#Local_News
ဖနွမ်းပင်၊ စက်တင်ဘာ ၁၁

■ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit)အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ ခမည်းတော်ဘုရင် Preah Borom Ratanak Kaudh ကျောက်တိုင်သို့ရောက်ရှိကာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့သည်။
 
■ အဆိုပါ ခမည်းတော်ဘုရင် Preah Borom Ratanak Kaudh ကျောက်တိုင်သည် ဖနွမ်းပင်မြို့၊ လွတ်လပ်ရေးကျောက်တိုင်၏ အရှေ့ဘက်ပန်းခြံအတွင်း တည်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီးဖြစ်သူ ခမည်းတော်ဘုရင် နိရောဒ္ဓမ် သီဟနု (Norodom Sihanouk)ကို ဂုဏ်ပြု တည်ဆောက်ထားသည့် ထင်ရှားသော အထိမ်းအမှတ်နေရာဖြစ်ပါသည်။
 
■ နှစ်စဉ် ခမည်းတော်ဘုရင်ကြီး ကွယ်လွန်သည့်နေ့နှင့် လွတ်လပ်ရေးနေ့တို့တွင် အဆိုပါကျောက်တိုင်၌ နိုင်ငံတော်အဆင့်အခမ်းအနားများ၊ ဂါရဝပြုပွဲများကိုကျင်းပလေ့ရှိပါသည်။

#YMG #Yangon_Times #Yangon_Media_Group