#Local_News
Published 18 December 2025

▪️ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ logo ကို အသုံးပြု၍ တရားမဝင်ကြေညာမှုပြုလုပ်သူများအားဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက နိုင်ငံပိုင်သတင်းစာများတွင်အသိပေးကြေညာထားသည်။

▪️ အဆိုပါ ကြေညာချက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းကြီးအား (၂၀၁၇) ခုနှစ်မှစ၍ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်မှတ်ပုံတင်သွင်းဖွဲ့စည်းတည်ထောင်ပြီး နိုင်ငံတော်၏မူဝါနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများကို စီမံခန့်ခွဲလျက်ရှိရာယခုအခါ လူတစ်စုက အသင်းကြီးနှင့်ပတ်သက်၍ မမှန်မကန်စွပ်စွဲ ဝေဖန်ပြောဆိုခြင်း၊ တရားမဝင် မဟုတ်မမှန်သောအကြောင်းအချက်များ ပေါင်းစပ်လုပ်ကြံဖြန့်ချိခြင်း၊ တာဝန်အရအသင်းကြီးအား ဦးဆောင် ဦးရွက်ပြုဆောင်ရွက်ပေးနေသော ပုဂ္ဂိုလ်များအား အများပြည်သူအထင်အမြင်လွဲမှားစေသည့် ဂုဏ်သိက္ခာ ထိခိုက်စေသည့် သတင်းများကို ပြောဆိုဖြန့်ဝေခြင်း၊ သတင်းတု သတင်းမှားများကို (YGEA) အမည်ခံ၍ ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံဖြန့်ချိနေခြင်းများပြုလုပ်နေကြောင်း ဖော်ပြထားသည်။

▪️ ထို့အပြင် အသင်း၏ Logo ကိုလည်း ဆင်တူရိုးမှားအသုံးချကာ တရားမဝင်ကြေညာမှုများတွင် ပြုလုပ်ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် အထက်ပါတရားမဲ့ပြုကျင့်မှုများအား လုံးဝမလုပ်ဆောင်ကြပါရန်နှင့် ဆက်လက်ကျူးလွန် ဖောက်ဖျက်ပါက မလွဲမရှောင်သာဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

#YMG/SW #Yangon_Times