#Local_News
Published 13 December 2025
▪️ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ၆ ဘီးတွဲယာဉ်ပေါ်တွင် တင်ဆောင်လာသော ကတ္ထူဖာများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဒီဇင်ဘာ ၁၃ ရက်နေ့၊ မနက်၁၁နာရီ ၁၀မိနစ် အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၈၁/၂)တွင် Fuso အမျိုးအစား (အစိမ်းရောင်) ၆ ဘီးတွဲယာဉ်ပေါ်တွင် တင်ဆောင်လာသော ကတ္ထူဖာများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ၂၀ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times