#Local_News
Published 25 August 2025

▪️ ရန်ကုန်မြို့မှ နယ်မြို့များသို့ ပစ္စည်းပို့ဆောင်သည့် ယာဥ်လိုင်းတချို့ လတ်တလော ဝန်ဆောင်မှုရပ်နားထားကြောင်းသိရသည်။

▪️ ကုန်သီးသန့်ပို့ယာဥ်လိုင်းတစ်ခုသို့ ဆက်သွယ်မေးမြန်းရာတွင် “ ကျွန်တော်တို့က ကုန်ပို့သီးသန့်ဆိုတော့လမ်းကြောင်းအဖမ်းအဆီး အခြေအနေအရ ရပ်ထားတာ သုံးရက်ရှိပါပြီ။လတ်တလောတော့ ကုန်ပို့လက်မခံသေးပါဘူး။ လူစီးကားလိုင်းတချို့မှာ တော့ ပို့လို့ရပါတယ်” ဟု ဖြေကြားခဲ့သည်။

▪️ လတ်တလောတွင်အကောက်ခွန်မဲ့ ပစ္စည်းများဖမ်းဆီးစစ်ဆေးနေမှုများရှိ နေခြင်းကြောင့် ကုန်သီးသန့်ပို့ယာဥ်လိုင်းတချို့ရပ်နားထားခြင်းဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လည်ဝန်ဆောင်မှု‌‌ပေးမည်ကို မပြောနိုင်သေးကြောင်း သိရသည်။

▪️ လူစီးယာဥ်လိုင်းများဖြင့် ကုန်စည်ပို့ဆောင်နိုင်သော်လည်း အချို့သော လူစီးယာဥ်လိုင်းများအနေဖြင့်လည်း ပိုင်ရှင်မပါဘဲ ကုန်သီးသန့်ပို့ လက်ခံခြင်းမရှိကြောင်းသိရသည်။

#YMG/SW #Yangon_Times