#Local_News
Published 11 February 2026

▪️ ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နံနက်အစောပိုင်းကဆိပ်ဖြူမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။

▪️ အဆိုပါ ထုတ်ပြန်ချက်အရယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နံနက် ၁ နာရီ ၃၄ မိနစ် ၄၆ စက္ကန့်အချိန်က ဆိပ်ဖြူမြို့၏ အနောက်မြောက်ဘက် (၂၂) မိုင်ခန့်အကွာ၊ အနက် (၃၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၃ ဒသမ ၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် လှုပ်ခတ်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times