#Local_News
Published 18 August 2025
▪️ ဒီဇင်ဘာလအတွက် ကျင်းပမည့် JLPT စာမေးပွဲအတွက် လျှောက်လွှာ လက်ခံ ကာလကို ထပ်မံ တိုးမြှင့်လိုက်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီမြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ထုတ်ပြန်ကြေညာလိုက်သည်။
▪️ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် သင်တန်းကျောင်း အလိုက်လျှောက်ထားမှုများအား ၅.၈.၂၀၂၅ ရက်နေ့မှ ၁၄.၈.၂၀၂၅ ရက်နေ့အထိ online system မှ လက်ခံခဲ့ပြီးဖြစ်သော်လည်း စာဖြေဌာနများတွင် ခုံနေရာ ထပ်မံတိုးမြင့်နေရာချ ထားနိုင်မည်ဖြစ်သောကြောင့် သင်တန်းကျောင်းအလိုက် လျှောက်ထားမှုများအတွက် လျှောက်ထားခြင်းကာလအား တိုးမြှင့် သက်မှတ်လက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။
▪️ ထပ်မံလျှောက်ထားလိုသော စာဖြေသူများရှိသည့်သင်တန်းကျောင်းများအနေဖြင့် မိမိတို့ ဝယ်ယူလိုသည့် Level အလိုက် အရေအတွက်အား ရေးသားသတ်မှတ်ပြီး 09- 767 557 354 Viber နံပါတ်သို့ ၁၉.၈.၂၀၂၅ ရက်နေ့ ညနေ ၄နာရီ နောက်ဆုံးထား ပေးပို့ပေးရမည်ဖြစ်ကြောင်း၊ တိုးမြှင့်နိုင်သော စာဖြေဌာနနှင့် ထိုင်ခုံအရေအတွက်များအတိုင်းသာ ထပ်မံလက်ခံနိုင်မည် ဖြစ်သောကြောင့် သတ်မှတ်ထားသော level အလိုက် ထိုင်ခုံအရေအတွက် ပြည့်ပါက လျှောက်လွှာလက်ခံခြင်းအား ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times