#Local_News
Published 07 November 2026
■ ၂၀၂၇ ခုနှစ်ဧပြီလ ၌ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှအသိပေးထုတ်ပြန်ထားသည်။
■ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၇ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်မဲဆန္ဒနယ်များအား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် ရက်စွဲပါ ကြေညာချက်အမှတ်(၆၈/၂၀၂၆)ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ပသည်။
■ ယင်းမဲဆန္ဒနယ်မြေ သတ်မှတ်ထုတ်ပြန်ချက်များနှင့် လွှတ်တော်အလိုက်မဲဆန္ဒနယ်များတွင် ကျင်းပမည့် နယ်မြေများစာရင်းအသေးစိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Website ဖြစ်သည့် www.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။
#YMG/NN #Yangon_Times