#Local_News
Published 11 September 2026

‌‎ ■ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က စက်တင်ဘာ ၁၁ ရက်၊ မွန်းလွဲပိုင်းက ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော်မှာ ဂုဏ်ပြုနေ့လယ်စာစားပွဲနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

■ ဂုဏ်ပြုနေ့လယ်စာ စားပွဲတွင် နိုင်ငံတော်သမ္မတဉီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက် လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်တို့က အမှာစကား ပြောကြားခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

■ နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိခဲ့သည်။

#YMG #Yangon_Times #Yangon_Media_Group