့သို့ ရပ်နားခဲ့ရာတွင် လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူထားသူများအနေဖြင့် လက်မှတ်ဝယ်ယူထားသည့် အရောင်းဌာနများ၌ ပြန်အမ်းငွေများကို ပြန်လည်ထုတ်ယူနိုင်သည်ဟု ထုတ်ပြန်ချက်တွင်အသိပေးထားသည်။

 

ရန်ကုန်- နေပြည်တော် - လွိုင်ကော်- ရန်ကုန် ခရီးစဉ်အဖြစ်ပြေးဆွဲသည့် ခရီးစဉ်အမှတ် UB - 149 ၊ မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA)၏ လေယာဉ်အမှတ် XY-AML ၊ လေယာဉ်အမျိုးအစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ၈ နာရီ ၄၅ မိနစ်ခန့်က ဆင်းသက်ရန်ပစ်ခတ်ခံခဲ့ရကြောင်းနှင့်လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ညာဘက် ပါးတွင် ကျည်ထိမှန်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာရရှိခဲ့သည့် ခရီးသည်ကို လွိုင်ကော်ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူစေလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group