#Local_News

Published 08 August 2025

▪️ ရှမ်းပြည်နယ်ကွန်ဟိန်းမြို့၌ ယနေ့မနက်ပိုင်းက နမ့်ပန်ချောင်းရေတက်လာပြီးနေအိမ်များသို့ ရေဝင်ရောက်၍ ဘေးလွတ်ရာသို့ရွေ့ပြောင်းခဲ့‌ရကြောင်း သိရသည်။

▪️ ဩဂုတ်၈ ရက်နေ့၊မနက် ၆ နာရီခွဲ အချိန်က ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ပန်ချောင်းရေတက်လာပြီး အမှတ်(၂)ရပ်ကွက်ရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားကြောင်းသိရသည်။

▪️ အဆိုပါ  သတင်းရရှိသဖြင့် ကွန်ဟိန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ ကြောင်း သိရသည်။

#YMG/NN #Yangon_Times