#Local_News

Published 04 August 2025

▪️ ဇူလိုင်လ (၃၀ )ရက်က စတင်ကာထုတ်ပေးနေသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအမှတ်စာရင်းထုတ်‌ပေးမှုကို ယနေ့မှ စတင်ကာ ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

▪️ အဆိုပါ အမှတ်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက အမှတ်စာရင်းထုတ်ပေးသည့် စနစ်ချို့ယွင်းမှုကြောင့် ဇူလိုင်လ (၃၀)ရက် မွန်းလွဲ ၂နာရီမတိုင်မီ ထုတ်ယူခဲ့သည့်အမှတ်စာရင်းများကို ပြန်လည်ထုတ်ယူရန် အသိပေး ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ အမှတ်စာရင်းထုတ်ပေးမှုကို ယာယီရပ်ဆိုင်းခဲ့ ခြင်းဖြစ်သည်။

▪️ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ‌အောင်စာရင်းကို ဇူလိုင်လ (၂၇)ရက်က ထုတ်ပြန်‌ပေးခဲ့ပြီး အောင်စာရင်း/ကျစာရင်းအမှတ်စာရင်းများကို ဇူလိုင်လ (၃၀)ရက်မှစတင်ကာ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times