#Local_News
Published 21 August 2026

■ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)သည် ထယ်ဟုန် ကုန်သည်ကြီးများအသင်းအပါအဝင်မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာလွှာ (MoU) များ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည် ။

■ အဆိုပါ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) တည်ထောင်သည့် နှစ် (၂၀) ပြည့်မြောက် အမှတ်တရ ဂုဏ်ပြုညစာစားပွဲကို ပြီးခဲ့သည့် ရက်ပိုင်းကကျင်းပရာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာလွှာ (MoU) များ လက်မှတ်ရေးထိုးခဲ့‌ကြောင်းသိရသည် ။

■ အဆိုပါ ကဲ့သို့(MoU) များ လက်မှတ်ရေးထိုးရာတွင် MFVP နှင့် MIFFA (Myanmar International Freight Forwarders’ Association) ၊ MFVP နှင့်ထယ်ဟုန် ကုန်သည်ကြီးများအသင်းတို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်းသိရသည်။

■ ထို့အပြင် MFVP နှင့်MTHRDA (Myanmar Tourism Human Resource Development Association) ၊MFVP နှင့် ချန်ဟော့ ကုမ္ပဏီမြန်မာ့သစ်သီးဝလံ ပေါင်းစည်းကုမ္ပဏီ MFIG နှင့် ချန်ဟော့ကုမ္ပဏီစသဖြင့် အသီးသီးနားလည်မှုစာလွှာ(MoU)လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

#YMG/NN #Yangon_Times