#Local_News
Published 20 August 2026
■ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ဘန့်ဘွေးဘိနယ်စခန်းရှိ လိပ်ကယ်ဆယ်ရေးစခန်း(ဘန့်ဘွေး)တွင် တရားမဝင်ကုန်သွယ်မှုပြုလုပ်ရာမှ ဖမ်းဆီးရမိသည့် လိပ်မျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး လက်ရှိတွင် လိပ်ကောင်ရေ ၆၃၂ ကောင်ကို ထိန်းသိမ်းထားရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
■ အဆိုပါ လိပ်ကယ်ဆယ်ရေးစခန်း(ဘန့်ဘွေး)၌ လိပ်များအား မျိုးစိတ်အလိုက် ထိန်းသိမ်းစောင့်ရှောက် မွေးမြူထားမှုကို သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဩဂုတ် ၁၈ ရက်နေ့ နံနက်ပိုင်းကသွားရောက်ကြည့်ရှုစစ်ဆေးသည်။
■ ထို့ပြင် မေမြို့ထင်းကြိုးဝိုင်းတွင် မြို့အထူးစိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်တွင် သစ်တောစိုက်ခင်း ဧက ၂၇၀ တည်ထောင်ထားရှိမှုနှင့် သစ်ပင်စိုက်ပျိုးထားသည့်အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
■ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၌ ဝန်ကြီးဌာနအောက်မှ ဝန်ထမ်းများကို သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး မြန်မာနိုင်ငံသစ်တောကျောင်းဝင်းအတွင်း စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်နှင့် စုဝေးခန်းမတည်ဆောက်မည့်နေရာနှင့် မြန်မာနိုင်ငံ မြေတိုင်းသင်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times