#Local_News
Published 26 January 2026

▪️ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးအတည်ပြုချက်များအရ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိသော အလှကုန်ပစ္စည်းနှစ်မျိုးကို သုံးစွဲရန်မသင့်ကြောင်း အများပြည်သူအားယနေ့ အသိပေးကြေညာထားသည်။

▪️ အဆိုပါ အလှကုန်ပစ္စည်းများတွင် ခွင့်ပြုချက်မရှိသည့် ဓာတုပစ္စည်းများ ပါဝင်နေခြင်း၊ ထုတ်လုပ်မှုနှင့် တင်သွင်းမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့် မကိုက်ညီခြင်းတို့ကြောင့် အသားအရေယားယံခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ အရေပြားရောဂါများ ဖြစ်ပွားစေနိုင်ပြီး ခေါင်းကိုက်ခြင်း၊စိတ်ကျ‌‌ေရာဂါအပါအဝင်‌ ရေရှည်သုံးစွဲပါက ကျောက်ကပ်ရောဂါနှင့်အခြား‌‌ ရောဂါများဖြစ်ပွားနိုင်ကြောင်း သိရသည်။

▪️ ထို့ကြောင့် အများပြည်သူများအနေဖြင့် အဆိုပါ အလှကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ရန်နှင့် မှတ်ပုံတင်နံပါတ်များကို စစ်ဆေးပြီးမှသာ သုံးစွဲကြရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတိုက်တွန်းအသိပေးထားသည်။

#YMG/SW #Yangon_Times