#Local_News
Published 10 November 2026
■ နိုင်ငံအတွက် လိုအပ်သည့် အာကာသနည်းပညာများကို သိရှိနားလည်ပြီး အကျိုးရှိစွာ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းမှာကြားခဲ့သည်။
■ ထို့ပြင် အာကာသဆိုင်ရာ အသိပညာများကို မျိုးဆက်သစ်လူငယ်များ သိရှိနားလည်လာစေရန် ခေတ်နှင့်အညီ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ပေးရန်နှင့် အာကာသနည်းပညာအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာစေရေးဆောင်ရွက်ကြရန်လည်းပြောကြားခဲ့သည်။
■ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာ ပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
■ အခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times